ပြည်တွင်းသတင်း

ခက်ခဲနေတဲ့ယခုလိုအချိန်မှာ အိမ်ထောင်စုများစွာအတွက် အားတက်သရော လှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ

အကယ်ဒမီရွှေကြိုမယ်လေးအဖြစ် အနုပည ာလမ်းကြောင်းထက်မှာလူသိများအောင်မြ

သရုပ်ဆောင် ဆောင်းယွန်းစံပဲ ဖြစ်ပါတယ် ဆောင်းယွန်းက MTV တွေမှာ ပါဝင်သရုပ် ဆောင်ခဲ့ပြီး

ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်ခံ ရိုက်ကူးနေတာဖြစ်လို့

ပရိသတ်အားပေးမှုလည်း တစ်ခဲနက်ရရှိထားတာပါနော်။

ဆောင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အ ခြေအနေတွေမှာတတ်နိုင်တဲ့ ဘက်ကနေ ပြည်သူတွေအတွက်

အလှူလေးတွေမကြာ ခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့အတူ

ရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။

အခုလည်းအားလုံးခက်ခဲနေတဲ့ကာလမှာ အဆင်မပြေ ဖြစ်နေတဲ့ ပြည်သူတွေအတွက်

မိတ်ဆွေတွေနဲ့ စုပေါင်းပြီး အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

မှော်ဘီချောင်းဘေးနား ၄ ရပ်ကွက် ၅၈၁ ကွင်းမှာ နေထိုင်ကြတဲ့ အိမ်ထောင်စု (၁၀၀)အတွက်

အခြေခံစားသောက်ကုန်များကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။

အလှူပုံလေးတွေနဲ့ အတူ ယနေ့အလှူ ၂၂-၅-၂၀၂၁ မှော်ဘီချောင်းဘေးနား

၄ ရပ်ကွက် ၅၈၁ ကွင်းမှာ နေထိုင်ကြတဲ့ အိမ်ထောင်စု ။

၁၀၀အတွက် ဆန် ဆီ ဆား ကုလားပဲ ကြက်ဥ၊ငါးခြောက် အာလူး ကြက်သွန်နီ

ငံပြာရည်၊Maggi စွယ်စုံသုံး ဟင်းခတ်မှုန့်နှင့်ဆပ်ပြာများကို။

လှူဒါန်းခဲ့ကြပါတယ် ခက်ခဲနေတဲ့ ယခုလိုအချိန်မှာ အားတက်သရော လှူဒါန်းပေးကြတဲ့

ကာလဒါနအလှူရှင်များကိုလည်း ကျေးဇူးအထူးကျေးဇူးတင်ရပါတယ်ရှင် ။

တခြားစေတနာရှင်များအနေဖြင့် သွား ရောက်လှူဒါန်းလိုပါက ဦးတင်ထွဋ် ရပ်မိရပ်ဖ

09 960671092  သို့ဆက်သွယ်၍ တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်ရှင်

ဒီကာလကြီးမှာ အားလုံးခက်ခဲနေတဲ့ကြားက။

ဆောင်းအနေနဲ့ အမြဲပါဝင်နိုင်အောင် ကြိုးစားသွားပါမယ်  ဆိုပြီးရေးသားဖော်ပြထားရာ

ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ဝေမျှပေးလိုက်ပါတယ်။

Yuan Cele Zone Photo  Saung Yoon San