ပြည်တွင်းသတင်း

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူတွေဆီ စားသောက်ကုန်နဲ့အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူတွေဆီ စားသောက်ကုန်နဲ့အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း

အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို ပရဟိတအလုပ်တွေမှာလည်းအင်တိုက်အားတိုက်ပြုလုပ်နေသူတွေထဲမှာအဆိုတော်ထူးအယ်လင်းကလည်းအပါအဝင်ပါပဲ..။

ထူးအယ်လင်းကတော့လက်ရှိအခြေအနေတွေကြောင့်စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက်လည်းလိုအပ်တာတွေတတ်နိုင်သလောက်လှူဒါန်းနေတာလည်းဖြစ်ပါတယ်။

ထူးအယ်လင်းကတော့ဝေးလံခေါင်သီပြီး အခြေအနေတွေဆိုးရွားနေတဲ့ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်းစားသောက်ကုန်နဲ့အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့ပြန်ပါတယ်။

 

စားသောက်ကုန်နဲ့ဆေးဝါးတွေအပြင်အခြားလိုအပ်တာတွေကို လှူဒါန်းခဲ့တာဖြစ်ပြီးဝေးလံခေါင်သီတဲ့နေရာတွေအထိသွားရောက်ကာကူညီထောက်ပံ့ပေးခဲ့တဲ့အကြောင်းတွေကိုလည်း ထူးအယ်လင်းကဝေမျှပြောပြထားတာဖြစ်ပါတယ်..။

“၂၇.၅.၂၀၂၁ကချင်ပြည်နယ်ကိုတက်ပါမယ် … မျှင်ငပိ အချိန် ၁၀၀ ၊ငမှီးတန်သွယ်အချိုခြောက်အချိန် ၁၀၀ ၊အသင့်စားပုဇွန်ငံပြာရည်ချက်လူအယေ ာက်၃၀၀၀စာမကပဲ ၊ငါးသေတ္တာဗူးတွေကျန်းမာရေးအတွက်ဆေးဝါးတွေ ၊အမျိုးသမီးသုံးအီဗာတွေ၊မိုးကာအင်္ကျီအစရှိတဲ့ပစ္စည်းတွေသွားရောက်ကူညီထောက်ပံ့ပါမယ်ဗျ 🙏ကျေးဇူးပါဗျာအန်တီနှင့်ကျွန်တော့်ညီကိုများ🙏🙏🙏..” ဆိုပြီး အလှူကိုဝေမျှပြောပြထားတာဖြစ်ပါတယ်..။

ဝေလံခေါင်သီတဲ့အရပ်ဒေသတွေအထိကိုယ်တိုင်သွားရောက်ပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက်လှူဒါန်းမှုတွေပြုလုပ်နေတာမို့ အားလုံးကချီးကျူးအားပေးထားကြတာတွေ့ရပါတယ်..။

 

crd#original writer