ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြီးဆုံးသွားမှာ မဟုတ်ပါ
ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ ကမ္ဘာကြီးမှာ ကပ်ရောဂါဆက်လက်ဖြစ်ပွားနေဦးမယ်။
ဗိုင်းရပ်စ်ပိုးဟာ နောက်ပိုင်း နှေးနှေးကွေးကွေးပျံ့နှံ့မယ်။ ရောဂါကူးစက်မှုများတဲ့နေရာပဲကွက်ပြီး လော့ဒေါင်းလုပ်လိုက်၊ ပြန်ဖွင့်လိုက် ..ဒါဟာ ပုံမှန်ဖြစ်စဉ်တစ်ခုလို လူတွေအတွက် အထူးအဆန်းမဟုတ်တော့။
ပြီးတော့ အခြားရောဂါတွေလို COVID-19 ရောဂါဟာ ပြတ်တောင်းပြတ်တောင်းကူးစက်လာပြီး ဒါဟာရာသီတုပ်ကွေးလို ပုံမှန်တစ်ခုဖြစ်လာမယ်။
ကနဦး ထွက်လာတဲ့ကာကွယ်ဆေးက ခြောက်လအကာအကွယ်ပေးလိမ့်မယ်။ ဒါကြောင့် ခြောက်လတစ်ကြိမ် ထိုးရမယ်။
ခန့်မှန်းခြေအားဖြင့် လူပေါင်းသန်း ၂၅၀ လောက် ကမ္ဘာတစ်ဝန်းတွင်ကူးစက်ခံရပြီး ၁.၇၅ သန်း သေဆုံးမယ်။
ရာသီဥတုအေးလာတိုင်း ရောဂါအကူးအစက် များလာနိုင်တယ်။
ဒါကြောင့် မျက်နှာဖုံး ( mask ) တပ်တာလည်း နေ့စဉ် အင်္ကျီဝတ်သလို ဖြစ်သွားမယ်တဲ့..။
(📖 modelers from London School of Hygiene & Tropical Medicine (LSHTM).)
အခု ဆိုးလ်မြို့မှာဆို မျက်နှာဖုံးမပါတဲ့ သူတွေ ဘတ်စ်ကား၊ ရထားမစီးရ။ အနှင်ထုတ်ခံရတယ်..။
ဒီနေ့သတင်းထဲမှာပါတာက မျက်နှာဖုံးမပါတဲ့ အမျိုးသားတစ်ယောက် ဖုန်းပြောရင်း ဘတ်စ်ကားပေါ်တက်စီးတယ်။
ဘတ်စ်ကားမောင်းသူက ဘတ်စ်ကားပေါ်က ဆင်းဖို့ပြောတော့ စကားများတယ်။
ဘတ်စ်ကားသမားက ရဲတိုင်တော့ ရဲတွေက ရှေ့မှတ်တိုင်က လာစောင့်နေတာ။
ရဲတွေက မျက်နှာဖုံးမတပ်သူကို ပြစ်မှုကျူးလွန်သူအဖြစ် ဘတ်စ်ကားပေါ်တက်ပြီး ဖမ်းဆီးလိုက်တယ်။
ဩဂုတ်လ ၅ ရက်နေ့ကလည်း အသက် ၄၀ ကျော်အမျိုးသမီးတစ်ယောက် မျက်နှာဖုံးမတပ်လို့ အခြားခရီးသည်က မျက်နှာဖုံးတပ်ဖို့ တောင်းဆိုလို့ရန်ဖြစ်ကြတာ မျက်နှာဖုံးမတပ်သူ အမျိုးသမီး အခု ရုံးတင်စစ်ဆေးခံနေရပြီ။
အောက်တိုဘာလ အစပိုင်းကစပြီး တောင်ကိုရီးယား အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်တွေမှာ မျက်နှာဖုံးမ၀တ်ရင် ဒဏ်ငွေ၀န်ဆောင်မှု တစ်သိန်းနဲ့ အထက်တဲ့။
တောင်ကိုရီးယားကမောင်နှမတွေ မျက်နှာဖုံး အပိုဆောင်ပြီး ခရီးသွားကြပါ။
မရွှေမိုး ( ကိုရီးယား)
August 13th,2020.
References
NEWS FEATURE 05 AUGUST 2020
How the pandemic might play out in 2021 and beyond
[단독] 또 버스에서 마스크 난동…경찰에 현행범 체포[MBN 종합뉴스]
————————