ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတ်သက်ပြီး ရေဆွမ်းဆရာတော် ဦးသီဟ မိန့်ကြား

အရင်က ဒေါ်အောင်ဆန်းစုကြည် ကို
အနှစ် ၂၀ လောက် ပိတ်လှောင်ထားခဲ့ကြတယ်။

ဒီတော့ ပညာဥာဏ် အခံရှိသူရဲ့ သဘာဝအရ ဒီအတိုင်း မနေဘူး။

တန်ဖိုးရှိတဲ့ အချိန်တွေကို ဒူးထောက်ပြီး အရှုံး မပေးဘူး။

သမထ ဝိပဿနာ တရားတွေကို လေ့လာတယ်။ အားထုတ်တယ်။

ပုထုဇဉ် သဘာဝအရ နိုင်ငံရေးကို တွေးတာ လုပ်တာက တစ်ပိုင်းပေါ့။

အဲဒီလို ပိတ်လှောင်ထားတဲ့ အချိန်တွေ အတွင်းမှာ
သူ့ကို စကားပါ ပြောခွင့်မပေးဘူး။

သူ့ကို သွားပြောတဲ့သူ အဖမ်းခံရမယ်။
သူက လာပြောလို့ လက်ခံပြောရင် အဖမ်းခံရမယ်။

ဆိုတော့ ဘယ်သူမှ စကားလာ မပြောရဲတော့ဘူး။
အဲဒီလို ပြောခွင့်မပေးတော့

ဝစီပိတ် အကျင့်ပါ တွဲပြီး ကျင့်ပြီးသား ဖြစ်သွားတယ်။

အဲဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ
၈ ပါးသီလယူပြီး

တရားအားထုတ်နေခဲ့တဲ့ ရက်တွေလည်းရှိမယ်။

ဒီလိုနဲ့ ဖြတ်သန်းလာခဲ့တဲ့ ကာလ နည်းနည်းနောနော မဟုတ် ဒီတော့လည်း

အကျင့်နဲ့ သီလ တွဲရင် သမာဓိ အားကောင်းးလာမှာ သေချာတယ်။

အတိုင်းအတာ တစ်ခုအထိ ခရီးရောက်လာမယ်။
သမထ ဝိပဿနာ တရားအားထုတ်မှုက

သူ့အတွက် ဝသီဖေါ် ဖြစ်လာမယ် ဝသီဖေါ် နိုင်လာမယ်။

အချိန်ကို အတိအကျ လေးစားလိုက်နာသူ ဖြစ်လို့
အားထုတ်ချိန်က စပြီး လေးစားလိုက်နာမှာ သေချာတယ်။

ဒီအနေအထားအတိုင်း အကျင့် သီလ သမာဓိပိုင်းမှာ ခိုင်မာလာခြင်းရဲ့ အကျိုးဆက်တွေကတော့

သူမအပေါ် အမျိုးမျိုးသော လုပ်ကြံခံရမှုတွေ
အသက်ဘေးနဲ့ ရင်ဆိုင်ရမှုတွေ

အမျိုးမျိုးသော ဗေဒင် ယတြာ အစီအရင်တွေကို
ကျော်ဖြတ်ခဲ့ပြီး ဒီလို ဒီလိုနဲ့

အကျယ်ချုပ်ဘဝ အကျဉ်းစံဘဝက လွတ်တာနဲ့ မကြာခင်မှာပဲ့ လက်နက်ဆိုလို့

အပ်တိုတစ်ချောင်းတောင် မကိုင်ခဲ့တဲ့
ဒေါ်အောင်ဆန်းစုကြည် ဟာ

မြန်မာပြည်ရဲ့ ခေါင်းဆောင် တစ်ယောက် ကမ္ဘာကျော် အမျိုးသမီးကြီး တစ်ယောက်

ကမ္ဘာ့နိုင်ငံကြီးတွေက ခေါင်းဆောင်တွေက လေးစားရတဲ့ အမျိုးသမီးကြီး တစ်ယောက် ဖြစ်လာခဲ့တယ်။

ဒါတွေက တရား အားထုတ်ခဲ့သူ တစ်ယောက်ကို
တရားက ပြန်လည် စောင့်ရှောက်မှုပေးနေခြင်း

ဆိုတာ လက်တွေ့ပြနေသလို သူမအပေါ်
မကောင်းကြံစည်ခဲ့ကြ သူတိုင်း

ဇာတ်သိမ်းမလှခဲ့ကြတာကလည်း လက်တွေ့မြင်နေကြရတာပါပဲ။

ဆိုလိုချင်တာက တရားအသိရှိပြီး တရားအားထုတ်နေတဲ့ သူတစ်ယောက်ဟာ

ဘေးအန္တရာယ် ကြီးကြီးမားမားတွေနဲ့ ရင်ဆိုင်တွေ့ခဲ့ရင်တောင်မှ တရားက ပြန်လည်ပြီး

အမြဲ စောင့်ရှောက်မှု ပေးနေမှု အရ နတ်ကောင်း နတ်မြတ်တွေရဲ့ စောင့်ရှောက်မှု အရ

အန္တရာယ် အပေါင်းက လွတ်မြောက်သွားရမှာ
ဖြစ်ပါတယ်။

ဒါတွေကို သဘောမပေါက်နိုင်ကြသူ အပေါင်းကတော့ သူမအပေါ်ဒီနေ့ဒီအချိန်အထိ

အမျိုးမျိုး ကြံစည်လုပ်ကြံ နေကြဆဲပါ။ သမထ ဝိပဿနာ ဘာဝနာတရားရယ် ပြီးတော့

သီလနဲ့ သိက်ခါကို လုံခြုံအောင် ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ သူတစ်ယောက်ကို မလိုသူတွေက

လွယ်လင့်တကူနဲ့ မကောင်းကြံစည်လို့ မရအောင်
တရားက ပြန်လည်

စောင့်ရှောက်မှု ပေးနေတယ် ဆိုတာ
လက်တွေ့ သာဓကတွေ များစွာရှိပါတယ်။

Credit