ပြည်တွင်းသတင်း

တောင်တန်းပေါ်က သွေးချင်းတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးကာ ကူညီဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းများ

ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ စတင်ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကဆိုရင် လက်ရှိအချိန်မှာတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး အားကောင်းစွာနဲ့ ရှေ့ဆက် ချီတက်နေကြဆဲ ဖြစ်ပါတယ်။

အခုဆိုရင် တိုက်ပွဲတွေကလည်း ပြင်းထန်လာကြကာ စစ်ဘေးရှောင်ပြည်သူတွေကလည်း တောထဲတောင်ထဲကို ပြောင်းရွှေ့နေထိုင်ကြရတာ ဖြစ်ပါတယ်။

ပြည်သူတွေ အားလုံးက အခက်အခဲတွေ မျိုးစုံ ကြုံတွေ့နေရပေမယ့်လည်း စည်းလုံးညီညွှတ်စွာ ရင်ဆိုင်ကျော်ဖြတ်နေတာ ပဲဖြစ်ပါတယ်။

Photo Credit- Zay Yar Tun FB Account
Photo Credit- Zay Yar Tun FB Account

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာဆိုရင် ပြည်သူတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို လိုအပ်နေကြတာ ဖြစ်ပါတယ်။

ရာသီဉတုအခြေအနေနဲ့ လတ်တလောအနေအထားတွေကြောင့် ဆေးကုသမှုခံယူရန် အလွန်ခက်ခဲနေကာ အစားအသောက် နဲ့ ဆေးဝါးတွေ ရှားပါးနေတာ ပဲဖြစ်ပါတယ်။ဒါ့ကြောင့် လူငယ်တစ်ချို့ စေတနာ့ဝန်ထမ်းများက သွားရောက် ကူညီဖေးမ ဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။

Photo Credit- Zay Yar Tun FB Account
Photo Credit- Zay Yar Tun FB Account

တောင်တန်းပေါ်က သွေးချင်းတွေဟာ ကျန်းမာ ရေးစောင့်ရှောက်မှု လိုအပ်နေတာကြောင့် မိတ်ဆွေများနဲ့အတူ ကျွန်တော်တို့ရဲ့ စေတနာ့ဝန်ထမ်းများဟာ တစ်ဖက်တစ်လမ်းမှနေပြီး သွေးချင်းတို့မြေမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးကာ ကူညီဆောင်ရွက်လျှက်ရှိပါတယ်လို့ ပြောကြားထားတာ ပဲဖြစ်ပါတယ်။

မျိုးဆက်သစ်လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။

Photo Credit- Zay Yar Tun FB Account