ပြည်တွင်းသတင်း

အမေစုရဲ့ ကူညီမှုကြောင့် သမီးလေးအသက်ကို ကယ်တင်ပေးနိုင်ခဲ့သည့် ကောကရိတ်က ဖခင်တစ်ယောက်ရဲ့ ကျေးဇူးတင်လွှာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊(၂၄.၂.၂၀၂၀)ရက်နေ့၊ ကော့ကရိတ်မြို့တွင် ကျင်းပခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲ၌ ကျွန်တော်ဦးမောင်ဝင်းမှ

ကျွန်တော်၏သမီးလေး မစန္ဒာဝင်း(ဒုနှစ်၊ ဘားအံတက္ကသိုလ်) ခံစားနေရသောနှလုံးရောဂါနှင့် ငွေကြေးမတတ်နိုင်သည့်အပေါ်ကုသရာတွင်ကူညီပေးနိုင်ပါရန်စာရေးသားပေးပို့ တင်ပြခဲ့ပါသည်။

အမေစုမှ စာကို ဖတ်ရှု့ပြီးကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်အား ကူညီဆောင်ရွက်ပေးရန် တာဝန်လွှဲပေးလိုက်ပါသည်။ ဦးဘိုဘိုဝေမောင်မှလည်း အစမှအဆုံး လိုအပ်သည်များကူညီဆောင်ရွက်ပေးပါသည်။

ယခုလ ၁၃.၈.၂၀၂၀ ရက်နေ့တွင် ကျွန်တော်၏ သမီးအား ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနတွင် အောင်မြင်စွာခွဲစိတ်ကုသခဲ့ပြီးဖြစ်သည်။

ယခုဓါတ်ပုံအရ သမီးလေးအောင်မြင်စွာခွဲစိတ်ပြီး ကျန်းကျန်းမာမာလန်းလန်းဆန်းဆန်း ဖြစ်နေသည်ကိုတွေ့ရသည်အတွက်များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။

ဦးမောင်ဝင်း၊ ကော့ကရိတ်မြို့

သမီး အသက်ကိုကယ်တင်ပေးခဲ့တဲ့ အမေစု၊ငွေကြေးမတတ်နိုင်သည့်အပေါ်လိုလေသေးမရှိအောင် ကူညီပေးခဲ့တဲ့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် ဆရာဝန်များ၊သူနာပြုများအားလုံးကို အစဉ် ကျန်းမာချမ်းသာစေကြောင်းလက်ဆယ်ဖြာထိပ်မှာမိုး၍ သမီး မစန္ဒာဝင်းမှရိုကျိုးရှိခိုးကန်တော့ပါတယ်၊အမေစု ကျန်းမာပါစေ၊ အမေစုအောင်မြင်ပါစေ၊

သမီး မစန္ဒာဝင်း

အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဝင်းကြီးရပ်၊ ကော့ကရိတ်မြို့၊ ကရင်ပြည်နယ်၊

@Dawna Aungtoe