News

ဖုန်းလိုင်းများ ကြားဖြတ်နားထောင်ရန် အာဏာသိမ်းစစ်တပ်ကကြိုတင်ကြံစည်ခဲ့ကြောင်း အထောက်ထားဖြင့် ပေါက်ကြား

တပ်ကတယ်လီဖုန်းလိုင်းတွေကိုကြားဖြတ်နားထောင်နိုင်တဲ့စပိုင် နည်းပညာပစ္စည်းတွေတပ်ဆင်ကြဖို့ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ၁ရက်နေ့စ်အာဏာမသိမ်းခင်လပေါင်းများစွာကတည်းကတယ်လီကွန်းကုမ္ပဏီတွေကိုအမိန့်ပေးထားတယ်လို့ရိုက်တာသတင်းမှာဖေါ်ပြပါတယ်။

စစ်တပ်ဟာအဲဒီနည်းပညာကို အသုံးပြုပြီး ပြည်သူလူထုရဲ့ ဖုန်းခေါ်ဆိုမှုတွေ(SMS)စာတိုပေးပို့မှုတွေ၊အီးမေးလ်စာပို့တာတွေကို ဖုန်းအော်ပရေတာနဲ့အင်တာနက်ကုမ္ပဏီရဲ့အကူအညီနဲ့ ခွင့်ပြုချက်မလိုအပ်ပဲကြားဖြတ်နားထောင်ဖတ်ရှုနိုင်မယ့်အပြင်ဘယ်နေရာရောက်နေတယ်ဆိုတာကိုပါ စောင့်ကြည့်ထောက်လှမ်းနိုင်လာမှာဖြစ်ပါတယ်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကစစ်တပ်အရာရှိဟောင်းတွေနဲ့အတူစစ်တပ်ထိန်ချုပ်ထားတဲ့ပြည်ထဲရေးဌာနကအရာရှိတွေအဲဒီအမိန့်ကိုအသိပေးခဲ့တယ်လို့ ဆက်သွယ်ရေးကုမ္ပဏီအဆင့်မြင့်အရာရှိတယောက်ကရိုက်တာကို ပြောပြထားပါတယ်။အန်အယ်လ်ဒီအစိုးရလက်ထက်၂၀၁၉–၂၀၂၁ဘတ်ဂျက်ထဲမှာအများပြည်သူကိုချပြမထားပေမယ့် ဒေါ်လာ၄သန်းဖိုးရှိတဲ့ထောက်လှမ်းခြေရာခံနိုင်တဲ့အင်တာဆက်ပ် interceptစပိုင်နည်းပညာပစ္စည်းတွေဝယ်ယူဖို့ပါဝင်တဲ့အကြောင်းJustice for Myanmarအဖွဲ့ကရရှိတဲ့ အထောက်အထားတွေအရသိရပါတယ်။အဲဒီခြေရာခံကြားဖြတ်စပိုင်နည်းပညာ။ပစ္စည်းတွေကိုတယ်လီဖုန်းနဲ့အင်တာနက်ကုမ္ပဏီတွေအားလုံးမှာတော့မတပ်ဆင်ရသေးဘူးလို့ သိရပေမယ့်ဘယ်လောက်ထိကျယ်ကျယ်ပြန့်ပြန့်တပ်ဆင်အသုံးပြုနေနိုင်ပြီလဲဆိုတာကိုတော့စုံစမ်းအတည်ပြုနိုင်ခြင်းမရှိဘူးလို့ရိုက်တာသတင်းမှာရေးသား ဖော်ပြထားပါတယ်။