ျပည္တြင္းသတင္း

ရှေ့ရေး ဝန်လေးမိလို့ ရေးမိပါတယ် …

မြန်မာပြည်ရဲ့ လက်ရှိအနေအထားအရ ရှေ့လာမယ့်ရက်တွေမှာ အသုံးအစွဲလေး လျှော့ကြရအောင်

မြန်မာပြည်ရဲ့ လက်ရှိ အနေအထားအရ ရှေ့လာမယ့် ရက်တွေမှာ ပြည်သူများအတွက် စားဝတ်နေရေး ပိုပြီး ခက်ခဲဖို့ ဖြစ်လာနိုင်ပါတယ်။

ဒီတော့ စားဝတ်နေရေးအတွက် အဓိက အရေးကြီးတာက ငွေပေါ့။

အဲဒီငွေကို ရှာဖို့ကတော့

သမ္မာအာဇီဝအလုပ်မှန်သမျှကို လုပ်ဖို့ လိုပါ့မယ်။ ငွေရရုံနဲ့ မပြီး။ အဲဒီငွေတွေကို စုဆောင်းနိုင်ဖို့က ပိုပြီး အရေးပါတယ်။

အပို မသုံးမိဖို့ ကြိုးစားဖို့ လိုပါ့မယ်။(ဥပမာ)

– ဖုန်းဆင်းကဒ် ၂ ခု ၃ ခု မထားပဲ၊ တခုပဲ ထားပြီး ၂ ခု ၃ ခုစာ ဖုန်းကဒ်ဖိုးကို လျှော့ချကြည့်ပါ။

– မလိုအပ်ဘဲ ဖုန်းအကြာကြီး ပြောခြင်း ရှောင်ရှားပါ။

– ဆန်ဆိုလည်း တန်ဖိုးနည်းတဲ့ ဆန်ကို ဝယ်စားပါ။

– ဟင်းသီး ဟင်းရွက်များကို နေ လှမ်းပြီး သိမ်းထားပါ။ ချဉ်ပေါ င်ရွက်များကို ကျိုပြီး ရေခဲ သေတ္တာမှာသိမ်းထားပါ။

– ဈေးကြီးတဲ့ အစားအသောက်များကို ဝယ်မစားပါနဲ့။

– မလိုအပ်ဘဲ မီးတွေ မဖွင့်ပါနဲ့။

– လဘက်ရည် ထွက်သောက်မယ့်အစား အထုပ်ဝယ်သောက်ပါ။

– မနေနိုင်လို့ ဆေး လိပ်သောက်သူ ဖြစ်ပါက တနေ့လျှင် ဘယ်နှစ်လိပ်သာ သောက်မည်ဟု မိမိဖာသာ ကန့်သတ်ထားပါ။

– နံက်စာကို အပြင်မှာ ဝယ်စားခြင်းထက် အိမ်မှာ ထမင်းကြမ်းစားပါ။

– အသားဟင်းကို အာလူးစသည်နဲ့ ရော ချက်စားပါ။

– အိမ်ငှါးနေသူဖြစ်ပါက လက်တလော အိမ်ထက် လခနည်းသည့် အိမ်ကို ငှါးနေပါ။

– ဒီအချိန်မှာ အဝတ်အစား အသစ် မလိုအပ်ပါ။

– အပန်းဖြေခရီး ထွက်ခြင်း သီးခံပါ။

– သာရေး နာရေးများကို တတ်နိုင်သမျှ မသွားပါနဲ့။

– ဖြစ်နိုင်ရင် ကိုယ့်သားသမီးကို ကိုယ်တိုင် စာသင်ပေးပါ။ ကျူရှင် မပို့ပါနဲ့။

– ၁ လုံး၊ ၂ လုံး၊ ၃ လုံး မထိုးပါနဲ့။

– ပိုက်ဆံ သုံးဖို့ ရှိလာရင် သုံးသင့် မသုံးသင့် ၃ ရက် စဉ်းစားပါ။

– ရေဆာရင် ရေကိုသာ သောက်သုံးပါ။ (အခြားဟာ မစဉ်းစားသင့်။)စသဖြင့် စသဖြင့် စသဖြင့်။သေချာပါတယ်။

ဒီနည်းလမ်းအတိုင်း ကျင့်သုံးရင် တလ ၅ သိန်းကုန်တဲ့ အိမ်ဟာ တလ ၂သိန်းခွဲသာ ကုန်ကျပါမည်။ရှေ့ရေး ဝန်လေးမိလို့ ရေးမိပါတယ်။

Credit

zawgyi

ျမန္မာျပည္ရဲ႕ လက္ရွိအေနအထားအရ ေရွ႕လာမယ့္ရက္ေတြမွာ အသုံးအစြဲေလး ေလွ်ာ့ၾကရေအာင္

ျမန္မာျပည္ရဲ႕ လက္ရွိ အေနအထားအရ ေရွ႕လာမယ့္ ရက္ေတြမွာ ျပည္သူမ်ားအတြက္ စားဝတ္ေနေရး ပိုၿပီး ခက္ခဲဖို႔ ျဖစ္လာႏိုင္ပါတယ္။

ဒီေတာ့ စားဝတ္ေနေရးအတြက္ အဓိက အေရးႀကီးတာက ေငြေပါ့။

အဲဒီေငြကို ရွာဖို႔ကေတာ့

သမၼာအာဇီဝအလုပ္မွန္သမွ်ကို လုပ္ဖို႔ လိုပါ့မယ္။ ေငြရ႐ုံနဲ႔ မၿပီး။ အဲဒီေငြေတြကို စုေဆာင္းႏိုင္ဖို႔က ပိုၿပီး အေရးပါတယ္။

အပို မသုံးမိဖို႔ ႀကိဳးစားဖို႔ လိုပါ့မယ္။(ဥပမာ)

– ဖုန္းဆင္းကဒ္ ၂ ခု ၃ ခု မထားပဲ၊ တခုပဲ ထားၿပီး ၂ ခု ၃ ခုစာ ဖုန္းကဒ္ဖိုးကို ေလွ်ာ့ခ်ၾကည့္ပါ။

– မလိုအပ္ဘဲ ဖုန္းအၾကာႀကီး ေျပာျခင္း ေရွာင္ရွားပါ။

– ဆန္ဆိုလည္း တန္ဖိုးနည္းတဲ့ ဆန္ကို ဝယ္စားပါ။

– ဟင္းသီး ဟင္း႐ြက္မ်ားကို ေန လွမ္းၿပီး သိမ္းထားပါ။ ခ်ဥ္ေပါ င္႐ြက္မ်ားကို က်ိဳၿပီး ေရခဲ ေသတၱာမွာသိမ္းထားပါ။

– ေဈးႀကီးတဲ့ အစားအေသာက္မ်ားကို ဝယ္မစားပါနဲ႔။

– မလိုအပ္ဘဲ မီးေတြ မဖြင့္ပါနဲ႔။

– လဘက္ရည္ ထြက္ေသာက္မယ့္အစား အထုပ္ဝယ္ေသာက္ပါ။

– မေနႏိုင္လို႔ ေဆး လိပ္ေသာက္သူ ျဖစ္ပါက တေန႔လွ်င္ ဘယ္ႏွစ္လိပ္သာ ေသာက္မည္ဟု မိမိဖာသာ ကန႔္သတ္ထားပါ။

– နံက္စာကို အျပင္မွာ ဝယ္စားျခင္းထက္ အိမ္မွာ ထမင္းၾကမ္းစားပါ။

– အသားဟင္းကို အာလူးစသည္နဲ႔ ေရာ ခ်က္စားပါ။

– အိမ္ငွါးေနသူျဖစ္ပါက လက္တေလာ အိမ္ထက္ လခနည္းသည့္ အိမ္ကို ငွါးေနပါ။

– ဒီအခ်ိန္မွာ အဝတ္အစား အသစ္ မလိုအပ္ပါ။

– အပန္းေျဖခရီး ထြက္ျခင္း သီးခံပါ။

– သာေရး နာေရးမ်ားကို တတ္ႏိုင္သမွ် မသြားပါနဲ႔။

– ျဖစ္ႏိုင္ရင္ ကိုယ့္သားသမီးကို ကိုယ္တိုင္ စာသင္ေပးပါ။ က်ဴရွင္ မပို႔ပါနဲ႔။

– ၁ လုံး၊ ၂ လုံး၊ ၃ လုံး မထိုးပါနဲ႔။

– ပိုက္ဆံ သုံးဖို႔ ရွိလာရင္ သုံးသင့္ မသုံးသင့္ ၃ ရက္ စဥ္းစားပါ။

– ေရဆာရင္ ေရကိုသာ ေသာက္သုံးပါ။ (အျခားဟာ မစဥ္းစားသင့္။)စသျဖင့္ စသျဖင့္ စသျဖင့္။ေသခ်ာပါတယ္။

ဒီနည္းလမ္းအတိုင္း က်င့္သုံးရင္ တလ ၅ သိန္းကုန္တဲ့ အိမ္ဟာ တလ ၂သိန္းခြဲသာ ကုန္က်ပါမည္။ေရွ႕ေရး ဝန္ေလးမိလို႔ ေရးမိပါတယ္။

Credit