ကျန်းမာရေး

မျက်ရိုးကိုက်၊ ခေါင်းကိုက်၊ ဇက်ကြောတက်လျှင်

ခေါင်းကိိုက်၊ ဇက်ကြောတက်၊ မျက်ရိုးကိိုက်လာပါက လျှင်မြန်စွာပျောက်သည့်နည်း

ခေါင်းကိုက်။ နထင်ကိုက်။ ဇက်ကြောတက် မျက်ရိုးကိိုက်။အလုပ်တစ်ဘက်နှင့်ဆေးခန်းသွားဖို့အချိန်မပေးနိုင်လျှင် ချင်းတက်ကိုပါးပါးလှီးပြီးနထင်နှစ်ဘက်တွင်ကပ်ပေးပါ ။

ဇက်။ ဂုတြ်ကျီးပေါင်းရှိသူများ။ ကျီးပေါင်းရင့်၍ မူးသူ။ ဇက် ကိုခဲဆွဲကုသနေရသူများသည် ဇက်ရင်းကျီးပေါင်းဖုပေါ်တွင် ချင်းကိုပါးပါးလှီးပြီး ၄-၅ နေရာကပ်နိုင်ပါသည် ။

ချင်းတွင်အပူဓာတ်ရှိိသည်။ အရောင်ကျစေသောသတ္တိလည်းရှိသည်။ ပိုးကိုသေစေနိုင်သောသတ္တိလည်းထိုက်သင့်သလောက်ရှိပါသည်။

ချင်းသည်အပူဖြစ်သဖြင့်် ကပ်ပြီး မိနစ်အနည်းငယ်အတွင်း အာနိသင်ပြပါသည်။ တစ်နာရီခန့်ကပ်ထားပါ။

အများဆုံး အလွွန်ဆုံး ၂နာရီထကာပို၍မကပ်သင့်ပါ။ တန်ဆေးလွန် ဘေးဖြစ်ပါသည်။ နေ့စဉ် ၁နာရီခန့်ကပ်ပေးနိုင်ပါသည် ။

ကြည်လွင်မြင့််