အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (ယူအက်စ်အေ့ဒ်)မှ ပေးအပ်သည့် လင်ကွန်းပညာတော် သင်ဆုကို မြန်မာနိုင်ငံသား ၁၄ ဦး ရရှိခဲ့ပြီး ထို ၁၄ ဦးသည် အမေရိကန်တက္ကသိုလ်များတွင် ပညာသင်ဆု အပြည့်အဝဖြင့် မဟာဘွဲ့တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ ယခုလတွင် ထွက်ခွာကြမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုရှိတက္ကသိုလ်များသည် မြန်မာနိုင်ငံမှတက္ကသိုလ်များတွင် မရှိသေးသည့် ဘွဲ့လွန်အစီအစဉ် အများအပြားကို သင်ကြားပို့ချပေးလျှက်ရှိကြောင်း၊ ပြည်သူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်း ကျင်သိပ္ပံ၊ စိုက်ပျိုးရေး ဘောဂဗေဒ၊ ပြည်သူ့ရေးရာမူဝါဒနှင့် အုပ်ချုပ်ရေးပညာ ကဲ့သို့သော နယ်ပယ်များမှ ဘွဲ့များရရှိအောင် မြန်မာနိုင်ငံ၏
အနာဂတ်ခေါင်းဆောင်များကို ပညာသင်ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ အစိုးရပိုင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများတွင် နည်းပညာစွမ်းရည်များ ရှိလာကြရန်ရည်ရွယ်ပြီး ထိုနည်းပညာစွမ်းရည်များဖြင့် ၂၁ ရာစုတွင် ပိုမိုရှုပ်ထွေးလာသော ပြဿနာကိစ္စများကြားမှ ပြည်သူများကိုဦးဆောင်မှု ပေးနိုင်လိမ့်မည်ဟု မျှော့်လင့်ထားကြောင်း သိရသည်
“မြန်မာနိုင်ငံတစ်ဝန်းက အခုလို လူငယ်ခေါင်းဆောင် ၁၄ ဦး မဟာဘွဲ့တက်ရောက်ကြဖို့အတွက် အမေရိကန်ပြည် ထောင်စုကို စေလွှတ်ခွင့်ရလို့ ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖန်တီး ပုံဖော်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် နိုင်ငံတစ်နံတစ်လွှားက ထူးချွန်တဲ့သူတွေ ပညာရေးနဲ့ခေါင်းဆောင်မှု ဆိုင်ရာ အတွေ့အကြုံတွေကိုရစေဖို့ အခုလိုဆောင်ရွက်ပေးတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး ယာယီတာဝန်ခံ ဂျော့ခ်ျဆစ်ဘလီကပြောသည်။
အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွါကြမည့် လင်ကွန်းပညာတော်သင် ပထမဆုံးအသုတ်တွင် ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ကို
ကိုယ်စား ပြုသော အမျိုးသမီး ကိုးဦးနှင့် အမျိုးသားငါးဦး ပါဝင်ကြောင်း၊ အမေရိကန် ပြည်ထောင်စုရှိ တက္ကသိုလ် ၁၀ ခုတွင် သွားရောက်ပညာသင်ကြားကြမည့် လင်ကွန်းပညာတော်သင် ၁၄ ဦးစလုံးသည် ဂျော့ခ်ျမေဆန်တက္ကသိုလ် တွင် ထပ်လောင်း ဘာသာရပ်ဖြစ်သော ခေါင်းဆောင်မှုနှင့် ပဋိပက္ခဖြေရှင်းရေးဘာသာရပ်များကိုလည်း ပါဝင်သင်ယူ ကြမည်ဖြစ်ကြောင်း သိရသည်။
ပြည်မြန်မ