အေထြေထြဗဟုသုတ

“ျမန္မာႏိုင္ငံမွာ ဒီေလာက္ အံ့ဩဖို႔ေကာင္းတဲ့ ေရွးေဟာင္းနယ္ေျမတစ္ခု ရွိေနတယ္ဆိုတာ သင္သိၿပီးၿပီလား”

ရွှေဘတောင်

“မြန်မာနိုင်ငံမှာ ဒီလောက် အံ့ဩဖို့ကောင်းတဲ့ ရှေးဟောင်းနယ်မြေတစ်ခု ရှိနေတယ်ဆိုတာ သင်သိပြီးပြီလား”

ဘာနည်းပညာ အကူအညီမှ မပါပဲ ကျောက်တောင်ကြီး တစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့” ရွှေဘတောင် ” အံသြရပါပေတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုနေရာရှိနေတယ်ဆိုတာ သိရတော့အလွန့်အလွန်ကိုလည်းဂုဏ်ယူမိပါတယ်။

နှစ်ပေါင်း ၉၀၀တိုင်အောင် ခမ်းခမ်းနားနားရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ရွှေဘတောင်ဟာ နောင်တစ်ချိန်ကို သွားရောင်လေ့လာလည်ပတ်ဖို့ နှလုံးသားထဲကတေးမှတ်ထားရမဲ့နေရာပါပဲ။

ကျောက်စေတီတွေ၊ ကျောက်လှိုဏ်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနဲ့ ကျောက်ပန်းပုတွေနဲ့ ခမ်းနားစွာတည်ရှိနေတဲ့ ရွှေဘတောင်အကြာင်းကို ဒီနေရာကနေ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

ရွှေဘတောင်ဟာ မုံရွာမြို့တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း‌ဒေသကြီး ယင်းမာပင်မြို့နယ်တွင်တည်ရှိပါသည်။

ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါသည်။

ရှေးဟောင်းကျောက်ထွင်းကျောက်တောင်ကြီးတွေဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။

မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေ နဲ့သာတည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေက‌တော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။

ကျောက်သားနံရံများကို အင်္ဂတေလုံးဝမပါပဲ မြန်မာမှုလက်ရာကျောက်ပန်းတမော့နှင့်ကျောက်လက်မှုပညာစစ်စစ်တွေနဲ့သာထွင်းထုထားပါသည်။

ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကားကတော့ Instragram နာမည်ကြီးနေရာဖြစ်ပြီး ‌

ကျောက်နံရံကို ကျောက်ရေအိုးစဉ်အဖြစ် အသက်သွင်းထားမှုတွေ၊ ‌ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး အတွင်းမှာ စေတီများ ဘုရားများ တည်ထားပါသည်။

နောက်ထပ် အထင်ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ။ ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။

ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ်အလောင်းစည်သူမင်းလက်ထက်တွင် ကျောက်ထွင်းအနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘမှ ထိုကျောက်တောင်အကြီးကြီးတွင်

ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး

ကျောက်လူသွားလမ်းဖောက်လုပ်ရာမှ ‌‌ရွှေဘတောင်ဟူ၍အမည်တွင်ရခြင်းဖြစ်ပေသည်။

ကျောက်ထွင်းအနုပညာရှင်ဦးရွှေဘနှင့် တပည့်များမှ ထိုကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့်နည်းပညာမှမပါဝင်ပဲ

လက်နှင့်ဆောက်ကိုသာသုံး၍ ကျောက်သားများကိုထွင်းထုခဲ့ကြပါသည်။

ထိုသို့ကျောက်သားများကိုထွင်းထုရာတွင် ဂဝံမြေသာကို အသုံးပြုခဲ့ကြပါသည်။

ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အေးသောဓာတ်ရှိပါသည်။

လိုသလိုပုံသွင်းနိုင်ပြီးနောက်မှအလိုလိုမာသွားကာ ဖြတ်သုံး၍ရသောကျောက်ဖြစ်ပါသည်။

လူသွားလမ်းများ၊ သာသနာကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ်အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့တွေ့ရပါတယ်။

ဥပမာပြောရရင် အဆောက်အဦးတွေနားအမှိုက်ပွနေခြင်းတွေ၊ ‌ရှေးဟောင်းလက်ရာကျောင်းဆောင်များအား ခေတ်လက်ရာဆေးများသုတ်ပစ်ခြင်းတို့ကိုဖြစ်ပါတယ်။

စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့ ရွှေဘတောင်ကို ဝင်ပြီးမြန်မာကျောက်ပန်းပုလက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲတေးထားမိနေလေပြီလေ။

ကိုဖြိုး(ဧရာမြေ) ပြန်လည်မျှဝေသည်

zawgyi

ေ႐ႊဘေတာင္

“ျမန္မာႏိုင္ငံမွာ ဒီေလာက္ အံ့ဩဖို႔ေကာင္းတဲ့ ေရွးေဟာင္းနယ္ေျမတစ္ခု ရွိေနတယ္ဆိုတာ သင္သိၿပီးၿပီလား”

ဘာနည္းပညာ အကူအညီမွ မပါပဲ ေက်ာက္ေတာင္ႀကီး တစ္ခုလုံးကိုလက္နဲ႔သာထြင္းထုပုံေဖာ္ထားတဲ့” ေ႐ႊဘေတာင္ ” အံၾသရပါေပတယ္။

ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာ ဒီလိုေနရာရွိေနတယ္ဆိုတာ သိရေတာ့အလြန႔္အလြန္ကိုလည္းဂုဏ္ယူမိပါတယ္။

ႏွစ္ေပါင္း ၉၀၀တိုင္ေအာင္ ခမ္းခမ္းနားနားရွိေနဆဲျဖစ္တဲ့ မုံ႐ြာၿမိဳ႕ရဲ႕ေ႐ႊဘေတာင္ဟာ ေနာင္တစ္ခ်ိန္ကို သြားေရာင္ေလ့လာလည္ပတ္ဖို႔ ႏွလုံးသားထဲကေတးမွတ္ထားရမဲ့ေနရာပါပဲ။

ေက်ာက္ေစတီေတြ၊ ေက်ာက္လႈိဏ္ဂူေတြ၊ ေက်ာက္ေလွကားေတြ၊ ေက်ာက္ဆင္႐ုပ္ေတြနဲ႔ ေက်ာက္ပန္းပုေတြနဲ႔ ခမ္းနားစြာတည္ရွိေနတဲ့ ေ႐ႊဘေတာင္အၾကာင္းကို ဒီေနရာကေန အေသးစိတ္ဖတ္ရႈႏိုင္ပါတယ္။

ေ႐ႊဘေတာင္ဟာ မုံ႐ြာၿမိဳ႕တစ္ဖက္ကမ္း စစ္ကိုင္းတိုင္း‌ေဒသႀကီး ယင္းမာပင္ၿမိဳ႕နယ္တြင္တည္ရွိပါသည္။

ဖိုလ္ဝင္ေတာင္နဲ႔ ေတာင္ေၾကာတစ္ဆက္တည္းျဖစ္ၿပီး အျခားေသာ ႏြားသိုးေတာင္၊ ဖန္ခါးေတာင္၊ လင္းႏို႔ေတာင္၊ ေက်ာက္တစ္လုံးေတာင္တို႔ႏွင့္လဲ တစ္ဆက္တည္းရွိေနပါသည္။

ေရွးေဟာင္းေက်ာက္ထြင္းေက်ာက္ေတာင္ႀကီးေတြဝန္းရံထားတဲ့ ေ႐ႊဘေတာင္ဟာ ထူးျခားေနပါတယ္။

ျမန္မာတို႔ရဲ႕ေစတီဘုရားေတြဟာ ပုံမွန္ေတာ့ အုတ္ေတြသဲေတြ နဲ႔သာတည္ထားကိုးကြယ္ၾကေသာ္လည္း ေ႐ႊဘေတာင္မွာရွိတဲ့ ဘုရားေတြက‌ေတာ့ ေက်ာက္ေတြနဲ႔သာ ထြင္းထုထားပါတယ္။

ေက်ာက္သားနံရံမ်ားကို အဂၤေတလုံးဝမပါပဲ ျမန္မာမႈလက္ရာေက်ာက္ပန္းတေမာ့ႏွင့္ေက်ာက္လက္မႈပညာစစ္စစ္ေတြနဲ႔သာထြင္းထုထားပါသည္။

ေ႐ႊဘေတာင္မွာ နာမည္ႀကီး ေက်ာက္ေလွကားကေတာ့ Instragram နာမည္ႀကီးေနရာျဖစ္ၿပီး ‌

ေက်ာက္နံရံကို ေက်ာက္ေရအိုးစဥ္အျဖစ္ အသက္သြင္းထားမႈေတြ၊ ‌ေက်ာက္ေတာင္ႀကီးကို ေက်ာက္လႈိဏ္ဂူအျဖစ္ေဆာက္လုပ္ထားၿပီး အတြင္းမွာ ေစတီမ်ား ဘုရားမ်ား တည္ထားပါသည္။

ေနာက္ထပ္ အထင္ကရေနရာကေတာ့ ေက်ာက္ဆင္႐ုပ္ႀကီးပါ။ ေက်ာက္ဆင္႐ုပ္ႀကီးဟာ ေက်ာက္တုံးအႀကီးႀကီးကို ထြင္းထုထားၿပီး ဆင္ႀကီးရဲ႕အတြင္းဂူထဲမွာေတာ့ ဘုရားမ်ားကို ပူေဇာ္ထားပါတယ္။

ေ႐ႊဘေတာင္ဟူ၍ အမည္တြင္ရျခင္းမွာေတာ့ ပုဂံေခတ္အေလာင္းစည္သူမင္းလက္ထက္တြင္ ေက်ာက္ထြင္းအႏုပညာဆရာႀကီး သူေဌးမင္း ဦးေ႐ႊဘမွ ထိုေက်ာက္ေတာင္အႀကီးႀကီးတြင္

ေက်ာက္နံရံမ်ား၊ ေက်ာက္႐ုပ္ထုမ်ား၊ ေက်ာက္ဂူမ်ား၊ ေက်ာက္ဘုရားမ်ားႏွင့္ ေက်ာက္ပန္းပုလက္ရာမ်ားကို ထြင္းထုၿပီး

ေက်ာက္လူသြားလမ္းေဖာက္လုပ္ရာမွ ‌‌ေ႐ႊဘေတာင္ဟူ၍အမည္တြင္ရျခင္းျဖစ္ေပသည္။

ေက်ာက္ထြင္းအႏုပညာရွင္ဦးေ႐ႊဘႏွင့္ တပည့္မ်ားမွ ထိုေက်ာက္ေတာင္ႀကီးကို ပုံေဖာ္ရာတြင္လည္း မည္သည့္နည္းပညာမွမပါဝင္ပဲ

လက္ႏွင့္ေဆာက္ကိုသာသုံး၍ ေက်ာက္သားမ်ားကိုထြင္းထုခဲ့ၾကပါသည္။

ထိုသို႔ေက်ာက္သားမ်ားကိုထြင္းထုရာတြင္ ဂဝံေျမသာကို အသုံးျပဳခဲ့ၾကပါသည္။

ဂဝံေျမသားဆိုသည္မွာ ေက်ာက္ေပ်ာ့အမ်ိဳးအစားျဖစ္ၿပီး ေအးေသာဓာတ္ရွိပါသည္။

လိုသလိုပုံသြင္းႏိုင္ၿပီးေနာက္မွအလိုလိုမာသြားကာ ျဖတ္သုံး၍ရေသာေက်ာက္ျဖစ္ပါသည္။

လူသြားလမ္းမ်ား၊ သာသနာေက်ာင္းေဆာင္မ်ား၊ ဘုရားမ်ားေစတီမ်ား၊ ေက်ာက္ပန္းပု႐ုပ္အစုံ၊ ျမန္မာမႈလက္ရာမ်ားႏွင့္ ခမ္းနားေနတဲ့ ေ႐ႊဘေတာင္ဟာ ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ား အားနည္းေနေသးတာေတာ့ေတြ႕ရပါတယ္။

ဥပမာေျပာရရင္ အေဆာက္အဦးေတြနားအမႈိက္ပြေနျခင္းေတြ၊ ‌ေရွးေဟာင္းလက္ရာေက်ာင္းေဆာင္မ်ားအား ေခတ္လက္ရာေဆးမ်ားသုတ္ပစ္ျခင္းတို႔ကိုျဖစ္ပါတယ္။

စစ္ကိုင္းဘက္ကို ေရာက္ျဖစ္ခဲ့ရင္ေတာ့ ေ႐ႊဘေတာင္ကို ဝင္ၿပီးျမန္မာေက်ာက္ပန္းပုလက္ရာေတြကို အဝေငးေမာရန္ ႏွလုံးသားထဲေတးထားမိေနေလၿပီေလ။

ကိုၿဖိဳး(ဧရာေျမ) ျပန္လည္မွ်ေဝသည္