ဖိလစ်ပိုင်သမ္မတဒူတာတေက ရုရှားထုတ် Covid-19ကာကွယ်ဆေးကို အများပြည်သူရှေ့မှာပင် ထိုးနှံသွားမည်ဟုဆို
=============================================
ရုရှားနိုင်ငံက ထုတ်လုပ်လိုက်တဲ့ Covid-19ကာကွယ်ဆေးအပေါ် ယုံကြည်ချက်ရှိနေပြီး သူကိုယ်တိုင် အများပြည်သူရှေ့မှာ စေတနာ့ဝန်ထမ်းအနေနဲ့ ကာကွယ်ဆေးထိုးနှံသွားဖို့ စိတ်အားထက်သန်နေပါတယ်လို့ ဖိလစ်ပိုင်သမ္မတဒူတာတေက ဆိုပါတယ်။
ကမ္ဘာမှာပထမဦးဆုံးအနေနဲ့မှတ်ပုံတင်လိုက်တဲ့ ရုရှားနိုင်ငံထုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရဲ့ဘေးကင်း စိတ်ချရမှုနဲ့ ဆေးစွမ်းထိရောက်မှုအပေါ် အမေရိကန်ကျန်းမာရေးပညာရှင်တွေနဲ့ နိုင်ငံတကာက ကာကွယ်ဆေး ပညာရှင်တွေက သံသယတွေရှိနေကြပေမယ့်သမ္မတဒူတာတေကတော့ ရုရှားထုတ်ကာကွယ်ဆေးက လူသား တွေအတွက် တကယ့်ကိုကောင်းကျိုးပြုမယ်လို့ ယုံကြည်ချက်ခိုင်မာနေတာဖြစ်ပါတယ်။
ဖိလစ်ပိုင်နဲ့ရုရှား နှစ်နိုင်ငံဆက်ဆံရေးကြောင့် ကာကွယ်ဆေးကို ဖိလစ်ပိုင်နိုင်ငံက ဦးစားပေးရရှိသွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာကာကွယ်ဆေးကို စေတနာ့ဝန်ထမ်းအနေနဲ့ အဦးဆုံးထိုးနှံသွားမယ့်သူတွေထဲမှာ သူကိုယ်တိုင် ရှေ့ဆုံးက ပါဝင်သွားပါမယ်လို့ သမ္မတဒူတာတေက ဆိုပါတယ်။
ကာကွယ်ဆေးကြောင့် လာမယ့်ဒီဇင်ဘာလလောက်မှာ ဖိလစ်ပိုင်နိုင်ငံက Covid-19ကင်းစင်သွားပြီး ခရစ္စမတ်ပွဲ တော်ကာလကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်လို့ သမ္မတဒူတာတေက ပြော ကြားခဲ့ပါတယ်။
(CNN, 13.8.2020) သံသာ
Unicode