ပြည်တွင်းသတင်း

ဗိုလ်ချုပ်အောင်ဆန်း ပထမဆုံးအကြိမ်တိုင်းပြုပြည်ပြုလွှတ်တော်တက်ရောက်လာသည့်ရုပ်တုပုံကို မကွေးတိုင်းလွှတ်တော်၀င်းအတွင်း ထားရှိမည်

=======================================

ဗိုလ်ချုပ်အောင်ဆန်းပထမဆုံးအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်တက်ရောက်လာသည့် ရုပ်တုပုံကို မကွေးတိုင်းဒေသကြီး လွှတ်တော်၀င်းအတွင်း ထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါရုပ်တုကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ စကျင်တောင်တွင် ထုဆစ်နေခြင်း ဖြစ်ပြီး လက်ရှိတွင် ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ အမြင့် ၁၆ ပေ ရှိကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်ရုပ်တုကို အနာအဆာကင်းသည့် စကျင်ကျောက်တုံးဖြင့် ထုဆစ်နေခြင်းဖြစ်ပြီး အစိတ်အပိုင်းများ ဆက်စပ်ထားခြင်းမျိုးမဟုတ်ဘဲ ကျောက်တုံးတစ်တုံး တည်းကိုသာ ထွင်းထုထားခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါရုပ်တု ထုဆစ်ရာတွင် ကုန်ကျသည့်စရိတ်ကို ဗိုလ်ချုပ်အောင်ဆန်းအား အောက်မေ့သတိရသည့် စေတနာရှင် တစ်စုက လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

မင်းရန်နောင်
ဓာတ်ပုံ ဖြိုးမင်းရှိန်

Unicode

ဗိုလ်ချုပ်အောင်ဆန်း ပထမဆုံးအကြိမ်တိုင်းပြုပြည်ပြုလွှတ်တော်တက်ရောက်လာသည့်ရုပ်တုပုံကို မကွေးတိုင်းလွှတ်တော်ဝင်းအတွင်း ထားရှိမည်
===============================================

ဗိုလ်ချုပ်အောင်ဆန်းပထမဆုံးအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်တက်ရောက်လာသည့် ရုပ်တုပုံကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း ထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။