ကျန်းမာရေး နိုင္ငံတကာသတင္း

တရုတ်နိုင်ငံရှိ အေးခဲထားသော ပင်လယ်စာများပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိ

တရုတ်နိုင်ငံရှိ အေးခဲထားသော ပင်လယ်စာများပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိ

(12.8.2020)

တရုတ်နိုင်ငံ Liaoning ပြည်နယ် Dalian မြို့က ရောက်ရှိလာတဲ့ အေးခဲထားတဲ့ ပြည်ပသွင်းကုန် ပင်လယ်စာတွေရဲ့ ပါကင်ပေါ်မှာ Coronavirus ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သြဂုတ်လ ၁၁ ရက်မှာ ဒေသခံအာဏာပိုင်တွေက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Shandong ပြည်နယ် Yantai မြို့မှာ ကုမ္ပဏီသုံးခုက ဝယ်ယူခဲ့တဲ့ ပင်လယ်စာတွေရဲ့ အပြင်ဘက်ပါကင်မှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။

Yantai မြို့ခံ အာဏာပိုင်တွေက Dalian မြို့က ရောက်ရှိလာတဲ့ ပင်လယ်စာတွေလို့သာပြောပြီး ဘယ်ပြည်ပနိုင်ငံက တင်သွင်းထားတာလဲဆိုတာတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း Dalian မြို့ အကောက်ခွန်အရာရှိတွေက အီကွေဒေါက တင်သွင်းလာတဲ့ အေးခဲထားတဲ့ ပုစွန်ဆိတ်ပါကင်တွေမှာ ရောဂါပိုး တွေ့ရှိတာကြောင့် အီကွေဒေါ ပုစွန်ဆိတ်ထုတ်လုပ်သူသုံးဦးဆီက သွင်းကုန်တွေကို တားမြစ်ခဲ့ပါတယ်။

Yantai ကုမ္ပဏီသုံးခုက ဝယ်ယူခဲ့တဲ့ ပင်လယ်စာတချို့ဟာ ပို့ကုန်အဖြစ် လုပ်ဆောင်ပြီးသားဖြစ်နေပေမယ့် အအေးခန်းထဲက ကျန်တဲ့ ပင်လယ်စာတွေ ကတော့ ဈေးကွက်ထဲ မရောက်သေးဘူးလို့ Yantai မြို့အာဏာပိုင်တွေက ဆိုပါတယ်။

ပို့ကုန်အဖြစ် လုပ်ဆောင်ပြီးသား ပင်လယ်စာတွေကို တင်ပို့လိုက်ပြီလား ဆိုတာကိုတော့ တာဝန်ရှိသူတွေက ဖြေကြားခဲ့ခြင်း မရှိပါဘူး။ရောဂါပိုး တွေ့ရှိခဲ့တဲ့ အေးခဲထားတဲ့ ပင်လယ်စာတွေကို ကိုင်တွယ်ခဲ့သူတိုင်း ရောဂါပိုးစစ်ဆေးမှု ခံယူခဲ့ရပြီး Negative သာထွက်ခဲ့ပေမယ့် သီးသန့်ခွဲခြား စောင့်ကြည့်ထားတယ် လို့ သိရပါတယ်။

Ref: Straits Times

Credit – Pyi Myanmar.