ေဗဒင္ယၾတာ

13.8.2020 မှ 19.8.2020 အထိ ၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်

13.8.2020 မှ 19.8.2020 အထိ ၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

တနင်္ဂနွေ

ယခုကာလအတွင်း လူယုံထား၍မရပါ။ မလိုလားအပ်သော ပြဿနာများသည် သူတစ်ပါးအပေါ် အခြေခံပြီး ဖြစ်တတ်သည်။ စိတ်လိုက်မာန်ပါ လုပ်ခြင်း မပြုသင့်ပါ။ စုပေါင်းလုပ်ခြင်းကောင်းသည်။ သူတစ်ပါးနှင့် ညှိနှိုင်းတိုင်ပင် ပြီးလုပ်လေ အကျိုးကောင်းပေးလေ ဖြစ်သည်။

ရစရာရှိသည်များ ပြန်လည်တောင်းခံရရှိရန် အခါကောင်းကျရော သည်။ ပေါ်လာသော အခွင့်အရေးတိုင်းကို လက်လွှတ်မခံပါနှင့်။ စနစ်တကျ သုံးသပ်ပြီးမှ ဆောင်ရွက်ပါက ထူးခြား စွာအောင်မြင်မည်။

တစ်ပါးသူနှင့် တွဲလုပ်ခြင်းထက် တစ်ကိုယ်တော်လုပ်ပါက အထူးကောင်းသောကာလဖြစ်ပါ သည်။ အိမ်တွင်းရေး၊ လူမှုရေးများတွင် အညံ့ရှိတတ်ပါသည်။ ဆွေမျိုးအနည်းငယ် ဒုက္ခပေးတတ်သည်။

သူစိမ်း အကျိုးပေးမည်။ အပြိုင်အဆိုင်၊ အတိုက်အခံများကြားမှ တိုးတတ်သော အနေအထားကောင်းများစွာ ရရှိမည်။ မသွားဖူး၊ မရောက်ဖူးသော အရပ်ဝေးဒေသများသို့ သွားရောက်ရတတ်ပါတယ်။

အိုးအိမ်၊ နေရာထိုင်ခင်း၊အမွေ ကိစ္စများ ပြောဆိုဆောင်ရွက် အောင်မြင်ခြင်းများ မိသားစုတွင် ကြုံမည်။ အချစ်ရေးမှာတော့ အဆိုးဆုံးအခြေအနေ တွေကို ရင်ဆိုင်ရတတ်ပါတယ်။ ချစ်သူရဲ့မမျှော်လင့်တဲ့ စိမ်းကားမှုတွေကိုရရှိတတ်ပါတယ်။ ပညာရေးအတွက် ရတက်မအေးဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၅ အထူးဟော ကံညံ့တာလေးတွေ ရောထွေးနေချိန်ဖြစ်ပါတယ်။ ယတြာ စမူဆာ သုံးခု ဘုရားကပ်လှူပေးပါ။

တနင်္လာ

ဒီကာလအတွင်းစေတနာ၊ ဝေဒနာ ဖြစ်တတ်သည်။ အတူနေသူများနှင့် စိတ်ဝမ်းကွဲရမည်။ လူမျိုးခြား၊ လူမျိုး ကွဲအကျိုး ပေးမည်။ သူတစ်ပါးပေးသောကတိစကားကို ယုံစားမိ၍ စိတ်သောက ဖြစ်ရ တတ်သည်။ ပိုင်ပိုင်နိုင်နိုင် တွက်ဆထားသည်များ အံချော်သွားတတ်ပါသည်။

ပစ္စည်းဝယ်ယူခြင်း၊လှောင်ခြင်းများတွင် ဈေးတတ် မိတတ်သည်။ အဘက်ဘက်မှ ပြောင်းလဲတိုးတတ်သော အနေအထားရှိမည်။ စိတ်ကူးထားသည်များ လက်တွေ့လုပ်ဆောင်ရန် အခါကောင်း ကျရောက်သည်။ ငွေလက်လွန်နိုင်သည်။ အခြေအနေ သစ်၊ တိုးတတ်မှုသစ်များ ပေါ်ထွန်းနေမည်။

အခြေအနေနှင့် အချိန်အခါသည် အလုပ်တစ်ခုခု၊ အကြံအစည်တစ်ခုခု လုပ်ရန်အတွက် သင့်တော်သည်။ အခက်အခဲ မည်မျှရှိစေ၊ အဆုံးပိုင်းတွင် အဆင်ပြေ အောင်မြင်သွားမည်။ ရပ်တန့်ထားသောကိစ္စများ ပြန်စတင်ပါ။

ပြတ်နေသော အဆက်အသွယ်များနှင့် ပြန်လည်ချိတ်ဆက်မိသော အနေအထားရှိပါသည်။ ခရီးနှင့်အပြောင်းအလဲ ကောင်းများကြုံ မည်။ ငွေကြေးကိစ္စတွေမှာ လက်လွတ်စပယ်ငွေမချေးလိုက်ပါနဲ့။

လောင်းကစားလုပ်မိရင် အဆုံးအရှုံးများနိုင်တဲ့ကာ လဖြစ်ပါတယ်။အချစ်ရေးကိစ္စတွေမှာ အရေးကြုံလာရင် နှလုံးသားခံစားချက်ထက် ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ကို အတည်ယူသင့်တဲ့အချိန်ပါပဲ။ ပညာရှာနေသူများ ဆရာကောင်းနဲ့ ကြုံဆုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၆/၈/၉ အထူးဟော အကောင်းအဆိုးမျှနေတတ်ပါတယ်။ ယတြာ သရက်ယို ဘုရားကပ်လှူပေးပါ။

အင်္ဂါ

ဒီကာလအတွင်းအလုပ်ပင်ပန်းနေမည်။ မိုးလင်းမိုးချုပ် အလုပ်အပေါ် အချိန်ပေးနေရမည်။ ဆန့်ကျင်သူများ ပေါများမည်။ စကားများ အမှားမှား အယွင်းယွင်း ဖြစ်တတ်ပါသည်။ ခေါင်းမာ ဇွတ်တရွတ် လုပ်တတ်၍ အမှားများ ပါတတ်သည်။

အခါတိုင်းထက် ငွေများ ပိုမိုဝင်၍ ငွေကြေးများများမြင်က အခါတိုင်းထက်ပိုပြီး သုံးစွဲလိုစိတ်များ နေမည်။ ရောက်ရှိနေသော အနေအထားကို မပျော်ပိုက်ပဲ ရှေ့တိုးလိုစိတ်များ အလွန်အမင်း ပြင်းထန်နေတတ်သည်။ ကိုယ့်ကိုကိုယ် အားမလို၊ အားမရဖြစ်နေလိမ့်မည်။

အစစအရာရာ အဆင်ပြေ အောင်မြင်ခြင်း လမ်းမပေါ်သို့ ခြေချနိုင် ပါတော့မည်။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရမည်။ ငွေကြေးနှင့်ပတ်သက်သောစကားများ ပြောရတတ် သည်။ မပြော မဖြစ် ပြောရမည့်သူများသည်လည်း ဆွေရင်း၊ မျိုးရင်း၊ မကင်းရာ၊ မကင်းကြောင်း ဖြစ်နေမည်။

လက်လွှဲ၊ လက်ပြောင်း လုပ်၍ကောင်းပါသည်။ ခရီးသွားရန် ကြံရွယ်ပါက ရွှေ့ဆိုင်းလိုက်ပါ။ မတတ်သာ၍ သွားပါက လည်း အချိန်ကို ရွှေ့ပြောင်းပြီးမှ သွားပါ။ မိမိသွားမည့်ခရီးစဉ်ကို သူတစ်ပါးအား မပြောဘဲ သွားပါ။

အချစ်ရေး အိမ်ထောင်ရေးကိစ္စများ အညံ့အဆိုးများနေတယ်ဆိုတာကို မေ့မထားသင့်ပါဘူး။မိတ်ဆွေကောင်းတွေဆီက အကူ အညီကောင်းတွေရလာတတ်ပါတယ်။ပညာရေး အကောင်းများနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၅/၀ အထူးဟော အလုပ်တိုးတတ်မည်။ ငွေကုန်ကြေးကျများမည်။ ယတြာ ဒံပေါက်တစ်ပွဲ ဘုရားကပ်လှူပေးပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းသူတစ်ပါးအပေါ် လွှမ်းမိုးနိုင်သော အနေအထားရှိမည်။ ပြဿနာအခက်အခဲများ ဖြေရှင်း ကျော်လွှားနိုင်မည့် အနေအထားရှိသည်။ စာရင်း၊ဇယားအရှုပ်အထွေးများစွာ ဖြေရှင်းရမည်။ သစ်လွင်သောဝန်းကျင် နှင့် ဆက်ဆံရမည်။

မိတ်ကောင်း၊ ဆွေကောင်း အထောက်အကူရမည်။ အလှူအတန်းများ ပါဝင်ပတ်သက်ရမည်။ အလုပ်မှန်သမျှ အကြွေးထား၊ အချိန်ဆွဲကာ ရေသာခို အချောင်လိုက် နေသောသူများနှင့် တွဲဖက်လုပ်ကိုင်နေရမည်။ မရည် ရွယ် ထားသော ခရီးများ သွားလာရမည်။

လုပ်လိုသော ကိစ္စမှန်သမျှ ဆိုင်းငံ့ထားရမည်။ မလုပ်လိုသော ကိစ္စ များ ကို ဦးစားပေး၍ လုပ်ကိုင်ရခြင်းများ ရှိမည်။ အပျော်အပါးဘက် ဦးစားပေးတဲ့လူငယ်များဖခင်နဲ့ ပဋိပက္ခဖြစ် မည်။ မတော်တဆ ထိခိုက်မှုအန္တရာယ်များ ဂရုစိုက်ရ မည်။

ခရီးသွားစဉ် ခါးပိုက်နှိုက်ခံရတတ်သည်။ ပစ္စည်းပျောက် တတ် သည်။ အခက် အခဲ များကြားမှ အောင်မြင်တိုးတတ်မှုများ ဖြစ်ပေါ်မည်။ အထင်အမြင်လွဲမှားမှုများ ဖြေရှင်းရ မည်။ အထက်လူကြီးငြိုငြင်အောင်မနေပါနှင့်။

အိမ်ထောင်သည်အမျိုးသမီးများ ကိုယ့်အိမ်ထောင်ဘက်မကြိုက်တဲ့ စကားတွေကိုရှောင်ပါ။ အချစ်ရေးမှာတော့ ချစ်သူက စိတ်ကောက်လိုက် ပြန်ချစ်လိုက်နဲ့ အပြောင်းအလဲများနေမည်။ ပညာရေးမှာတော့ ကျောင်းစာထက် အပျော်ဘက်ကို စိတ်ပိုဝင်စားနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၆/၉ အထူးဟော အလုပ်များပြီး နှစ်ယောက်စာလောက်လုပ်ကိုင်နေရမည်။ ယတြာ အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူပေးပါ။

ကြာသပတေး

ဒီကာလအတွင်းပတ်ဝန်းကျင်တွင် အပြောင်းအလဲများစွာ ဖြစ်မည်။ ယခင်က ရန်ပြဿနာဖြစ်ခဲ့ဖူးသူများ နှင့် ပူးပေါင်း၍ လုပ်ကိုင်ရမည်။ မျက်စိနှင့် ပတ်သက်၍ ဆေးရုံ၊ ဆေးခန်းရောက်မည်။ စကားမတည်သူများနှင့် တွေ့မည်။

လျှို့ဝှက်ချက်များ ပေါက်ကြားတတ်သည်။ ရှေ့တွင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဆက်ဆံသောသူများနှင့် တွေ့ရမည်။ အသားထဲက လောက်ထွက်ဆိုသော စကားထဲက အတိုင်းဖြစ်မည်။ စာရွက်၊ စာတမ်း၊ စာရင်းဇယားကိစ္စ၊ ငွေကြေး ကိစ္စ၊ အရှုပ်အထွေးများ ဖြေရှင်းရမည်။

ကာလအတန်ကြာ ဖြေရှင်းရန် ခက်ခဲသော ပြဿနာများ ပြီးမြောက်အောင် ဖြေရှင်းနိုင်မည်။ အသက်အရွယ် ကြီးရင့်သူတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ရမည်။ မူလရည်မှန်းထားသည်တို့ကို လက်တွေ့ အကောင်အထည် ဖေါ်ရာ၌ မျှော်လင့်ထားသည့် ရလဒ်ကို မရရှိနိုင်သေးပါ။

အရေးပါသော ဆုံးဖြတ်ချက် များ ချမှတ်နိုင်ပါသည်။ အတား အဆီး၊ အနှောက်အယှက်များ ကျော်လွှားနိုင်မည်။ ပေါ်ပေါက်လာသော အခွင့်အရေး သစ်တို့ကို လက်တွေ့အသုံးချ၍ တိုးတတ်အောင်မြင်မည်။

အိမ်ထောင်ရေးမှာတော့ စိတ်အေးချမ်း သာယာပါလိမ့် မယ်။အချစ်ရေးမှာတော့ ချစ်သူနဲ့အဆင်ပြေပေမယ့် သူကအလုပ်များနေလို့ ဂရုမစိုက်နိုင်တာကိုနားလည်ပေးဖို့လိုပါ တယ်။ ပညာရေးမှာတော့ ကျန်းမာရေး ကြောင့် ပညာရေး အနှောက်အယှက်ဖြစ်ရမည်။

အကျိုးပေးဂဏန်း ၂/၇/၀ အထူးဟော ကျန်းမာရေးဂရုစိုက်စေချင်ပါတယ်။ ယတြာ နို့ကြက်ဥတစ်ခွက် ဘုရားရှင်အားကပ်လှူပါ။

သောကြာ

ဒီကာလအတွင်းဆုံးဖြတ်ချက်ခိုင်မာမှု၊ ဇွဲကြီးမှုနှင့် အခက်အခဲများကို ပြတ်သားစွာ ရင်ဆိုင် တတ်ခြင်း ကြောင့်အောင်မြင်မှုရရှိမည်။ ဦးတည်ဆောင်ရွက်သော ကိစ္စများ အလုံးစုံအောင်မြင်မည်။ မိတ်ကောင်း၊ ဆွေကောင်း အကူအညီများရမည်။

အကြီးအကဲများထံမှ အထောက်အကူကောင်းများရမည်။ ကာလအတန်ကြာ မျှော်လင့်စောင့် စားနေသော ကိစ္စများ အခွင့်အလမ်းရ၍ အဆင်ပြေမည်။ ပညာသင်တန်းနှင့် ပတ်သက်ပြီး အောင်မြင်မှု ရလိမ့်မည်။ စာနာနားလည်သူများနှင့် ကြုံတွေ့ရမည်။

စိတ်ချမ်းမြေ့ရမည်။ ကိုယ်ရေး ကိုယ်တာကိစ္စထက် တစ်ပါးသူရေးရာကိစ္စ အဖြာဖြာကို ဦးစားပေးဆောင်ရွက်ရမည်။ ပြန်လည်မဆက်သွယ်သင့် သော သံယောဇဉ်အဟောင်းများနှင့် ဆက် သွယ်မိ၍ စိတ်သောကဖြစ်မည်။ ပြီးမြောက်ခါနီးမှ အနှောက်အယှက်ပေးရန် ကြံစည်နေသူများရှိမည်။

စကား ကတိ မတည်သူများနှင့်တွေ့မည်။ အလုပ်သစ်များ စတင်ရန် အချိန်အခါကောင်းသို့ ကျရောက်နေချိန် ဖြစ်၍ အားနှင့်မာန် နှင့်သာ တစ်ရှိန်ထိုး ကြိုးစားလုပ်ကိုင်လိုက်ပါ။ မပြီးပြတ်သေးသောကိစ္စ များကို အဆုံးသတ်သင့်သော ကာလ ဖြစ် သည်။

ကျန်းမာရေးကတော့ ဦးခေါင်းကိုက်ခဲတာမျိုးနဲ့ အာရုံကြောအားနည်းတာမျိုး ဖြစ်တတ်သည်။ ချစ်သူ အိမ်ထောင်ဘက်ရဲ့ ရာထူးတိုး၊ လုပ်ငန်းအောင်မြင်သော သတင်းကောင်းများ ကြားရတတ်ပါသည်။

အကျိုးပေးဂဏန်း ၁/၃/၆ အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ ယတြာ နဂါးမောက်သီး ဘုရားကပ်လှူပေးပါ။

စနေ

ဒီကာလအတွင်းဘဝအခြေအနေ မြင့်မားတိုးတတ်မည်။ ငွေဝင်မည်။ ကြန့်ကြာနေသော ရပိုင်ခွင့်များ ပြန် လည်ရရှိမည်။ လုပ်ငန်းမရှိသူ လုပ်ငန်းရ၍ လုပ်ငန်းရှိသူများ အလုပ်စီးပွား တိုးတတ်မည်။ လုပ်အားကြောင့်သာမက ကံကြောင့် ငွေဝင်မည်။

တစ်ပါးသူနှင့်မတူသော ရှုထောင့်မှ လုပ်ကိုင်မှ အကျိုးစီးပွား ဖြစ်ထွန်းမည်။ သွားရောက် နေကျမဟုတ်သော အရပ်သို့ အချိန်အခါ မဟုတ် လည်ပတ်ခြင်းများ မပြုသင့်ပါ။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစား ခြင်းများ မပြုရပါ။

စက်ပစ္စည်း၊ လျှပ်စစ် ပစ္စည်းများ အဝယ်မှားတတ်သည်။ ငွေကြေးကံကောင်းမည်။ နေရာ အပြောင်းအလဲနှင့် တိုးတတ်မည်။ တစ်ခုထက်မကသော အလုပ်ကိစ္စများကို တစ်ပြိုင်နက်တည်း လုပ်ကိုင်ရတတ် သည်။

မထင်မှတ်ထားသူတို့၏ လိမ်ညာမှုကို ခံစားရတတ်သကဲ့သို့ မမျှော်လင့်ထားသူတစ်ဦး၏ ကူညီမှုကိုလည်း ရရှိတတ်ပါသည်။ မေတ္တာရေး ကံကောင်းမည်။ချစ်ရသူဆီက မျှော်လင့်ထားတဲ့အဖြေစကားကြားရမည်။ ချစ်သူ လက်မဲ့ဖြစ်နေသူများ ချစ်သူအသစ်ရလွယ်သည်။

အိမ်ထောင်ရေးမှာတော့ ယုန်ကမတိုး ပိုက်ကတိုးဆိုတဲ့ အခြေ အနေတွေဖြစ်တတ်ပါတယ်။ ကျန်းမာရေးကောင်းပေမယ့် ခေါင်းလျှော်တာကို ဆင်ခြင်ပါ။ ပညာရေးနဲ့ပက်သက်ပြီး အားကောင်းပေမယ့် နှလုံးသားရေး ကိစ္စတွေကို ပိုမိုအာရုံစိုက်မိနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၈ အထူးဟော ငွေကြေးကံ၊ မေတ္တာရေးကံကောင်းမည်။ ယတြ ကလေးတွေကို စာရေးကိရိယာတစ်ခုခု လက်ဆောင်ပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695