နိုင္ငံတကာသတင္း

ဧက ၁၀၀၀၀ ကျော်လောင်မြိုက်နေသည့် လော့စ်အိန်ဂျလိစ့်တောမီးက ရွေ့လျားမှုမြန်ဆန်နေ

ဧက ၁၀၀၀၀ ကျော်လောင်မြိုက်နေသည့် လော့စ်အိန်ဂျလိစ့်တောမီးက ရွေ့လျားမှုမြန်ဆန်နေ
=======================================

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ့်စီရင်စု Angeles National Forest မှာ တောမီးလောင်ကျွမ်းလျက်ရှိပြီး နာရီအနည်းငယ်အတွင်း ဧကပေါင်း ၁၀၀၀၀ ကျော်ကို လောင်မြိုက်ပြီးသားဖြစ်နေပြီလို့ သိရပါတယ်။

လွန်ခဲ့တဲ့ခြောက်နာရီအထိ မီးကို မထိန်းချုပ်နိုင်သေးဘဲ တောမီးက ကူးစက်ပျံ့နှံ့မှုမြန်ဆန်လျက်ရှိပါတယ်။ Lake Hughes ဧရိယာနားမှာဖြစ်ပွားနေတာကြောင့် Lake Fire တောမီးလို့ နာမည်ပေးထားပါတယ်။

ဒေသစံတော်ချိန်ညနေ ၄ နာရီခွဲမှာ ဧက ၄၀၀ သာလောင်ကျွမ်းနေပေမယ့် နှစ်နာရီအကြာမှာ ဧက ၁၀၀၀၀ ကျော်ကို ပျံ့နှံ့ရောက်ရှိသွားတာဖြစ်ပါတယ်။

မီးသတ်သမား ၅၀၀ ကျော် မီးငြိှမ်းသတ်လျက်ရှိပြီး နေအိမ်ပေါင်း ၁၀၀ ထက်မနည်း ဘေးကင်းရာကိုရွှေ့ပြောင်းကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ အနီးအနားမှာရှိတဲ့လမ်းတွေကိုလည်း ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။

(Asteria,13.8.2020)
Ref: Losangeles.cbslocal