ပြည်တွင်းသတင်း

ကိုယ်တိုင်မခံစားရလို့ သွေးအေးသွားကြသူတွေနဲ့ပတ်သက်ပြီး ထိထိမိမိ ဖွင့်ဟပြောပြလာတဲ့ နန်းစန္ဒာလှထွန်း

ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးထားပြီးပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့သရုပ်ဆောင်မင်းသမီးချော နန်းစန္ဒာလှထွန်းကတော့တော်လှန်ရေးတိုက်ပွဲကြီးမှာလည်းပြည်သူတွေနဲ့အတူ ပါဝင်နေသူပဲဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းကတော့ဖေဖော်ဝါရီလအစပိုင်းကတ အရေးတော်ပုံအောင်မြင်ဖို့အတွက်လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာတစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်နေသူလည်း ဖြစ်ပါတယ်။

ကျဆုံးသွားကြတဲ့သူရဲကောင်းပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီတတ်တဲ့နန်းစန္ဒာလှထွန်းကလတ်တလောအခြေအနေတွေမှာသွေးအေးသွားကြသူတွေနဲ့ ပတ်သက်ပြီးပြောပြလာပါတယ်။

တခြို့မိသားစုတှအေတှကျပွနျမရနိုငျတော့တဲ့ဆုံးရှုံးမှုတှမြေားစှာရှိပမေယ့ျကိုယျတိုငျမခံစားရလို့သှေးအေးသှားကွတဲ့လူတခြို့နဲ့ပတျသကျပွီးထိထိမိမိဖှင့ျဟပွောပွလာတာဖွဈပါတယ်။

မင်းကတော်သေးတယ်တော်သေးတာပေါ့မျက်လုံးကိုကျည်ထိသွားတဲ့ကလေး‌လေးဟာမင်းသမီးလေးမဟုတ်လို့ တော်သေးတာပေါ့

တော်သေးတာပေါ့သေဆုံးသွားတဲ့အယောက်(၇၀၀)ကျော်ထဲအဖမ်းခံနေရတဲ့လူထောင်ကျော်ထဲမင်းမိသားစုမပါတာတော်သေးတာပေါ့လုပ်ငန်းတွေရပ်ဆိုင်းသွားလို့အလုပ်မရှိတဲ့ကြားထဲ ခုန်တက်သွားတဲ့ကုန်ဈေးနှုန်းနဲ့ ညှိပြီးထိန်းစားနေရတဲ့ညနေစာထမင်းဝိုင်းထဲမင်းမိသားစုမပါတာတော်သေးတာပေါ့

ယုံကြည်မှုတွေရပ်တန့်လို့စုထားတဲ့ချွေးနည်းစာအတွက်ကိုယ့်ငွေကို ငွေနဲ့ပြန်ဝယ်ရတဲ့ထဲမင်းမပါတာတော်သေးတာပေါ့လက်နက်ကြီးကျမှစိုးလို့ ရွာလုံးကျွတ်ထွက်ပြေးရတဲ့ထဲမင်းတို့ မပါတာတော်သေးတာပေါ့။

ဒီရက်အတွင်းမှာထိခိုက်သွားတဲ့ဘဝတွေထဲမင်းမပါဘဲရယ်ကျဲကျဲနေနိုင်သေးတတော်သေးတာပေါ့မင်းနေရာနေရိပ်သေးတာဝမ်းသာပါတယ်။

ဒါပေမယ့်အပြင်မှာရောရင်မှာရော နေပူရှိန်ပြင်းတယ်သူငယ်ချင်းမင်းအိမ်ကမဟုတ်လို့ မင်းမကြားသေးတာပါငိုသံတွေကလမ်းမမှာဆိုပြီးပြောပြထားတာပါ။

နန်းစန္ဒာလှထွန်းရဲ့အဲ့ဒီပို့စ်အောက်မှာတော့ပရိသတ်တွေလည်း သူမရဲ့ခိုင်မာပြတ်သားတဲ့စိတ်ထားတွေကိုချီးကျူးကာအားပေးစကားတွေလည်းပြောထားကြတာတွေ့ရပါတယ်

Credit…