Uncategorized

အံ့သြဂုဏ်ယူစရာ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာမြို့တော်ကြီး….

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံပါ….လက်ညှိုးထိုးမလွဲတဲ့ ဘုရားစေတီကျောင်းကန်ဇရပ်တွေ မြန်မာနိုင်ငံမှာ အများကြီပါ….

ဒါပေမဲ့ တစ်မြို့လုံး ဗုဒ္ဓဘာသာအထိမ်းအမှတ်တွေ ဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေ၊ စေတီပုထိုးတွေတော့ မရှိသေးပါဘူး…

အဲဒီလိုရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာမြို့ကြီးတစ်မြို့ မြန်မာနိုင်ငံမှာ မဟုတ်ဘဲ တခြားနိုင်ငံတစ်ခုမှာ ရှိတယ်ဆိုရင် ပရိသတ်ကြီးတို့ အံ့သြသွားမလား….ဟုတ်ပါတယ်… ကမ္ဘာ့အကြီးဆုံး အံ့သြဖွယ်ရာ ဗုဒ္ဓဘာသာမြို့တော်ကြီးက တရုတ်နိုင်ငံ ချန်ဒူမြို့မှ မိုင်၃၇၀အကွာရှိ လာရန်ဂါတောင်ကြားမှာ ရှိပါတယ်…

အဲဒီမြို့ကို ဘုန်းကြီးမြို့တော်ဟု နာမည်ပေးထားသော်လည်းတစ်ကယ်တော့ ဗုဒ္ဓဘာသာ အကယ်ဒမီ စာသင်တိုက်များဖြစ်ပါတယ်….

လူနေအိမ်များမဟုတ်ဘဲ အနီရောင်တဲအိမ်များနဲ့ တည်ဆောက်ထားတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တဲကျောင်းများသာဖြစ်ပါတယ်..

အဲဒီမှာ နေထိုင်ကြတဲ့ ဘုန်းတော်ကြီးတွေဟာ အဓိက မိမိတို့လေ့လာလိုတဲ့ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒများကိုသာ လေ့လာခွင့်ရှိပါတယ်….

အချို့ဘုန်းကြီးများကလည်း စကားမပြောဘဲ ဝစီပိတ်ကျင့်ကြံကြတယ်လို့ သိရပါတယ်…အဲဒီမြို့လေးဟာ အလွန့်အလွန်သာယာပြီးသူတော်ကောင်းတို့ရဲ့ ဓမ္မစာပေများသာ ကြားရပြီးဆဲဆိုသံ ရန်ဖြစ်သံ မကြားရပါဘူး….

အလွန်အေးချမ်းပြီး တိတ်ဆိတ်ငြိမ်သက်လှပါတယ် အလွန်အံ့သြစရာနေရာတစ်ခုလည်းဖြစ်ပါတယ်..

အဲဒီမှာ ဘုန်းတော်ကြီးတွေနဲ့ သီလရှင် အပါးလေးသောင်းကျော်သီတင်းသုံးနေထိုင်ကြပါတယ် …. ဘုန်းတော်ကြီးများနဲ့ သီလရှင်တို့ရဲ့ သီတင်းသုံးနေထိုင်ရာနေရာနဲ့ ကျောင်းကြားမှာ လမ်းမကြီးနဲ့ စည်းခြားထားပါတယ်..

ဒီ ဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်ကို ထင်ရှားတဲ့ ယင်မာလာမာ ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဂျင်မီဖန့်ဆော့စ်က လူနေထိုင်ခြင်းမရှိတဲ့ တောင်ကြားမှာ ၁၉၈၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ် …..

ချန်ဒူမြို့မှ မိုင်၃၇၀အကွာ ဆာတာဒေသရှိ ထိုဗုဒ္ဓဘာသာဘုန်းကြီးမြို့တော် သွားရောက်လိုပါက နာရီ ၂၀-ကြာခရီးကို ဖြတ်သန်းရမှာဖြစ်တယ်လို့ ဆိုပါတယ်…

ထူးခြားတာနောက်တစ်ခုက အဲဒီမှာ TV ကိုပိတ်ပင်ထားပြီးတော့ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်များဟာ ဘာသာရေးစာပေများ လေ့လာသင်ယူခြင်းဘုရားရှိခိုးခြင်းတို့သာ ပြုလုပ်ကြပါတယ်….”

ကဲ…ပရိသတ်ကြီးရေ အံ့သြဖွယ်ရာ ဗုဒ္ဓဘာသာမြို့တော်ကြီးကို ဒီလောက်ဆိုသိလောက်ပါပြီနော်….အခွင့်ကြုံရင် အဲဒီမြို့က ဘုန်းတော်ကြီးတွေကို သွားရောက်ဖူးမြော်နိုင်ပါတယ်…..ဒီလို ကမ္ဘာ့အံ့ဖွယ် ဗုဒ္ဓဘာသာမြို့တော်ကြီးရှိတာကို ဗုဒ္ဓဘာသာဝင်တို့ သိရှိ ဂုဏ်ယူနိုင်အောင် ပြန်လည်မျှဝေလိုက်ရပါတယ်နော်..

Writer ; Kwee (Jeeptoolay)

Source ; အရှင်ပညာသီဟ