ပြည်တွင်းသတင်း

ရွှေပြည်သာမြို့နယ်အတွင်းက အိမ်ထောင်စု (၂၀၀) စာအတွက် အခြေခံ စားသောက်ကုန်များ သွားရောက် လှူဒါန်းခဲ့တဲ့ ရန်အောင်

ပြည်သူချစ်အနုပညာရှင်ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ရန်အောင်ကတော့အနုပညာနယ်ပယ်မှာအချိန်အတော်ကြာအောင်မြင်စွာရပ်တည်နေတဲ့မင်းသားကြီးတစ်ယောက်ပဲဖြစ်ပါတယ်။

ယနေ့အချိန်ထိလည်းအနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေပြီးမွေးမိခင်ကိုလည်းလုပ်ကျွေးပြုစုနေတဲ့သားလိမ္မာလေး ဖြစ်တာကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးသဘောကျမှုကို အခိုင်အမာရရှိထားတာဆိုလည်းမမှားပါဘူးနော်။

ရန်အောင်ဟာဗီဒီယိုဇာတ်ကားတွေအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါအကောင်းဆုံးသရုပ်ဆောင်ရိုက်ကူးနိုင်တာကြောင့်အကယ်ဒမီထူးချွန်ဆုတွေကိုပါသိမ်းပိုက်ရရှိထားတာပဲဖြစ်ပါတယ်။

လူတိုင်းအပေါ်လည်းဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့အပြင် အလှူအတန်းတွေဆိုရင်လည်းရှေ့ဆုံးကနေပါဝင်လှူဒါန်းတတ်သူတစ်ယောက်လည်းဖြစ်တာကြောင့်ပရိသတ်တွေကလေးစားချစ်ခင်နေရတာပါ။

အခုလည်းချစ်ခင်ရတဲ့မိတ်ဆွေတွေနဲ့စုပေါင်းကာမွန်မြတ်တဲ့အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်းကအိမ်ထောင်စု(၂၀၀)စာအတွက်အခြေခံစာသောက်ကုန်များကိုကိုယ်တိုင်သွားရောက်ကာလှူဒါန်းပေးခဲ့ပါတယ်။ခုလိုကာလမှာလှူဒါန်းရလို့ပီတိဖြစ်မိတယ်လို့လည်းဖော်ပြထားပါသေးတယ်။

ပရိသတ်ကြီးအတွက်ရန်အောင်ရဲ့စုပေါင်းအလှူပုံရိပ်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။

Credit… M. M. H