မကြာမီဖွင့်လှစ်တော့မည့်ပုသိမ်တံတားသစ်တွင် ကျပ်သိန်း၂၅၀ကျော်အသုံးပြု၍CCTV ၃၂ လုံးတပ်ဆင်ပြီးဖြစ်
ဧရာ၀တီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့တွင် င၀န်မြစ်စ်ကူးတံတားဖြစ်သော ပုသိမ်တံတားအသစ်ပေါ်တွင် လုံခြုံ ရေးအတွက် ကျပ်သိန်း၂၅၄သိန်းအကုန်ကျခံကာ CCTV ၃၂ လုံးတပ်ဆင်ခဲ့ပြီဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။
ယင်းတံတားအသစ်ကို လာမည့် စက်တင်ဘာလထဲတွင်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း တိုင်းအ စိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်၊စက်မှု၊လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး၀န်ကြီး ဦး၀င်းဌေးကပြောသည်။
“တံတားကလည်းကြီးတော့ လုံခြုံရေး လိုအပ်ပါတယ်။ပြည်သူတွေ သွား၊လာ အခါမှာလည်း လုံခြုံရေးစိတ်ချဖို့၊ နောက်ပြီး၊လမ်းလျှောက်မယ့်သူတွေလည်းရှိမှာပေါ့ ။ပလက်ဖောင်းပေါ်မှာ အဲ့ဒီလိုလမ်း လျှောက်မယ့်ပြည်သူတွေ လုံခြုံရေးအတွက်ကို CCTV ကင်မရာတပ် ပေးတာပါပါ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပုသိမ်မြစ်ကူးတံတားအမှတ် ၂ တည်ဆောက်မှုသည် ၉၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
TCM