မှုခင်းသတင်း ပြည်တွင်းသတင်း

မော်လမြိုင်တွင် တရားရုံးဝင်းထဲထိဝင်၍ ရှေ့နေအမျိုးသမီး တစ်ဦးအား ဝက်အူလှည့်နှင့် ဝင်ထိုးမှုဖြစ်ပွား

မော်လမြိုင်တွင် တရားရုံးဝင်းထဲထိဝင်၍ ရှေ့နေအမျိုးသမီး
တစ်ဦးအား ဝက်အူလှည့်နှင့် ဝင်ထိုးမှုဖြစ်ပွား
===============================

13.8.2020 ရက်နေ့ ညနေ(3:45)Pmခန့် မော်လမြိုင်မြို့
တရားရုံးဝင်းထဲထိ ဝင်လာ၍ ရှေ့နေအမျိုးသမီးတစ်ဦးအား
ဝက်အူလှည့်ဖြင့် ဝင်ထိုးမှုဖြစ်ပွားခဲ့ပါသည်။

အထိုးခံရသူ ရှေ့နေအမျိုးသမီးမှာ
ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ
ညာလက်မောင်း ထိုးသွင်းဒဏ်ရာ
ဘယ်လက်မောင်း လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာများ
ရရှိခဲ့သဖြင့်

မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကနဦး
လိုအပ်သည်များ ပြုစုဆောင်ရွက်ပေး၍ ဆေးရုံကြီးသို့
ပို့ဆောင် ကူညီပေးခဲ့ပါသည်။

တရားခံမှာ ထိုးပြီး ထွက်ပြေးသွားသည်ဟု ကနဦး
သိရပါသည်။