ချင်းပြည်နယ်တီးတိန်မြို့လွယ်ဘွားရပ်ကွက်အတွင်းမှာမေလ(၁၉) ရက်နေ့ညနေ(၅)နာရီ(၂၀)မိနစ်အချိန်ကပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက်အသက်(၁၀)နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိကာသေဆုံးခဲ့ရပါတယ်။
မိဘအပေါ်သိတတ်လွန်းတဲ့(၁၀)နှစ်သားလေးလျန်မွမ်ဆန်(Lian Muan Sang)သေဆုံးသွားရတဲ့အတွက်ပြည်သူတွေကလည်း ဝမ်းနည်းကြေကွဲစွာခံစားရနေကြရတာဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသားချောဘုန်းဆက်သွင်ကတော့အရွယ်မတိုင်ခင် အကြွေစောသွားရတဲ့ကလေးငယ်လေးအတွက်ယူကြုံးမရဖြစ်နေရပြီး ဘာမှမလုပ်ပေးနိုင်ခဲ့တဲ့အတွက်လည်းတောင်းပန်စကားလေးဆိုလာပါတယ်။
မိဘရင်ခွင်ထဲမှာနေရမယ့်လူလားမမြောက်သေးတဲ့အဖူးအငုံအရွယ်မှာလေးတင်အသက်ပေးသွားရတဲ့ကလေးငယ်လေးအတွက်ဝဠ်ကြွေးတွေရှိရင်ကျေစေဖို့ကိုလည်းဆုတောင်းပေးထားပါသေးတယ်။


ကလေးငယ်လေးတွေပါဗျာလူလားမမြောက်သေးတဲ့အဖူးအငုံလေးတွေမိဘရင်ခွင်ထဲမှာနေရမဲ့အရွယ်လေးတွေပါ။
ကလေးရေဝဠ်ကြွေးရှိရင်ဒီဘဝနဲ့ပဲကျေပါစေနောက်ဘဝဆိုတာများရှိခဲ့ရင်ဒီနိုင်ငံထက်အစစအရာပိုကောင်းတဲ့နိုင်ငံပိုကောင်းတဲ့ဘဝပိုကောင်းတဲ့မိဘတွေစီရောက်ပါစေ။
တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ဘဝတွေလေသူများနိုင်ငံ အခြား တိုင်း,ပြည်နယ်တွေထက်ပိုဆင်းရဲတဲ့ကျွန်တော်တို့ချင်းပြည်နယ်တခြားကလေးတွေကျူရှင်တွေနေရာမျိုးစုံတက်နေချိန်ဒီကလေးလမ်းပေါ်ကချိုရည်ဗူးခွံတွေသုံးမရတော့တဲ့သံချောင်းတွေလိုက်ကောက်ပြီး။
ရောင်းရတဲ့ပိုက်ဆံလေး(၅၀၀၀တောင်ကျော်မှာမဟုတ်)နဲ့သူကြည့်ချင်တဲ့စီဒီခွေလေးဝယ်ပြီးနှစ်ရက်နေမှတစ်ခါလာတဲ့လျှပ်စစ်မီးလေးကိုမျှော်နေရရှာတာလေဒီလောက်ရိုးရှင်းတဲ့သူလေးကိုမှနော်၁၀နှစ်အရွယ်နဲ့မလိုက်အောင်သူ့အမေရဲ့အိမ်မှုကိစ္စတိုင်းကိုလိုက်ကူတတ်တာ။
ထမင်းချက်အဝတ်လျှော်တာကအစအားကိုးလို့ရတဲ့သားလေးသူ့မိဘတွေသူ့ကိုဘယ်လောက်တောင်မျှော်လင့်လိုက်မလဲတခြားကလေးတွေလိုပြည့်ပြည့်စုံစုံနေရတာလည်းမဟုတ်ဘူးရိုးရိုးသားသားနဲ့ရုန်းကန်နေရရှာတာတောင်းပန်ပါတယ်ကလေးရေ။
ဘာမှမလုပ်ပေးနိုင်လို့May your soul rest in peace ဆိုပြီးရေးသားပြောပြထားတာပါ။
ပြည်သူပရိသတ်တွေကလည်းအသက်ပေးသွားရတဲ့ကလေးငယ်လေးအတွက်ယူကြုံးမရစွာနဲ့ဝမ်းနည်းကြေကွဲစွာခံစားနေရတာတွေ အသီးသီးမှတ်ချက်ပေးရေးသားထားကြတာလည်းတွေ့ရပါတယ်။

