ပြည်တွင်းသတင်း

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပထမအကြိမ်ရုံးထုတ်စစ်ဆေး

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မေလ ၂၇ ရက်နေ့က ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့ဧပြီ ၁၅ ရက်နေ့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဆိုင်ကယ်စီးလာစဉ် အကြမ်းဖက်စစ်အုပ်က အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

မုံရွာပင်မသပိတ်အဖွဲ့ဝင်တစ်ဦးက “ဒီကနေ့မှာ ဝေမိုးနိုင်ကို ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

သူ့ကို ဖမ်းဆီးရိုက်ခံထားတဲ့ ဒဏ်ရာများ သက်သာတာတွေ့ရတယ်။ ရုံးထုတ်လို့အပြီးမှာ အရေးတော်ပုံအောင်ရမည်ဟု လက်သုံးချောင်းထောင်ပြသွားခဲ့တယ်။

အခုချိန်ထိ မိသားစုနဲ့တွေ့ခွင့်မရသးဘူး။ ဒီနေ့ရုံးထုတ်ချိန်လည်း သူမိသားစုက အပြင်ကနေပဲ တွေ့ လိုက်ရတယ်။

နောက်ရုံးချိန်းကတော့ ဘယ်နေ့ဆိုတာမသိရသေးဘူး။ အခုရုံးထုတ်စစ်ဆေးတာက ၅၀၅(က)အမှုကိုပဲ စစ်ဆေးခဲ့တယ်” လို့ ပြောပါတယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မများစွာနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

unicode

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မေလ ၂၇ ရက်နေ့က ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့ဧပြီ ၁၅ ရက်နေ့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဆိုင်ကယ်စီးလာစဉ် အကြမ်းဖက်စစ်အုပ်က အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

မုံရွာပင်မသပိတ်အဖွဲ့ဝင်တစ်ဦးက “ဒီကနေ့မှာ ဝေမိုးနိုင်ကို ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

သူ့ကို ဖမ်းဆီးရိုက်ခံထားတဲ့ ဒဏ်ရာများ သက်သာတာတွေ့ရတယ်။ ရုံးထုတ်လို့အပြီးမှာ အရေးတော်ပုံအောင်ရမည်ဟု လက်သုံးချောင်းထောင်ပြသွားခဲ့တယ်။

အခုခြိနျထိ မိသားစုနဲ့တှေ့ခှင့ျမရသးဘူး။ ဒီနေ့ရုံးထုတျခြိနျလညျး သူမိသားစုက အပွငျကနပေဲ တှေ့ လိုကျရတယျ။