အေထြေထြဗဟုသုတ

မွေးနေ့ရောက်တိုင်း ဒီလိုလေး လုပ်ကြည့်ပါ…မရရှိ သေး သောစည်းစိမ် ဥစ္စာ ရတနာများရရှိစေမည်…..

မွေးနေ့ရောက်တိုင်း ဒီလိုလေး လုပ်ကြည့်ပါ

(၁၈) ရက် ကျင့် စဉ် ထူး

မိမိတို့မွေးနေ့မှစ၍ (၁၈)ရက်တိုင်တိုင် ကျင့်ဆောင်ရပါမည်။

မိမိတို့မွေးနေ့တွင်ကြေးဖလားနှင့်ဖြစ်စေ ငွေဖလားနှင့်ဖြစ်စေ ရေသန့်သန့်ထဲ့ပြီး သပြေပန်းများလှုဒါန်းထားပါ ။

ရေကိုနေ့စဉ် နေထွက်စဉ် အချိန်တိုင်း လဲလှယ် ပေး ပါ ။ ပန်းညှိုးလျှင် အသစ်လှု ဒါန်းပေးပါ။

ရေလဲ ပန်းလဲ လှုဒါန်း ပြီး ချိန် တိုင်း အောက်ပါဂါထာအား (၉)ခေါက်ရွတ်ဖတ် ပါ

” ဣဒ္ဓိ မန္တောစယေဒေဝါ

ဝသန္တာ ဣဓသော သနေ

တေ ပိ အမှေ နုရက္ခန္တု

အရောဂေန သုခေန စ ”

အနက် မှာ…

ဣဓသောသနေ.. ခြောက် သွယ် ဘုန်း ရောင်ထိန်ထိန်ပြောင်သည့် အခေါင်ထွဋ္ဋ်ထားရှင်တော် ဘုရား ၏ သုံး ပါး သိက္ခာ ဤ သာသနာ၌

ဝသန္တာ… မှီ တင်း ညွတ်စကျင့် ကြံ နေထိုင်ကြ ကုန် သော

ဣဒ္ဓိမန္တော…. လွန်ကဲထူးခြားကြီးကျယ်ခမ်းနား သော တန် ခိုး ရှိ ကြ ကုန် သော

ယေဒေဝါ… အကြင်နတ်တို့သည်လည်း

သန္တိ… ရှိကြကုန်၏ ။

တေပိ…. ထိုတန်ခိုးကြီးမြတ်သာသနာ ၌ နေထိုင်ကြကုန်သောနတ်များအပေါင်းတို့သည်

အမှေ… ငါတို့ကို

အာရောဂေနစ…. အနာရောဂါ ကင်း ရေး အားဖြင့် လည်းကောင်း

သု ခေ န စ… ကိုယ်စိတ်နှစ်ဖြာအေးကြည်သာ ၍ဗျာပါကင်းဝေးချမ်းသာရေးအားဖြင့် လည်းကောင်း

အနုရက္ခန္တု… ရင်သားပမာကရု့ဏာဖြင့် ရှုကာရွေး ကောက်ဘေးမရောက်အောင် အစဉ်စောင့် ရှောက် ကြ ပါ စေ ကုန် သတည်း ။ ဟု့ အနက် ပါ ရွတ် ဖတ် လျှင် ပို ၍ ကောင်း၏

ဤ သို့ကျင့် ဆောင်အားထုတ်ခြင်းဖြင့် တွေ့ကြုံဆုံဆည်းရသော ဘေးရန်အမျိူးမျိူး.. အနှောက်အယှက်အမျိူးမျိူးကာကွယ်တားဆီး ၍ မ ရ ရှိ သေး သောစည်းစိမ် ဥစ္စာ ရတနာများရရှိစေခြင်း စိတ်ဓာတ်တည်ငြိမ်မှု့ရရှိစေခြင်း စသောအကျိူးကျေးဇူးရရှိစေသည်။

ရွှေပေါ်ကျွန်းဆရာတော်