ပြည်တွင်းသတင်း

B.Ed တက်ပြီး ကျောင်းဆရာမ ဖြစ်ချင်တဲ့ (၄) ဘာသာ ဂုဏ်ထူးရှင်မလေးကို ပညာသင်စရိထောက်ပံ့မည်

B.Ed တက်ပြီး ကျောင်းဆရာမ ဖြစ်ချင်တဲ့ (၄) ဘာသာ ဂုဏ်ထူးရှင်မလေးကို Bella မှ ပညာသင်စရိထောက်ပံ့မည်

တက် ကသိုလ်ဝင်ခွင့်၊ ပညာသင်နှစ် ၂၀၁၉- ၂၀၂၀ မှာ ၄ ဘာသာ ဂုဏ်ထူးနှင့် ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ရွှေပြည်သာ မြို့နယ်၊ ဝါးတစ်ရာကျေးရွာက ညီ၎င်းလေး မိုးမိုးကို bella မှ ပညာသင်ဆုအား ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

‌မိသားစု စားဝတ်နေရေး အခြေအနေ အတွက် နေ့ဘက်မှာ အလုပ်လုပ် ညဘက် မှာ ဖ‌ ယောင်းတိုင်းထွန်းပြီး ကျောင်းစာကို လေ့လာ ခဲ့တဲ့ ညီမလေး မိုးမိုးက ငယ်စဉ်တည်းက ဖခင် ဆုံးပါးသွားခဲ့ပြီး မိခင် ဖြစ်သူနဲ့အတူ နေထိုင်ပြီး မွေးချင်း ၈ယောက်ထဲမှာ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်သူလေး လည်းဖြစ်ပါတယ်။

တက္ကသိုလ် တက်ဖို့အတွက် အခက်အခဲ ဖြစ်နေတဲ့ ညီမလေးကို bella တို့က ကူညီခွင့်ရတဲ့အတွက်လည်း ဝမ်းသာကြည်နူးရပါတယ်ညီမလေး မိုးမိုးလည်း ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝခရီးလမ်းမှာလည်း အခက်အခဲ အတားအဆီးမရှိဘဲရည်မှန်းချက် ပန်းတိုင်ဆီသို့အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်ရှင့်….

Source: Bella