တိုက်ပွဲတွေပြင်းထန်နေတဲ့ကရင်နီပြည်နယ်မှာစစ်ဘေးရှောင်ကာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေလည်းတစ်နေ့တစ်ခြားများပြားလာနေတာတွေ့ရပါတယ်။သက်ကြီးရွယ်အိုတွေနဲ့ကလေးသူငယ်တွေပါတိမ်းရှောင်နေရတာဖြစ်တဲ့အတွက်ဘေးလွတ်ရာမပြေးနိုင်ပဲပိတ်မိနေတဲ့ပြည်သူတွေလည်းရှိနေတာဖြစ်ပါတယ်။
ယနေ့မေလ(၂၇)ရက်နေ့မှာတော့ပိတ်မိနေတဲ့ပြည်သူတွေကိုသွားရောက်ကယ်ထုတ်ရင်းသူရဲကောင်းတစ်ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။

သေဆုံးသွားခဲ့တဲ့သူရဲကောင်းကအောလိုစိန်ဆိုသူဖြစ်ပြီး၀မ်းနည်းဖွယ်ကောင်းတဲ့အမှတ်တရအဖြစ်အပျက်လေးကို သူငယ်ချင်းဖြစ်သူကရင့်နင့်စွာနဲ့ရေးသားလာခဲ့ပါတယ်။ “အောလိုစိန်ရေ…
သပိတ်စစ်ကြောင်းတွေထွက်တုန်းကဆိုမနက်ဆိုအရန်သင့် ကားမှာဗောက်စင်တယ်လည်ပင်းမှာကော်မတီကဒ်ဆွဲတယ်လက်အိပ် ဒူးကာဂတ်စ်မတ်အပြည့်နဲ့သူအမြဲအရန်သင့်ဖြစ်လို့သတိထားမိတယ်ပထမဆုံးသပိတ်ဖြိုခွင်းခံရတဲ့နေ့က မျက်ရည်ယိုဗုံးထိတော့ကိုကာကိုလာကိုမျက်နှာတင်မဟုတ်ပဲခေါင်းကနေလောင်းချလို့သူမွန်းပြီးအသက်ရှုကြပ်တယ် ငါ့ဆံပင်တွေ ပျက်ကုန်ပြီခေါင်းလျှော်ရတော့မယ်တဲ့သူ့ဆံပင်အစိမ်းေရာင်ကိုတသသနဲ့ အောလိုစိန်တစ်ရက် နာနတ်တောစစ်ကြောင်းမှာ စစ်ကြောင်းတူတူဦးဆောင်တော့ကိုယ်ကိုင်တဲ့အိုင်ကွန်ထဲ စစ်တပ်တွေကားကိုးစီးနဲ့ လွိုင်ကော်တက္ကသိုလ်ဘက်ကတက်လာပြီလို့ အသံဝင်လာတယ်…….။

အဲ့တော့ကျမကလည်းစစ်ကြောင်းကိုနောက်ဆုတ်ဖို့ဒိုင်းတွေရှေ့တက်ဖို့လမ်းညွန်ပေးတယ်တပြိုင်ထဲအရှေ့တက်ပြီးစစ်ကားကိုသွားကြည့် “စစ်ကားကိုးစီးလာတယ်သတင်းရတယ်ကြားလား ကြားလား”တစ်ဘက်ကလည်း ” ကြားတယ်ကြားတယ်တက်လာပြီပြောတယ်” နောက် ကျမကလည်း “တွေ့လာ ကားဘယ်နားရောက်ပြီလည်း” တစ်က်ကလည်း “မတွေ့ဘူး ဘယ်နားရောက်ပြီးလည်း”အပြန်လှန်ပြောကြရင်းအသံအရမ်းနီးနီးကြားရလို့ လှည့်ကြည့်မှသူနဲ့ကိုယ်က ကြောချင်းကပ်ရပ်ပြီးအိုင်ကွန်တစ်ယောက်တစ်လုံးနဲ့စကားပြောနေတာအဲ့တော့မှကျမက “အော်နင်လား”သူကလည်း“နင်လားအာလာလာ” တဲ့အဲ့နေရာမှာတင်ရီလိုက်ရတာခုထိသူနဲ့တွေ့တိုင်းတခြားသူငယ်ချင်းနဲ့တွေ့တိုင်း ပြောပြောပြီးရီရတာအမော.. .
ခုတော့သူရဲကောင်းလေးအသက်ပေးသွားရရှာပြီပေါ့ငါနောက်ခါဒီအကြောင်းကိုပြောရင်မရီရတော့ဘူးထင်တယ်နော်အေးချမ်းစွာအနားယူပါတော့သူရဲကောင်းရေနင်တာဝန်ကျေလွန်းပါတယ်ဟာ….ငါကတော့တာဝန်မကျေသေးပါဘူး 😭ငါတို့အမြဲအမှတ်ရဂုဏ်ယူနေမှာပါဟာ…..
အောလိုစိန်ကဒီနေ့ပိတ်မိနေတဲ့ပြည်သူတွေကိုကယ်ထုတ်ဖို့သွားရင်း စစ်ကောင်စီနဲ့ထိပ်တိုက်တွေ့ပြီး ငွေတောင်ဆည်တံတားဖြူနားမှာခေါင်းတစ်ချက်ပုခုံးတစ်ချက်ခြေထောက်တစ်ချက်ကျည်ထိပြီးအသက်ပေးသွားရတဲ့ကျမတို့ ကရင်နီရဲ့အာဇာနည်ကြီးပါ….” ဆိုပြီးရေးသားထားခဲ့ပါတယ်။တာ၀န်ကျေလွန်းလှတဲ့ ကရင်နီရဲ့သူရဲကောင်းကြီးအကြောင်းကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
