အေထြေထြဗဟုသုတ

အပူချိန် အရမ်းမြင့်တက်နေပါသောကြောင့် ပြည်သူအများ ပြုလုပ်ရမည့် အချက်များ

အပူချိန် အရမ်းမြင့်တက်နေပါသောကြောင့် ပြည်သူအများ ပြုလုပ်ရမည့် အချက်များ

ဒီနေ့ အပူချိန် ဟာ ၄၃ ´C အထိ တက် လာပါပြီ၊အပူချိန်အရမ်းမြင့်တ က်နေပါေ သာကြောင့် ပြည်သူအများပြုလုပ်ရမည့် အချက်များ ကိုဖော်ပြပေးလိုက်ပါတယ်။

အ ပူချိန်အရမ်းမြင့်တက်နေပါတယ်။ ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိရောက်နိုင်ပါတယ်။ အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင် ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။ အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။ အပူချိန် ၁´C တက်လာတိုင်း ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။ ု့သတိထားကြပါ။

   

မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။ အခု အပူချိန် ၂´C တက်လာမှုကြောင့်၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။ စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။ ဒီအခြေအနေဟာ တော်သေးတယ်လို့ ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။ ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။

အအေးစာတွေက အပူစုပ်နိုင်ပေမယ့် အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။ အရေးကြီးတာကနေပူထဲမှာနံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။ ဗမာချည်သား အဝတ်ထူထူတွေက အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ အပူက ပြန်ရောက်လာစဉ် အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊ရေချိုးခြင်းတို့ ရှောင်ပါ။ ဆားနှင့် ရေသောက်ခြင်းကိုလည်း မပြုလုပ်ကြပါနဲ့။

   

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။ အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။ အပူမှ ပြန်ရောက်ချိန် အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ ရောက်ရှိပြီး …. ရုတ်တရက် သွေးပေါင်တက်ကာ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အဲကွန်းခန်းထဲ ကြာရှည်နေရသူများ အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး မူးဝေတတ်ပါတယ်။ ရေများများ သောက်ပါ။

   

အငန်/အချိုလျော့စားကြပါ။ ချွေးထွက်လွန်သူမှ လွဲ၍ ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။ ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။ ဟင်းကျန်များ နွေးရာတွင် ရေဖြည့်ထည့်၍ နွေးပါ။ လက်သုပ်များ လျော့စားပါ။

မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ…..။via wai wai Hlaing