ပရိတ်သတ်တွေကြား အားပေးမှုအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးချော ဝတ်မှုန်ရွှေရည် ကတော့
ကိုဗစ်ကာလမှာအနုပညာအလုပ်တွေကိုရပ်နားကာမိသားစုနဲ့
အတူအိမ်မှာဘဲပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိပါတယ်။
သို့ပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့လိုင်းပေါ်ကတပတ်လောက်
ပျောက်သွားတာတော့ပရိတ်သတ်ကြီးလည်းသတိထားမိမယ်ထင်ပါတယ်။
အဲဒါကတော့ဝတ်မှုန်ရွှေရည်ရဲ့ဖခင်ကျန်းမာရေးမကောင်းလို့
တပတ်လောက်ပါရမီဆေးရုံမှာဆေးကုသမှုခံယူနေရတာကြောင့်ဖြစ်ပါတယ်။
ဖခင်ဖြစ်သူကိုအနီးကပ်စောင့်ကြည့်ရင်းစိတ်ပူခဲ့ရတာတွေကို
သူမရဲ့ဖေ့ဘုတ်စာမျက်နှာမှာliveလွှင့်ပြီးပရိတ်သတ်တွေကိုပြောပြခဲ့ပါတယ်။
တကယ်တော့ဝတ်မှုန်ရွှေရည်ရဲ့ဖခင်ကဝမ်းလျောလို့ဆေးရုံတင်ခဲ့ရတာဘဲဖြစ်ပါတယ်။
ဝတ်မှုန်ရွှေရည်ကတော့ အခုလိုကိုဗစ်ကာလမှာကိုယ်ဖြစ်မှာကိုမကြောက်ဘူး ကိုယ့်ရဲ့မိဘတွေ
ကိုယ်ရဲ့မိသားစု ဝင်တွေဖြစ်မှာကို ဘဲအရမ်းကြောက်တယ်လို့ သူမရဲ့ဖေ့ဘုတ်မှာliveလွှင့်ပြီးပြောပြခဲ့ပါတယ်။
အခုချိန်မှာတော့ကစ်ရဲ့ဖခင်ကပြန် လည်ကျန်းမာလာပြီဘဲဖြစ်ပါတယ်။
ကစ်ကိုစိတ်ပူပေးကြတဲ့ပရိတ်သတ်တွေကိုကျေးဇူးလည်းတင်တယ်
ချစ်လည်းချစ်ပါတယ်လို့သူမရဲ့liveကတဆင့်ပြောခဲ့ပါတယ်
Crd