ကျန်းမာရေး

Steve Jobs မသေဆုံးခင်ပြောသွားခဲ့တဲ့ မှတ်သားဖွယ်စကားများ

Steve Jobs မသေဆုံးခင်ပြောသွားခဲ့တဲ့ မှတ်သားဖွယ်စကားများ 👍

ပန်ကရိယ (မုန့်ချိုအိတ်) ကင်ဆာဖြင့် သေဆုံးခဲ့တဲ့ Steve Jobs ဟာ သေဆုံးချိန်မှာ အသက် ၅၆ နှစ် အရွယ်ရှိပါပြီ။ သူသေဆုံးချိန်မှာ ဒေါ်လာ ၇ ဘီလီယံ ကျန်ရှိခဲ့ပါတယ်။ အောက်ပါအကြောင်းအရာတွေကတော့ သူ မသေခင် နောက်ဆုံးပြောခဲ့တဲ့ စကားတွေပါပဲ။

တစ်ခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ ကျွန်တော်ရဲ့ ဘဝကြီးက အောင်မြင်မှုရဲ့ အနှစ်သာရတစ်ခုပဲလို့ မြင်ကြမှာ။ အလုပ်က လွဲပြီး ကျွန်တော့်မှာ ပျော်ရွှင်စရာက နည်းပါတယ်။ အဆုံးမှာတော့ ချမ်းသာကြွယ်ဝမှုဟာ ကျွန်တော့်ကို နေသားတကျဖြစ်စေတဲ့ ဘဝရဲ့ အချက်တစ်ခုမျှသာ ဖြစ်ပါတယ်။

အခုအချိန်လိုမျိုး အိပ်ယာပေါ်လဲနေပြီး မကျန်းမမာဖြစ်တော့မှ ကျွန်တော့် ဘဝတစ်ခုလုံးအကြောင်း တွေးမိတော့ အသိအမှတ်ပြုခံရခြင်းတွေနဲ့ ချမ်းသာကြွယ်ဝမှုတွေက သေခါနီးဖြစ်နေတဲ့ ကျွန်တော့်အတွက် ဘာမှ အဓိပ္ပာယ်မရှိတာကို ကျွန်တော်သိလိုက်ရပါတယ်။ ခင်ဗျားအတွက် ကားမောင်းပေးဖို့နဲ့ ငွေရှာပေးဖို့ရာ လူငှားလို့ရပေမယ့် ခင်ဗျားကိုယ်စားရောဂါ ခံစားပေးဖို့ ငှားလို့တော့မရပါဘူး။ ပျောက်ဆုံးသွားလို့ ပြန်ရှာလို့ရနိုင်တဲ့အရာထဲမှာ ရုပ်ဝတ္ထုပစ္စည်းတွေပဲပါပါတယ်။ သင့်ရဲ့ အသက်ရှင်သန်မှုဘဝကတော့ ရှာလို့မရတဲ့ တစ်ခုတည်းသော အရာပါ။

ကိုယ်ကိုယ်တိုင်ကိုရော အခြားသူများကို လည်း ချစ်မြတ်နိုးပြီး ကောင်းမွန်စွာ ဆက်ဆံပါ။ အသက်တွေကြီး အသိဉာဏ်တွေ ပိုရှိလာချိန်မှာ ကျွန်တော်တို့ဟာ ဒေါ်လာ ၃၀ တန် နာရီပဲဖြစ်ဖြစ် ဒေါ်လာ ၃၀၀ တန် နာရီပဲ ဖြစ်ဖြစ် အချိန်တစ်ခုတည်းကိုပဲ ပြတယ်ဆိုတာ သိလာမှာပါ။ ဒေါ်လာ ၃၀ တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် ဒေါ်လာ ၃၀၀ တန် ပိုက်ဆံအိတ်ပဲကိုင်ကိုင် အိတ်ထဲမှာပါတဲ့ ပိုက်ဆံပမာဏ ကတော့ အတူတူပါပဲ။ ဒေါ်လာ တစ်သောင်းခွဲ တန်ကားပဲ စီးစီး ဒေါ်လာ သုံးသောင်းတန်ကားကြီးပဲ စီးစီး သွားရတဲ့ အကွာအဝေးက အတူတူပဲဖြစ်ပြီး နေရာတစ်ခုတည်းကိုပဲ ရောက်ရမှာပါ။ ဒေါ်လာ ၃၀၀ တန် ပုလင်းကိုပဲ သောက်သောက် ဒေါ်လာ ၃၀ တန် ဝိုင် ကိုပဲ သောက်သောက် ငြိမ့်ငြောင်းမှုကို ရမှာတော့အမှန်ပါပဲ။ ပြီးတော့ ကျွန်တော်တို့ဟာ ၃၀၀ စတုရန်းမီတာလောက်ပဲကျယ်တဲ့ အိမ်မှာပဲနေနေ ၃၀၀၀ စတုရန်းမီတာလောက်ကျယ်တဲ့ အိမ်ကြီးမှာပဲနေနေ အထီးကျန်ဆန်မှုကတော့ အတူတူပါပဲ။

ခင်ဗျားရဲ့ ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ ဒီကမ္ဘာကြီးမှာရှိတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေဆီက ရရှိတာ မဟုတ်ပါဘူး။ လေယာဉ်ကို အထူးတန်းကပဲစီးစီး ရိုးရိုးတန်းကပဲ စီးစီး လေယာဉ်ပျက်ကျရင် သင်လည်း ပျက်ကျတဲ့အထဲ ပါသွားမှာပါ။

ခင်ဗျားမှာ သူငယ်ချင်း ပဲဖြစ်ဖြစ် စကားပြောဖော် လူတစ်ယောက်ရှိတယ်ဆိုရင် ဒါဟာ ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ ကျွန်တော် ခင်ဗျားကို နားလည်စေချင်ပါတယ်။

ငြင်းဆန်လို့မရတဲ့ အချက် (၅) ချက်

၁။ သင့်ရဲ့ ကလေးတွေကို ချမ်းသာဖို့အတွက်ပဲ မသင်ပေးပါနဲ့။ ဘယ်လိုပျော်ရွှင်အောင်နေရမလဲဆိုတာကို သင်ပေးကြပါ။ ဒါမှသာ သူတို့ ကြီးပြင်းလာကြတဲ့အခါ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ဈေးနှုန်းကိုမဟုတ်ဘဲ တန်ဖိုးကို သိလာကြမှာပါ။

၂။ ကိုယ့်ရဲ့အစားအစာကို ဆေးဝါးအဖြစ် စားကြပါ။ အဲ့လိုမဟုတ်ရင် ဆေးကို အစားစားသလို စားနေရပါလိမ့်မယ်။

၃။ သင့်ကို ချစ်တဲ့ ဘယ်သူမဆို သင့်ကိုသူ ထားခဲ့ရမယ့် အကြောင်းအရာ ၁၀၀ ရှိနေရင်တောင်မှ ဘယ်တော့မှ ပစ်ထားခဲ့မှာ မဟုတ်ပါဘူး။သင့်လက်ကို ဆုပ်ကိုင်ထားရဖို့ အကြောင်းပြချက်တစ်ခုကိုတော့ အမြဲရှာနေမှာဖြစ်ပါတယ်။

၄။ လူဆိုတဲ့ စကားလုံးနဲ့ လူသားတစ်ဦးဆိုတဲ့ အကြား အများကြီးကွာခြားပါတယ်။ လူဆိုတာ မျိုးစိတ်တစ်ခုကိုပြောတာဖြစ်ပြီး လူသားတစ်ဦးဆိုတာ ပျော်ရွှင်မှု၊ ဝမ်းနည်းဝမ်းသာဖြစ်မှုစတဲ့ စိတ်ခံစားချက်တွေရှိတဲ့ လူတစ်ယောက်ကို ဆိုလိုတာဖြစ်ပါတယ်။

၅။ သင်မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ။ ပိုပြီးဝေးဝေးသွားချင်ရင်တော့ အတူတူသွားပါ။

အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့

ကမ္ဘာပေါ်မှာ အကောင်းဆုံးဆရာဝန် ၆ ဦးရှိပါတယ်။

၁။ နေရောင်ခြည်

၂။ အနားယူခြင်း

၃။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း

၄။ အစားအသောက်ဆင်ခြင်မှု

၅။ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း

၆။ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ

အပေါ်က အချက်လေးတွေကို ဘဝရဲ့ အဆင့်တိုင်းမှာ အသုံးချပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရယူလိုက်ပါ။

ယခု သင်ဟာ ဘဝရဲ့ ဘယ်အခြေအနေမှာပဲရောက်နေနေ တစ်ချိန်ချိန်မှာတော့ သင့်ဘဝနိဂုံးချုပ်ရမယ့် အချိန်ရောက်လာမှာပါ။

သင့်မိသားစုအတွက် အချစ်တွေ၊ သင့် အိမ်ထောင်ဖက်အတွက် အချစ်တွေ နဲ့ သူငယ်ချင်းတွေအတွက် အချစ်တွေကို တန်ဖိုးထားပါ။

မိမိကိုယ်ကို ကောင်းမွန်စွာ ဆက်ဆံပါ။ အခြားသူများကိုလည်း ချစ်မြတ်နိုး တန်ဖိုးထားပါ။

ဘုရားသခင်က သင့်ထံ ပို့လိုက်တဲ့ သူတွေကို ချစ်မြတ်နိုးပါ။ တစ်နေ့မှာ ဘုရားသခင်က သူတို့ကို ပြန်ခေါ်မှာပါ။
__________
Sai Noung’s Status