မြန်မာ့အာဏာသိမ်းမှုဖြေရှင်းရာတွင်UNရဲ့ကိုင်တွယ်မှုအကြပ်ရို က်နေသည့်အချက်ကြောင့်ကမ္ဘာ့နိုင်ငံတချို့ကလည်းမြန်မာနည်းတူအာဏာသိမ်းနေ
ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်အာဏာသိမ်းမှုဖြေရှင်းရာတွင် UN ရဲ့ကိုင်တွယ်မှုအကြပ်ရိုက်နေသည့်အချက်ကြောင့်ကမ္ဘာ့နိုင်ငံတချို့ကလည်းမြန်မာနည်းတူအာဏာသိမ်းနေ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကဖေဖော်ဝါရီ၁ရက်နေ့မှာ..
လူထုရွေးချယ်တင်မြောက်ထားတဲ့သမ္မတနဲ့နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကိုဖမ်းဆီးပြီစစ်တပ်က အာဏာသိမ်းကြောင်းမြန်မာကိုရောကမ္ဘာကိုပါကြေညာခဲ့ပါတယ်။
အာဏာမသိမ်းခင်ရက်ပိုင်းအလိုမှာကုလသမဂ္ဂမှာဗီတိုအာဏာရရှိထားတဲ့…တရုတ်နိုင်ငံကနိုင်ငံခြားရေးဝန်ကြီးဝမ်းယိကမြန်မာ နိုင်ငံကိုပထမဆုံးအကြိမ်လာရောက်ပြီး
အာဏာသိမ်းစစ်တပ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့သလို ရုရှားကာကွယ်ရေးဝန်ကြီးနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးပြီးနောက်ရက်ပိုင်းအတွင်းမှာပဲမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကအရပ်သားအစိုးရကိုဖြုတ်ချကာ အခြေခံဥပဒေကိုဆန့်ကျင်ပြီးနိုင်ငံအာဏာကိုမတရားနည်းလမ်းနဲ့ရယူခဲ့ပါတယ်။
စစ်တပ်အာဏာတည်မြဲရေးအတွက်ဆန္ဒပြပြည်သူ၉၀၀နီးပါးကိုစစ်တပ်ကသတ်ဖြတ်နေဆဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်မြန်မာအရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂ လုံခြုံရေးကောင်စီက၃ကြိမ်ထက်မနည်းခေါ်ယူခဲ့ပေမယ့်တရုတ် နဲ့ ရုရှာရဲ့ကန့်ကွက်မှုကြောင့်
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆောင်ရွက်ချက်တွေကထိရောက်မှုမရှိခဲ့ပါဘူး။
ဒီအခြေအနေတွေကိုကမ္ဘာ့အကြီးဆုံးကုလသမဂ္ဂအဖွဲ့အစည်းကတာဆီးနိုင်စွမ်းလည်းမရှိသလိုအိမ်နီချင်းနိုင်ငံတွေကလည်း တားဆီးနိုင်စွမ်းမရှိခဲ့တာကြောင့်မြန်မာအာဏာသိမ်းမှုကိုစောင့်ကြည်နေတဲ့
ကမ္ဘာ့နိုင်ငံတစ်ချို့မှာလည်းမြန်မာနည်းတူအာဏာသိမ်းမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မာလီနိုင်ငံဟာအရပ်သားအစိုးရအုပ်ချုပ်တဲ့နိုင်ငံဖြစ်ပြီးပြီးခဲ့တဲ့တနင်္လာနေ့မှာ
၉လတာအုပ်ချုပ်ခွင့်ရခဲ့တဲ့ကြားဖြတ်အစိုးရအဖွဲ့သမ္မတ၊
ဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးတွေကိုဖမ်းဆီးလိုက်ပြီးမာလီစစ်တပ်ကအာဏာကိုသိမ်းယူလိုက်တာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာလည်းကုလသမဂ္ဂ(UN)ကအရေးပေါ်အစည်းအဝေးခေါ်ယူပြီး
မာလီသမ္မတBah Ndawကိုချက်ချင်းလွှတ်ပေးရန်ကုလသမဂ္ဂကတောင်းဆိုလိုက်တယ်လို့BBC World Newsဖော်ပြချက်အရသိရပါတယ်။
မာလီစစ်တပ်အနေနဲ့မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုမှာ ကုလသမဂ္ဂ(UN)ရဲ႕လုပ်ဆောင်နိုင်တဲ့အတိုင်းအတာကိုကောင်းစွာသိရှိနားလည်သဘောပေါက်ခဲ့တာကြောင့်တုန်လှုပ်မှုရှိမယ့် ဟန်မပေါ်ဘူးလို့သုံသပ်ရနိုင်ပါတယ်။..
ဒါကြောင့်လက်ရှိမှာမြန်မာအရေးနဲ့မာလီအရေးကိုကုလသမဂ္ဂ (UN)အနေနဲ့ဘာတွေဆက်လက်ဆောင်ရွက်သွားမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။..
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd-Original Post