News

မြန်မာပြည်သူတွေအပေါ်ငွေကြေးလိ-မ်လ-ည်ယူမည့် အက်ပလီကေးရှင်းအသစ်ထွက်ပေါ်

ရန်ကုန်၊ နိုဝင်ဘာ ၅

ပြည်တွင်းတွင် ငွေလိမ်နိုင်သည့် Exxon Application အသစ်တစ်ခု ထွက်ရှိလာပြီး မြန်မာပြည်သူများကို အဖွဲ့ဝင် အဖြစ် ငွေထည့်ခိုင်းခြင်း၊

လူစုဆောင်းများမှုများ သတိပြုရန်လိုအပ်ကြောင်း ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု ကျွမ်းကျင်သူတချို့က သတိပေးပြောဆိုသည်။

လူမှုကွန်ရက်တွင် Exxon အမည်ရ Application က ၎င်းတို့သည် အမေရိကန်နိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်သွားမည်ဟု ကြော်ငြာလာကြောင်း၊

မြန်မာပြည်သူများအနေဖြင့် ရှယ်ယာများ ရင်းနှီးမြှုပ်နှံကြရန် အောက်တိုဘာ လကုန်မှ စ၍ ဖိတ်ခေါ်လာကြောင်း၊ အဆိုပါ

Application မကြာသေးမီက လူပေါင်း သောင်းနှင့်ချီ အလိမ်ခံရသော Joom ဆော့ဖ်ဝဲ၏ ဒီဇိုင်းဆွဲထားပုံ တစ်ပုံစံ တည်းဖြစ်ကြောင်း သိရှိရသည်။

Exxon အမည်ဖြင့် အမေရိကန်ရုပ်ရှင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဆိုသည်မှာလည်း ပြင်ပတွင် အမှန်တကယ် ရှိမနေဘဲ ငွေကြေးဈေးကျွမ်းကျင်သူများနှင့် Application အတုများကို သတိထားစောင့်ကြည့်လေ့လာနေသူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ Exxon Application က ရှေ့မှာ ငွေသိန်းသောင်းချီ လိမ်လည်သွားတဲ့ Joom တို့ Koala တို့လိုပဲ။ အဖွဲ့စဝင်တာနဲ့ ငွေကျပ် ၄၀၀၀၀ ထည့်ရမယ်ဆိုပြီး ပြောတယ်။ Application Design ဆွဲထားတဲ့ ပုံကိုက joom နဲ့ တစ်ပုံစံတည်းပါ။

အရင် Joom ဆွယ်တဲ့ သူတွေကလည်း အကောင့်အတုနဲ့ သူများပုံသုံးပြီး ဆွယ်တာပါ။ အဲလူတွေ အကောင့်က ရှာမတွေ့တော့ပါဘူး။ အခုလည်း အကောင့်အတုတွေနဲ့ ဆွယ်နေတာပါ” ဟု လေ့လာစောင့်ကြည်သူက ပြောသည်။

လက်ရှိအချိန်တွင် Exxon တွင် ငွေရင်းနှီးမြုပ်နှံကြရန် ဆွယ်နေကြသူများမှာ ယခင် Joom တွင် ထဲထဲဝင်ဝင် လုပ် ဆောင်နေကြသူများလည်း ပါဝင်နေကြောင်း၊

ငွေများများရင်းလျှင် အရင်းမြန်မြန်ရမည်ဖြစ်ကြောင်း၊ ငွေမရင်းလျှင်လည်း အဖွဲ့ဝင်များများ စုဆောင်းပါက အကျိုးအမြတ် များများရမည်ဟု စည်းရုံးနေကြောင်း သိရှိရသည်။

လူမှုကွန်ရက်မှတစ်ဆင့် ငွေကြေးထည့်ခိုင်း အဖွဲ့ဝင်စုဆောင်း အကျိုးအမြတ်ပေးသည့် Application အတုများဖြင့် ငွေလိမ်လည်မှုများ ခေတ်စားလာနေသဖြင့် မြန်မာပြည်သူများအားလုံး သတိပြုကြရန် လေ့လာသူများက ထပ်မံ သတိပေးထားသည်။

 

Zawgyi

ေငြလိမ္မည့္ Exxon Application အသစ္တစ္ခု ထြက္ရွိလာၿပီး ျပည္သူမ်ားကို အဖြဲ႕ဝင္ အျဖစ္ ေငြ ထည့္ခိုင္းျခင္း၊ လူစုေဆာင္းခိုင္းမႈမ်ား အထူး သတိျပဳရန္လိုအပ္

ရန္ကုန္၊ ႏိုဝင္ဘာ ၅

ျပည္တြင္းတြင္ ေငြလိမ္ႏိုင္သည့္ Exxon Application အသစ္တစ္ခု ထြက္ရွိလာၿပီး ျမန္မာျပည္သူမ်ားကို အဖြဲ႕ဝင္ အျဖစ္ ေငြထည့္ခိုင္းျခင္း၊

လူစုေဆာင္းမ်ားမႈမ်ား သတိျပဳရန္လိုအပ္ေၾကာင္း ေငြေၾကးဆိုင္ရာစီမံခန႔္ခြဲမႈ ကြၽမ္းက်င္သူတခ်ိဳ႕က သတိေပးေျပာဆိုသည္။

လူမႈကြန္ရက္တြင္ Exxon အမည္ရ Application က ၎တို႔သည္ အေမရိကန္ႏိုင္ငံတြင္ တရားဝင္မွတ္ပုံတင္ထားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီတစ္ခုျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ ႐ုံးခြဲဖြင့္လွစ္သြားမည္ဟု ေၾကာ္ျငာလာေၾကာင္း၊

ျမန္မာျပည္သူမ်ားအေနျဖင့္ ရွယ္ယာမ်ား ရင္းႏွီးျမႇဳပ္ႏွံၾကရန္ ေအာက္တိုဘာ လကုန္မွ စ၍ ဖိတ္ေခၚလာေၾကာင္း၊ အဆိုပါ

Application မၾကာေသးမီက လူေပါင္း ေသာင္းႏွင့္ခ်ီ အလိမ္ခံရေသာ Joom ေဆာ့ဖ္ဝဲ၏ ဒီဇိုင္းဆြဲထားပုံ တစ္ပုံစံ တည္းျဖစ္ေၾကာင္း သိရွိရသည္။

Exxon အမည္ျဖင့္ အေမရိကန္႐ုပ္ရွင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီဆိုသည္မွာလည္း ျပင္ပတြင္ အမွန္တကယ္ ရွိမေနဘဲ ေငြေၾကးေဈးကြၽမ္းက်င္သူမ်ားႏွင့္ Application အတုမ်ားကို သတိထားေစာင့္ၾကည့္ေလ့လာေနသူမ်ားက ရန္ကုန္ေခတ္သစ္သို႔ ေျပာၾကားသည္။

“ Exxon Application က ေရွ႕မွာ ေငြသိန္းေသာင္းခ်ီ လိမ္လည္သြားတဲ့ Joom တို႔ Koala တို႔လိုပဲ။ အဖြဲ႕စဝင္တာနဲ႔ ေငြက်ပ္ ၄၀၀၀၀ ထည့္ရမယ္ဆိုၿပီး ေျပာတယ္။ Application Design ဆြဲထားတဲ့ ပုံကိုက joom နဲ႔ တစ္ပုံစံတည္းပါ။

အရင္ Joom ဆြယ္တဲ့ သူေတြကလည္း အေကာင့္အတုနဲ႔ သူမ်ားပုံသုံးၿပီး ဆြယ္တာပါ။ အဲလူေတြ အေကာင့္က ရွာမေတြ႕ေတာ့ပါဘူး။ အခုလည္း အေကာင့္အတုေတြနဲ႔ ဆြယ္ေနတာပါ” ဟု ေလ့လာေစာင့္ၾကည္သူက ေျပာသည္။

လက္ရွိအခ်ိန္တြင္ Exxon တြင္ ေငြရင္းႏွီးျမဳပ္ႏွံၾကရန္ ဆြယ္ေနၾကသူမ်ားမွာ ယခင္ Joom တြင္ ထဲထဲဝင္ဝင္ လုပ္ ေဆာင္ေနၾကသူမ်ားလည္း ပါဝင္ေနေၾကာင္း၊

ေငြမ်ားမ်ားရင္းလွ်င္ အရင္းျမန္ျမန္ရမည္ျဖစ္ေၾကာင္း၊ ေငြမရင္းလွ်င္လည္း အဖြဲ႕ဝင္မ်ားမ်ား စုေဆာင္းပါက အက်ိဳးအျမတ္ မ်ားမ်ားရမည္ဟု စည္း႐ုံးေနေၾကာင္း သိရွိရသည္။

လူမႈကြန္ရက္မွတစ္ဆင့္ ေငြေၾကးထည့္ခိုင္း အဖြဲ႕ဝင္စုေဆာင္း အက်ိဳးအျမတ္ေပးသည့္ Application အတုမ်ားျဖင့္ ေငြလိမ္လည္မႈမ်ား ေခတ္စားလာေနသျဖင့္ ျမန္မာျပည္သူမ်ားအားလုံး သတိျပဳၾကရန္ ေလ့လာသူမ်ားက ထပ္မံ သတိေပးထားသည္။

crd