အေထြေထြဗဟုသုတ

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။

အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။

၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး

အချိန်က အရာရာကို ကုစား သွားမယ်လို့ သိထားရက်နဲ့ သင့်ကျမှ မမေ့နိုင် ဘာကြောင့် ဖြစ်နေရလဲ စဉ်းစားဖူးလား။ သင့်ဦးနှောက်က ဝေးကွာခြင်းဆိုတဲ့ အရာကို လက်မခံ နိုင်သေး လို့ပါ။

ဒီလိုခံစားရတာ သင်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ မှတ်ထားပေးပါ။ မမေ့နိုင်သေး တာကို အပြစ်တင် တာမျိုး မလုပ်ပါနဲ့။ လူတစ်ယောက်နဲ့ တစ်ယောက် မေ့ပျောက်နိုင်ဖို့ အချိန်ကာလက မတူညီပါဘူး။

၂။ အတင်းပျော်ဖို့ ဖိအားမပေးပါနဲ့

ပိတ်ရက်တွေမှာ ကိုယ့်ရဲ့ခင်မင်ရင်းနှီး သူတွေက ပျော်နေကြတယ်။ သင်တစ်ယောက်တည်း မပျော်နိုင်ဘူး။ အခြားသူတွေပျော်နေကြလို့ ကိုယ့်ကိုကိုယ် အတင်းပျော်ဖို့ ဖိအားပေးစရာ မလိုပါဘူး။

သင်မလုပ်ချင်တဲ့ အရာကို အတင်းလုပ်စရာ မလိုပါဘူး။ လူတွေကို စိတ်ချမ်းသာအောင် ကြိုးစားမယ့်အစား ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင် အရင်ထားပါ။

၃။ ပျော်တာကိုလည်း အပြစ်ရှိတယ်မထင်ပါနဲ့

သင်ချစ်ခဲ့ရသူက အဝေးတစ်နေရာမှာ ရှိနေတဲ့အချိန် သင်က စိတ်မညစ်ဘဲ ပျော်နေမိတယ်လို့ တွေးတာတွေမလုပ်ပါနဲ့။ သင်ပျော်နေသလို အဝေးတစ်နေရာက သင်သတိရ သူလည်း ပျော်ရွှင်နေ မှာပါ။

၄။ သင်နဲ့ပတ်သက်သူတွေကို ရိုးသားမှုရှိပါ

သင့်သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ သွားချင်စိတ်မရှိရင် မသွားပါနဲ့။ သင်ခံစားနေရတဲ့ အရာတွေကို သူတို့ကို ပွင့်ပွင့်လင်းလင်းပြောပါ။ သင့်ခံစား ချက်တွေကို အနီးအနား သင်ယုံကြည်ရာလူတွေဆီမှာ ရင်ဖွင့်ပါ။

၅။ သင်အဆင်ပြေသွားမှာပါ

အဆင်ပြေသွားမှာ ပါလို့ လူတွေက သင့်ကိုပြောကြ မှာပါပဲ။ ဒီစကားက အမှန်ပါပဲ။ တစ်ချိန်ချိန်မှာ အရာအားလုံး မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး အဆင်ပြေ သွားမှာပါ။

#Credit#

zawgyi

သင့္ရဲ႕ဘဝမွာ လုံးဝ မဆုံႏိုင္ေတာ့တဲ့ သူတစ္ေယာက္၊ အၿမဲ သတိရေနသူ တစ္ေယာက္ ကေတာ့ ရွိခဲ့ဖူးမွာပါ။ အခုရွိေန ရင္လည္း ရွိေနမွာေပါ့။ သူက ကိုယ့္အနားလုံးဝမရွိေတာ့တာျဖစ္ေစ၊ ဒီကမာၻႀကီးမွာ မရွိေတာ့ တာပဲျဖစ္ျဖစ္ သူ႔ကို သတိရတဲ့ အခ်ိန္ ရွိမွာပါပဲ။

အဲ့လိုအခ်ိန္မွာ တမ္းတစိတ္ေၾကာင့္ ႐ူး႐ူးမိုက္မိုက္ မျဖစ္သြား ပါနဲ႔။ သင္ခံစား ႏိုင္ပါတယ္။ နာက်င္ႏိုင္ပါတယ္။ သတိရ ႏိုင္ပါတယ္။ ဒါေပမဲ့ သတိရတဲ့ အခ်ိန္တိုင္း အရင္ကထက္ ပိုသက္သာေစ မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးပါရေစ။

၁။ ဒီလိုခံစားရတာ သင့္အမွား မဟုတ္ပါဘူး

အခ်ိန္က အရာရာကို ကုစား သြားမယ္လို႔ သိထားရက္နဲ႔ သင့္က်မွ မေမ့ႏိုင္ ဘာေၾကာင့္ ျဖစ္ေနရလဲ စဥ္းစားဖူးလား။ သင့္ဦးေႏွာက္က ေဝးကြာျခင္းဆိုတဲ့ အရာကို လက္မခံ ႏိုင္ေသး လို႔ပါ။

ဒီလိုခံစားရတာ သင္တစ္ေယာက္တည္း မဟုတ္ဘူး ဆိုတာ မွတ္ထားေပးပါ။ မေမ့ႏိုင္ေသး တာကို အျပစ္တင္ တာမ်ိဳး မလုပ္ပါနဲ႔။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ေမ့ေပ်ာက္ႏိုင္ဖို႔ အခ်ိန္ကာလက မတူညီပါဘူး။

၂။ အတင္းေပ်ာ္ဖို႔ ဖိအားမေပးပါနဲ႔

ပိတ္ရက္ေတြမွာ ကိုယ့္ရဲ႕ခင္မင္ရင္းႏွီး သူေတြက ေပ်ာ္ေနၾကတယ္။ သင္တစ္ေယာက္တည္း မေပ်ာ္ႏိုင္ဘူး။ အျခားသူေတြေပ်ာ္ေနၾကလို႔ ကိုယ့္ကိုကိုယ္ အတင္းေပ်ာ္ဖို႔ ဖိအားေပးစရာ မလိုပါဘူး။

သင္မလုပ္ခ်င္တဲ့ အရာကို အတင္းလုပ္စရာ မလိုပါဘူး။ လူေတြကို စိတ္ခ်မ္းသာေအာင္ ႀကိဳးစားမယ့္အစား ကိုယ့္ကိုကိုယ္ စိတ္ခ်မ္းသာေအာင္ အရင္ထားပါ။

၃။ ေပ်ာ္တာကိုလည္း အျပစ္ရွိတယ္မထင္ပါနဲ႔

သင္ခ်စ္ခဲ့ရသူက အေဝးတစ္ေနရာမွာ ရွိေနတဲ့အခ်ိန္ သင္က စိတ္မညစ္ဘဲ ေပ်ာ္ေနမိတယ္လို႔ ေတြးတာေတြမလုပ္ပါနဲ႔။ သင္ေပ်ာ္ေနသလို အေဝးတစ္ေနရာက သင္သတိရ သူလည္း ေပ်ာ္႐ႊင္ေန မွာပါ။

၄။ သင္နဲ႔ပတ္သက္သူေတြကို ႐ိုးသားမႈရွိပါ

သင့္သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပြဲ႐ႊင္ပြဲေတြ သြားခ်င္စိတ္မရွိရင္ မသြားပါနဲ႔။ သင္ခံစားေနရတဲ့ အရာေတြကို သူတို႔ကို ပြင့္ပြင့္လင္းလင္းေျပာပါ။ သင့္ခံစား ခ်က္ေတြကို အနီးအနား သင္ယုံၾကည္ရာလူေတြဆီမွာ ရင္ဖြင့္ပါ။

၅။ သင္အဆင္ေျပသြားမွာပါ

အဆင္ေျပသြားမွာ ပါလို႔ လူေတြက သင့္ကိုေျပာၾက မွာပါပဲ။ ဒီစကားက အမွန္ပါပဲ။ တစ္ခ်ိန္ခ်ိန္မွာ အရာအားလုံး ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ၿပီး အဆင္ေျပ သြားမွာပါ။

#Credit#