အေထြေထြဗဟုသုတ

ချက်ချင်းလက်ငင်းအကျိုးပေးမြန်သောဆေးပေါင်းခတဲ့တန်ဆောင်မုန်းလပြည့်ညပံ့သကူအလှူတော်

အကျိုးပေးမြန်သော ပံ့သကူ တန်ဆောင်မုန်းလပြည့် ည ၁၂ နာရီမှာပံ့သကူပစ်ပါ ကိုယ်တတ်နိုင်သည့် ပမာဏလေးကို စေတနာများစွာဖြင့်ပံ့သကူပစ်ပါ ရရှိလာမည့်အကျိုးကို မမျှော်ကိုးပဲပစ်ပါ နောင်ဘဝရမည့်ကုသိုလ် ယခုရမည့်

ကုသိုလ်အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ ကိုယ့်ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင် ကိုယ်ပီတိဖြစ်ရတာက ချက်ခြင်းလက်ငင်းရတဲ့ အကျိုးကျေးဇူးပါ ငွေဖြစ်စေ ဆန်အိပ်သေးသေးလေးဖြစ်စေ ပံ့သကူပစ်ပါသည်လို့

စာလေးရေးပြီး ပံ့သကူပစ်နိုင်ပါတယ် ရတဲ့သူလည်း လွတ်လွပ်စွာ ပျော်ရကိုယ်သည်လည်း ပုဂ္ဂိုလ်စွဲမရှိပဲ ဖြူစင်စွာလှူရလို့ ဘယ်လောက်ပီတိဖြစ်ရသလဲဗျာ ကိုယ်လှူမယ့် ပစ္စည်းကို ၁။ အိတ်နဲ့ထည့်မည်ဆိုလျှင် ကြွပ်ကြွပ်အိတ်အကြည်သုံးပါ

ဥပမာ ဆန်တို့ သကြားတို့ ဆပ်ပြာမှုန့်စသဖြင့် ၂။ ပိုက်ဆံဆိုလျှင်တော့အိတ်မလိုပါဘူး စက္ကူပေါ်မှာ ပံ့သကူပစ်သည်လို့ရေးပြီး ပိုက်ဆံမှာ သရေကွင်းနဲ့လိပ်ပြီး ချည်ထားလိုက်ပေါ့။းအထူးအရေးကြီးတာက ပံ့သကူပစ်ပါသည်ဆိုတဲ့

စာလေး ကပ်ထားပေးရမယ် ဒါမှရတဲ့သူတွေလည်း ဘေးကင်းပြီးသောကကင်းစွာ ရယူနိုင်ကြမှာပါ ရယူလို့ဖြစ်တဲ့ပျော်ရွှင်ခြင်းထက် ပေးကမ်းလို့ရတဲ့ပျော်ရွှင်မှုက ပိုပြီးပျော်ရွှင်ရပါတယ်လေ မေတ္တာများစွာဖြင့်

crd

zawgyi






crd