ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး အေးဝတ်ရည်သောင်းကတော့ မြန်မာနိုင်ငံတွင်
လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့
အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဒီကာလအတွင်း စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများသာမက စစ်ဘေးရှောင်ပြည်သူတွေအတွက်
လည်း တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးခဲ့သူလည်း ဖြစ်ပါတယ်။
အခုလိုမျိုး အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မအေးသောင်းကိုတော့
ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို ထားကြတာ ဖြစ်ပါတယ်။
ဒီနေ့ကတော့ မအေးသောင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။
မွေးနေ့မှာတောင် မိသားစုနဲ့အတူ ရှိမနေရဘဲ ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေကြရတဲ့
သူမကို ပရိသတ်တွေက စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။
မအေးသောင်းကို ချစ်ခင်ကြတဲ့ မိတ်အပေါင်းအသင်းများလည်း သူတို့ရဲ့ လူမှုကွန်ယက်များတွင် မွေးနေ့
ဆုတောင်းများ ရေးသားထားကြတာ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်က နှင်းဝတ်ရည်သောင်းရဲ့Facebook အကောင့်တွင်
မအေးသောင်းရဲ့လတ်တလော အခြေအနေတွေကို ကြားသိရသလောက် ပြောပြလာတာဖြစ်ပါတယ်။
မအေးသောင်းတစ်ယောက် သူမရဲ့ မွေးနေ့ရက်မြတ်တွင် တတ်နိုင်သလောက် အလှူလေးတွေ
ပြုလုပ်ခဲ့ကြောင်းကိုလည်း အေးဝတ်ရည်သောင်းက အခုလို ရေးသားပြောပြထားတာ ဖြစ်ပါတယ်။
crd