knowledge

အတွေးလွန်တော့ ဗူးပင်ကုန်…

“အေတြးလြန္ေတာ့ ဗူးပင္ကုန္”

တခါတုန္းက..လယ္သမားႀကီးတေယာက္ဟာ အိမ္ေရွ႕ကြပ္ပ်စ္အိုေလးေပၚမွာ အဆင္မေျပျခင္းမ်ားစြာျဖင့္ စိတ္ပ်က္လက္ပ်က္ထိုင္ေနရင္း ေဆးတံတိုကိုခဲကာ အိမ္ၿခံဝင္းတံခါးေပါက္ဆီသို႔ေငးၾကည့္ေနခဲ့မိေလ၏။ ထိုသို႔ေငးၾကည့္ေနရာမွ အိမ္ဝင္းတံခါးေပါက္အမိုးစင္ေလးမွာေခြးႏို႔စို႔သည့္ဟန္ တြဲလီတြဲေလာင္းျဖင့္အသီးပြင့္မ်ားေဝေဝဆာဆာသီးပြင့္ေနေသာ အေလ့က်ေပါက္သည့္ဗူးပင္ပ်ိဳတပင္အား သတိထားမိသြားေလသည္။

ထိုအခါ စိတ္ပ်က္လက္ပ်က္ျဖစ္ေနေသာလယ္သမားႀကီး၏ေခါင္းထဲတြင္ အေတြးတခု ဝင္းကနဲလက္၍သြားခဲ့‌ေလ၏။ “အိုး.. ၾကည့္စမ္းပါအုံး..သီးေနလိုက္သည့္ဗူးသီးေတြ ငါလည္း ေရတစက္မွ်မေလာင္းရပါပဲ သီးေနလိုက္ၾကတာ ႀကီးေနလိုက္ၾကတာဒီဗူးသီးေတြကိုခူးၿပီး ေဈးမွာသြားေရာင္းရရင္ျဖင့္ ေငြေတြအမ်ားႀကီးရ‌ေတာ့မွာပဲေဟ့.. “လယ္သမားႀကီးမွာ ေဆးတံမွေထာင္းကနဲလြင့္တက္လာေသာမီးခိုးေငြ႕မ်ားကိုမႈတ္ထုတ္လိုက္ရင္း အေတြးစိတ္ကူးနယ္ခ်ဲ႕မိေလေတာ့သည္။” မဟုတ္ေသးဘူး..ဒီ့ထက္မ်ားလာေအာင္ ငါကိုယ္တိုင္ငါ့လယ္ေတာမွာ ဗူးပင္ေတြအမ်ားႀကီးထပ္စိုက္ရမယ္..

တစ္ပင္ကိုဒီေလာက္သီးပုံမ်ိဳးနဲ႔ ဒီေလာက္ေငြေတြရရင္ အပင္ေတြအမ်ားႀကီးသာဆို ေငြေတြလည္း ငါ့မွာအမ်ားႀကီးရလာေတာ့မယ္ေလ..”စိတ္ကူးျဖင့္သာယာေနေသာလယ္သမားႀကီးသည္ ခဲထားေသာေဆးတံကိုဖြာထုတ္လိုက္ၿပီး ႏႈတ္ခမ္းေမႊးကို ဟန္ပါပါပြတ္သပ္ကာ ေက်ေက်နပ္ႀကီးပင္ၿပဳံးေနမိေတာ့သည္။

” ဟုတ္ၿပီ..ဟုတ္ၿပီ..ဗူးပင္ေတြအမ်ားႀကီးစိုက္ၿပီး ငါေျမေတာင္ေျမႇာက္‌ေပးရမယ္ အသီးေတြအမ်ားႀကီးသီးလာၿပီး ေငြေတြအမ်ားႀကီးရလာရင္ ငါပင္ပင္ပန္းပန္းနဲ႔ လယ္လုပ္စရာမလိုေတာ့ေအာင္ ဆင္တေကာင္ဝယ္ၿပီး သစ္ကြင္းထဲကိုထည့္ထားလိုက္ေတာ့မယ္။ရလာတဲ့အခ ေၾကး ေငြနဲ႔ ငါတို႔လင္မယား ေအးေအးေဆးေဆး စားေသာက္ေနႏိုင္ၿပီေလ..”လယ္သမားႀကီးမွာ စိတ္ကူးယဥ္အေတြးထဲ ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ၿပဳံးေနမိေတာ့သည္။

သို႔ေသာ္စိတ္းကူအယဥ္လြန္သြားေသာလယ္သမားႀကီးမွာ..ဆင္ႀကီးကိုစီးကာ သစ္ကြင္းျမႇပန္လာလွ်င္ အိမ္အဝင္ဗူးပင္နဲ႔လြတ္မွာမဟုတ္ေပဘူး.. ငါ့ဆင္ႀကီးအိမ္အဝင္မွာဒီဗူးပင္ကအေႏွာက္အယွက္ေပးေတာ့မွာပဲဟုေတြးမိသျဖင့္ ေဆးတံကိုပစ္ခ် ကြပ္ ပ်စ္ေဘးမွေပါက္တူးကိုဆက္ကနဲ႔ဆြဲကိုင္ရပ္ကာ ဗူးပင္ႀကီး၏အျမစ္အား ခုတ္ျဖတ္ခ်လိုက္ေလေတာ့၏။

ထိုအျပဳအမူအားအမွတ္မထင္ျမင္လိုက္ေသာ အိမ္နီးျခင္းတဦးမွာ အလြန္ပင္အံ့ဩသြားၿပီး အဘယ့္ေၾကာင့္ဒီေလာက္သီးပြင့္ေနသည့္ ဗူးပင္အား ခုတ္ျဖတ္လိုက္ရေၾကာင္းလယ္သမားႀကီးအားေမးေလရာ လယ္သမားႀကီးမွ သူ႔အေနျဖင့္ အိမ္ကိုဆင္စီးဝင္လာတဲ့အခါအေႏွာက္အယွက္ျဖစ္လာေစႏိုင္သျဖင့္ အခုလိုႏွိမ္လိုက္ရေၾကာင္းရွင္းျပေလသည္။

ထိုအခါအိမ္နီးျခင္းမိတ္ေဆြမွလယ္သမားႀကီးမွာ ဆင္တေကာင္ရွိေနၿပီလားဟု တအံတဩျဖင့္ဆက္ လက္ေမးလိုက္ရာတြင္ေတာ့လယ္သမားႀကီးမွာ အေတြးလြန္ေနရာမွသတိျပန္ဝင္လာကာ ဟာကနဲျဖင့္ ေနာင္တႀကီးစြာရၿပီး ဗူးပင္ေသ ၏ေျခရင္းမွာ စိတ္ပ်က္လက္ပ်က္ျဖင့္ပင္ ငိုင္စင္းသြားခဲ့ေလေတာ့သည္။ အေတြးတစ္ခုရၾကပါေစ..။

Credit – မူရင္းေရးသားသူအား ေလးစားစြာျဖင့္

unicode

“အတွေးလွန်တော့ ဗူးပင်ကုန်”

တခါတုန်းက..လယ်သမားကြီးတယောက်ဟာ အိမ်ရှေ့ကွပ်ပျစ်အိုလေးပေါ်မှာ အဆင်မပြေခြင်းများစွာဖြင့် စိတ်ပျက်လက်ပျက်ထိုင်နေရင်း ဆေးတံတိုကိုခဲကာ အိမ်ခြံဝင်းတံခါးပေါက်ဆီသို့ငေးကြည့်နေခဲ့မိလေ၏။ ထိုသို့ငေးကြည့်နေရာမှ အိမ်ဝင်းတံခါးပေါက်အမိုးစင်လေးမှာခွေးနို့စို့သည့်ဟန် တွဲလီတွဲလောင်းဖြင့်အသီးပွင့်များဝေဝေဆာဆာသီးပွင့်နေသော အလေ့ကျပေါက်သည့်ဗူးပင်ပျိုတပင်အား သတိထားမိသွားလေသည်။

ထိုအခါ စိတ်ပျက်လက်ပျက်ဖြစ်နေသောလယ်သမားကြီး၏ခေါင်းထဲတွင် အတွေးတခု ဝင်းကနဲလက်၍သွားခဲ့‌လေ၏။ “အိုး.. ကြည့်စမ်းပါအုံး..သီးနေလိုက်သည့်ဗူးသီးတွေ ငါလည်း ရေတစက်မျှမလောင်းရပါပဲ သီးနေလိုက်ကြတာ ကြီးနေလိုက်ကြတာဒီဗူးသီးတွေကိုခူးပြီး ဈေးမှာသွားရောင်းရရင်ဖြင့် ငွေတွေအများကြီးရ‌တော့မှာပဲဟေ့.. “လယ်သမားကြီးမှာ ဆေးတံမှထောင်းကနဲလွင့်တက်လာသောမီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်ရင်း အတွေးစိတ်ကူးနယ်ချဲ့မိလေတော့သည်။” မဟုတ်သေးဘူး..ဒီ့ထက်များလာအောင် ငါကိုယ်တိုင်ငါ့လယ်တောမှာ ဗူးပင်တွေအများကြီးထပ်စိုက်ရမယ်..

တစ်ပင်ကိုဒီလောက်သီးပုံမျိုးနဲ့ ဒီလောက်ငွေတွေရရင် အပင်တွေအများကြီးသာဆို ငွေတွေလည်း ငါ့မှာအများကြီးရလာတော့မယ်လေ..”စိတ်ကူးဖြင့်သာယာနေသောလယ်သမားကြီးသည် ခဲထားသောဆေးတံကိုဖွာထုတ်လိုက်ပြီး နှုတ်ခမ်းမွှေးကို ဟန်ပါပါပွတ်သပ်ကာ ကျေကျေနပ်ကြီးပင်ပြုံးနေမိတော့သည်။

” ဟုတ်ပြီ..ဟုတ်ပြီ..ဗူးပင်တွေအများကြီးစိုက်ပြီး ငါမြေတောင်မြှောက်‌ပေးရမယ် အသီးတွေအများကြီးသီးလာပြီး ငွေတွေအများကြီးရလာရင် ငါပင်ပင်ပန်းပန်းနဲ့ လယ်လုပ်စရာမလိုတော့အောင် ဆင်တကောင်ဝယ်ပြီး သစ်ကွင်းထဲကိုထည့်ထားလိုက်တော့မယ်။ရလာတဲ့အခ ကြေး ငွေနဲ့ ငါတို့လင်မယား အေးအေးဆေးဆေး စားသောက်နေနိုင်ပြီလေ..”လယ်သမားကြီးမှာ စိတ်ကူးယဉ်အတွေးထဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနေမိတော့သည်။

သို့သော်စိတ်းကူအယဉ်လွန်သွားသောလယ်သမားကြီးမှာ..ဆင်ကြီးကိုစီးကာ သစ်ကွင်းမြှပန်လာလျှင် အိမ်အဝင်ဗူးပင်နဲ့လွတ်မှာမဟုတ်ပေဘူး.. ငါ့ဆင်ကြီးအိမ်အဝင်မှာဒီဗူးပင်ကအနှောက်အယှက်ပေးတော့မှာပဲဟုတွေးမိသဖြင့် ဆေးတံကိုပစ်ချ ကွပ် ပျစ်ဘေးမှပေါက်တူးကိုဆက်ကနဲ့ဆွဲကိုင်ရပ်ကာ ဗူးပင်ကြီး၏အမြစ်အား ခုတ်ဖြတ်ချလိုက်လေတော့၏။

ထိုအပြုအမူအားအမှတ်မထင်မြင်လိုက်သော အိမ်နီးခြင်းတဦးမှာ အလွန်ပင်အံ့ဩသွားပြီး အဘယ့်ကြောင့်ဒီလောက်သီးပွင့်နေသည့် ဗူးပင်အား ခုတ်ဖြတ်လိုက်ရကြောင်းလယ်သမားကြီးအားမေးလေရာ လယ်သမားကြီးမှ သူ့အနေဖြင့် အိမ်ကိုဆင်စီးဝင်လာတဲ့အခါအနှောက်အယှက်ဖြစ်လာစေနိုင်သဖြင့် အခုလိုနှိမ်လိုက်ရကြောင်းရှင်းပြလေသည်။

ထိုအခါအိမ်နီးခြင်းမိတ်ဆွေမှလယ်သမားကြီးမှာ ဆင်တကောင်ရှိနေပြီလားဟု တအံတဩဖြင့်ဆက် လက်မေးလိုက်ရာတွင်တော့လယ်သမားကြီးမှာ အတွေးလွန်နေရာမှသတိပြန်ဝင်လာကာ ဟာကနဲဖြင့် နောင်တကြီးစွာရပြီး ဗူးပင်သေ ၏ခြေရင်းမှာ စိတ်ပျက်လက်ပျက်ဖြင့်ပင် ငိုင်စင်းသွားခဲ့လေတော့သည်။ အတွေးတစ်ခုရကြပါစေ..။

Credit – မူရင်းရေးသားသူအား လေးစားစွာဖြင့်