တစ်ခါတုန်းက မျိုးကြီး ဆိုတာ …

တစ်ခါတုန်းက မျိုးကြီး ဆိုတာ …

တစ်ခါက တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီးဂျင်းအကျီင်္ဝတ် လူနှစ်ယောက် ဝင်လာတယ်

သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ ဒါကြောင့် ဘယ်သူတွေမှန်းလည်း မသိဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စား မနေကြပါ။

သူတို့ ဝင်လာတဲ့ အချိန်က နေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည် ဆိုတာ သာမာန် ထမင်းစားပြီးသူတွေ ထိုင်တတ်တဲ့ အချိန်မဟုတ်။

ဒီအချိန်မှာ လူငယ်တွေကသာ သူတို့ကြိုက်ရာ သီချင်းလေးတွေကို နားထောင်ဖို့ ထိုင်တတ်ကြတာ.။

ဒီဆိုင်ကလည်း သူ့အနားပတ်ဝန်းကျင်မှာတော့ နံပါတ်တစ် ၊ ထိပ်တန်းဆိုင် ။

ဒီလူနှစ်ယောက် ဆိုင်ထဲမှာ ထိုင်နေတဲ့ အချိန်မှာ ဒီဆိုင်မှာ ဖွင့်ထားတာကအဲဒီအချိန်မှာ နာမည်ကြီး လူငယ် အကြိုက်ဆုံး သီချင်းခွေ ၊ လူငယ်အားလုံးကလည်း ဒီသီချင်းလေးကို နားထောင်နေတဲ့ အချိန် ။

ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ လူနှစ်ယောက်ထဲက အသက်ငယ်ငယ်နဲ့ လူတစ်ယောက်က ကောင်တာကို ထသွားပြီး သူ့လက်ထဲက သီချင်းခွေလေး တစ်ခွေကို ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်ကို ပေးတယ်

“ အကို ကျွန်တော့်ကို ဒီအခွေလေး ဖွင့်ပေးပါလား.။ ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက. . .

“ ဟ . . မင်းအခွေက ဘာခွေလဲကွ. .။ ”

“ ဟို. .သီချင်းခွေပါ. ။ ကျွန်တော်ကိုယ်တိုင် ဆိုထားတာ. . ။ အဲဒါ ဘယ်လိုနေလဲ လို့ စမ်းဖွင့်ကြည့်စေချင်လို့ပါ.။ ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက . .“ အင်းလေ . . ခဏတော့ရမယ်.။ ဒါပေမဲ့ ငါတို့ကလည်း Customer တွေနဲ့ လုပ်ရတာ ဆိုတော့ သူတို့ ကြိုက်တာ ၊ အခု ခေတ်ပေါ်နေတာတွေကို ဖွင့်ပေးရတယ်.။

မင်းသီချင်းခွေကို ဖွင့်လို့ သူတို့ မကြိုက်ဘူး ပိတ်ပေးပါ ဆိုရင်တော့ငါ့ကို အပြစ်တော့ မပြောနဲ့ကွာ.နော်..။ နားလည်ပေး .။ ဟုတ်ပြီလား.။ ”

ဒီတော့ သီချင်းခွေဖွင့်ခိုင်းတဲ့အဆိုတော် ပေါက်စလေးက မျက်နှာငယ်လေးနဲ့. .“ ဟုတ်ကဲ့. . အကို.။ ကျွန်တော် နားလည်ပါတယ်.။ ”

“ ဒါနဲ့ မင်းအခွေက ထွက်ပြီလား.။ ”

“မထွက်သေးဘူး အကို.။ ဒီလကုန်ထွက်မယ်.။ ”

“ သြော်..အေးအေး..။ ဒီသီချင်းပြီးရင် ဖွင့်ပေးမယ်.။ ”

ဒါနဲ့ ခဏနေတော့ လက်ရှိဖွင့်နေတဲ့ သီချင်းလည်း ပြီးရော ၊ ဆိုင်ရှင် အကိုကြီးက အဆိုတော်သစ်လေး ပေးလိုက်တဲ့ အခွေလေးကို ဖွင့်လိုက်တယ်

ဆိုရင် ဆိုင်ထဲက လူငယ်တွေ ငြိမ်ကျသွားတယ်.။ အကောင်းငြိမ်တာတော့ မဟုတ်ပါ. ။

သူတို့ မျှော်လင့်ထားတာက ဒီသီချင်းပြီးရင် နောက် ဘာသီချင်းပေါ့

အခုတော့ သူတို့ မသိတဲ့ သီချင်းသံထွက်လာတယ် ဒါကြောင့် နားစွင့်ရင်း ငြိမ်သွားတာ…။

ဒီမှာ သူတို့ မကြားဖူးတဲ့ အဆိုတော် တစ်ယောက်ရဲ့ ပေါက်ကွဲအော်ဟစ် တေးဆိုသံကို ကြားလိုက်ရတယ်.။

ဒီတော့ ငြိမ်နေတဲ့ လူငယ်တွေ ဘာမှ မပြောပဲ တစ်ပုဒ်တော့ နားထောင်နေတယ်.။ ပြီးတော့ နောက်ထပ် တစ်ပုဒ်လည်းရောက်ရော. . ဆိုင်ထဲက လူငယ်တွေက

“ ဟာ..ဘာသံကြီးလဲဗျာ.။ ဘာသံနဲ့ အော်ဟစ်နေတာလဲ..။ ကို—-ရေဘာတွေဖွင့်နေတာလဲဗျာ..။ ဘယ်က သီချင်းကြီးလဲ.။ ခုနခွေပဲပြန်ပြောင်းလိုက်ပါ.။ ”

ဒီတော့ ဆိုင်ရှင်က“ ဟိုက ညီလေး ဖွင့်ခိုင်းတာပါကွာ.။ သူဆိုထားတဲ့ သီချင်းလို့ ပြောတယ်.။

ခဏလေးပါ.။ ၃ ၊ ၄ ပုဒ်လောက်ပါပဲ..။ ခဏတော့ နားထောင်ကြည့်ပါကွာ..။ ”

ဒီလိုနဲ့ ၃ ၊ ၄ ပုဒ် ပြီးသွားတော့လည်း အဆိုတော်အသစ်ရဲ့အသံကို ကြားဖူးနေတာ မဟုတ်တဲ့ အတွက် သူတို့ နားမယဉ်ပဲ ကန့်ကွက်ကြပြန်တာပါပဲ..။

“ ကို—-ရေ.။ ပိတ်ပါတော့ဗျာ.။ အကို ပိတ်မလား ၊ ကျွန်တော်တို့ပြန်ရမလား..ဟားဟားဟား..။ ”

ဒီလိုနဲ့ ဆိုင်ထဲမှာ အမြဲလာ စားသောက်ကြပြီး ဆိုင်ရှင်နဲ့ရင်းနှီးနေတဲ့ လူငယ်တွေက ဒီလို ပြောတော့ ဆိုင်ရှင် အကိုကြီးလည်း ခွေကိုထုတ်ဖို့ပဲ ဖြစ်နေတော့တယ်.။

အဆိုတော် လူငယ်လေးကို ကြည့်လိုက်တော့ မျက်နှာ မပေါ်အောင်ငိုက်ဆောင်းထားတဲ့ ဦးထုပ်အောက်က ခေါင်းက အောက်ကို စိုက်ကြနေတယ်.။ ဒါအရက်မူးနေလို့ မဟုတ်ပါ.။ စိတ်ဓါတ်ကျသွားမိခြင်းပါပဲ.။

အဆိုတော်လူငယ်လေးနဲ့ အတူတူ ပါလာတဲ့ နောက်ထပ် တစ်ယောက်ကတော့ ဘာမှတုန်လှုပ်ပုံမပြ ၊ သူ့မျက်နှာကိုလည်း မမြင်ရ.။

အဆိုတော်လေးကိုလည်းအားပေးစကားမပြော ၊ အဆိုတော်လေးကတော့ လက်တွေတောင်မှ တဆက်ဆက်တုန်နေပြီ…။

ဒီအချိန်မှာပဲ ဆိုင်ထဲက လူငယ်တွေက . .“ ကို— ပြောင်းလိုက်တော့လေဗျာအခု သီချင်းက ဘာတွေမှန်းလည်း မသိဘူး.။ ”

တကယ်တော့ အဆိုတော် အသစ်ဆိုတဲ့ အတိုင်း သူ့အသံ ၊ သူ့ဆိုပေါက်ကို မရင်းနှီးသေးလို့ပါ.။ ဒါကြောင့်လူငယ်တွေ လက်မခံနိုင်ဖြစ်နေကြရတာ.။

ဒါနဲ့ပဲ နောက်ဆုံးမှာ လူငယ်တွေရဲ့ တောင်းဆိုမှုကြောင့်ဆိုင်ရှင် အကိုကြီးလည်း ဘာမှ မတတ်နိုင်ပဲ စိတ်မကောင်းစွာအဆိုတော်သစ်လေးရဲ့ အခွေကို ထုတ်ဖို့ လက်အပြင်လိုက်မှာ…

“ မထုတ်ပါနဲ့..ဖွင့်ထားပါဦး.။ ဒီသီချင်းလေးက ကောင်းပါတယ်.။ နင်တို့ကလည်းဟာခဏတော့ စောင့်ပါဦး.။ နင်တို့ နားမယဉ်သေးလို့ မကောင်းတာပါ.။အသစ်ဆိုတော့လည်း ဒီလိုပဲပေါ့.။ နင်တို့က အသစ်ဆို လက်မခံချင်တာ.။

ဒီလို အသံလေးတစ်ခုကို ကြားလိုက်ရတော့ ခေါင်းငိုက်စိုက်ကျနေတဲ့ အဆိုတော်သစ်လေး ခေါင်းဆက်ခနဲ့ မတ်လာပြီးအသံရှင်ကို ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက်.။

သူနဲ့ အတူတူ သူ့အဖေလို့ထင်ရတဲ့ လူတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် လာထိုင်တာ လို့ ထင်တယ်.။

ဆိုင်ထဲမှာ ရှိတဲ့ လူငယ်တွေနဲ့ကလည်း တစ်ရပ်ကွက်သားချင်းဆိုတော့ သူငယ်ချင်းဖြစ်ဟန်တူတယ်.။ ဒါကြောင့်လည်း ကောင်မလေးက ဒီလို ပြောရဲတာ ဖြစ်မည်.။

ပြီးတော့ ကောင်မလေး ဆက်ပြေတယ်. . .“ ပြီးတော့ နင်တို့ စဉ်းစားကြည့်လေ.။ နင်တို့သာဒီလို အဆိုတော် ဖြစ်ပြီး နင်တို့ ဆိုထားတာကို ဒီလို အပြောခံရပြီးအဝေဖန်ခံရရင် ဘယ်လို ခံစားရမလဲ..။

ဝေဖန်တယ် ဆိုပြီး မကောင်းတာ ပြောမှာထက်ဘယ်လို လုပ်ရင် ကောင်းမယ် ဆိုတာကိုပဲ ကြည့်ပြီး အကောင်းဘက်ကိုပဲပြောတတ်ရတယ်.။ ”

သူမ ဒီလို ပြောလိုက်တော့ ဆိုင်ထဲက လူငယ်တွေကလည်း ဘာမှမပြောတော့ အဆိုတော် လူငယ်ဘက် လှည့်ကြည့်ပြီး ငြိမ်သွားတယ်.။

သူတို့လည်း အားနာသွားတဲ့ ပုံစံတွေ ပြလာကြတယ်.။ ဒါနဲ့ပဲ အဆိုတော်သစ်လေးရဲ့အခွေကို တစ်ဖက်လုံးလုံးပြီးအောင် ဖွင့်ခဲ့တယ်.။ တစ်ဖက်ပြီးတဲ့အချိန်မှာတော့ အဖော်ပါလာတဲ့ လူက ဘာပြောလိုက်တယ် မသိဘူး.။

အဆိုတော်သစ်လေးကဆိုင်ကောင်တာကို ထသွားပြီး ဆိုင်ရှင်လူကြီးကို. .“ ကျေးဇူးတင်ပါတယ်.အကို.။ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်.။ ဖွင့်ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်.။ ”

ဒိလိုပြောပြီး သူခွေလေးကို ပြန်ယူလာတယ်.။ နောက်တော့ သူစားပွဲမှာ ထိုင်ပြီးဆော့ပင်လေးထုတ်ပြီး အခွေကာဗာမှာ တစ်ခုခုရေးနေတယ်.။ ပြီးတော့ သူတို့စားထားသမျှ ရှင်းပြီး အထမှာတော့ အဆိုတော်သစ်လေးက ခုက သူ့အခွေကိုဆက်ဖွင့်ဖို့ ပြောခဲ့တဲ့ ကောင်မလေးဆီကို တန်းသွားပြီး .. .

“ ကျေးဇူးတင်လိုက်တာ ညီမလေးရာသူများတွေ အကို့ သီချင်းကို လက်မခံဘူးလို့ပြောနေချိန်မှာ အကိုလည်း တကယ်ကို စိတ်ဓါတ်ကျသွားတယ်

ဒီအချိန်မှာ ညီမလေးပြောလိုက်တဲ့ စကားကြောင့် အကို ဘယ်လောက် စိတ်ဓါတ်တတ်သွားလဲ .ညီမ သိမှာမဟုတ်ဘူး.။ ဒါပေမဲ့. . ဘာပဲ ပြောပြော ညီမလေးကို ကျေးဇူးတင်ပါတယ်။

ရော့…ဒါကတော့ အကို့ဆိုထားတဲ့ အခွေ ၊ ညီမကို လက်ဆောင်ပေးတာ ၊ဒီလကုန်ထွက်မယ် ညီမ.။ ညီမပြောခဲ့စကားတွေ အကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး.။ အကို အမြဲကြားယောင်နေမှာပါ..။ ”

ကောင်မလေးကလည်း အဆိုတော်အသစ် ပေးတဲ့ အခွေကို လှမ်းယူပြီး အဆိုတော်သစ်ကို ပြုံးပြလိုက်ရင်း.“ အကိုက ဘာနာမည်နဲ့ ဆိုတာလဲ.။ ”

ဒီတော့ အဆိုတော်သစ်က . .“ အကိုခွေမှာ ပါတယ်လေ ညီမ.။ဟိုဟာက အကို့ကို အဆိုပါ သင်ပေးတဲ့ ဆရာပဲ.။ ”

အဆိုတော်သစ်ညွှန်ပြရာကို ကောင်မလေး ကြည့်လိုက်တော့ ရပ်စောင့်နေတဲ့ဦးထုပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူက ခဏမော့ပြီး ပြုံးပြတယ်.။ ကောင်မလေးထိုလူ့ကို မြင်တော့ အံ့သြသွားပြီ…

“ ဟင်. . ကို—–”“ ဟုတ်တယ် ညီမလေး ၊ အကိုသွားပြီနော်..။ဦးကိုလည်း နှုတ်ဆက်ပါတယ်.။ ကျွန်တော်သွားတော့မယ်.။ ”အဆိုတော်သစ်လေးက ကောင်မလေး အဖေကိုပါ နှုတ်တဆက်ပြီး ထွက်သွားလေတော့သည်.။ ။

ဒီအဖြစ်အပျက်လေးက တကယ်ကို အပြင်မှာ ဖြစ်ခဲ့တာပါ.။ ကျွန်တော် ဘာလို့ သိနေရတာလဲ ဆိုတာ့ အဆိုတော်သစ်ကိုပြောခဲ့တယ် ဆိုတဲ့ ကောင်မလေးက ကျွန်တော်နဲ့ အတန်းအတူတူ သူငယ်ချင်း
ဖြစ်ပြီး သူပြန်ပြောပြခဲ့တာပါ.။

နောက် အဆိုတော်သစ် အမှတ်တရ ပေးသွားတဲ့ အခွေလေးကိုလည်း ပြပါတယ်။ဟုတ်ပါတယ် ။ ဒီအခွေမှာ အဆိုတော်ရဲ့ လက်မှတ်လေးပါတယ်.။အမှတ်တရလို့ လည်း ရေးထားတယ်.။

( ဒီ အခွေကို ကြည့်လိုက်တော့ အဆိုတော်က “ မျိုးကြီး ” ဖြစ်ပြီး အခွေကတော့ “ကျောက်စာများ ” အခွေပဲ ဖြစ်ပါတယ် )

အဲဒီအချိန်က အဆိုတော် အသစ်လေး ဖြစ်တဲ့ “ မျိုးကြီး ” နဲ့ အတူတူပါလာတာကတော့ “ကိုလေးဖြူ ” ပါပဲ.။ ဒါပေမဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်းထားပြီးမထင်တဲ့ အချိန် ၊ မထင်တဲ့နေရာကို လာတာ ဆိုတော့ ဘယ်သူမှသတိမထားမိလိုက်တာပါ.။

ဘယ်သူမဆိုတော့ ဘဝမှာ မအောင်မြင်ခင် အချိန်မှာ အဝေဖန်ခံရ နိုင်ပါတယ်.။အောင်မြင်နေတဲ့ အချိန်မှာလည်း အဝေဖန်ခံရ နိုင်ပါတယ်.။ ဒါပေမဲ့ လူတွေအားလုံးကတော့ မဝေဖန်ကြပါဘူး.။

အကောင်းမြင်သူ ၊ အပြုသဘောနဲ့ ပြောသူများရှိနေပါသေးတယ်.။ ဒီလိုလူတွေ ရှိနေတာနဲ့တင် ကျွန်တော်တို့ ဘဝမှာ အသက်ဆက်ရှင်သန်နိုင်ပါတယ် …

Credit to orginal

zawgyi

တစ္ခါတုန္းက မ်ိဳးႀကီး ဆိုတာ …

တစ္ခါက ေတာင္ဥကၠလာ ကားလမ္းမ တစ္ခုမွာ ရွိတဲ့လူငယ္ေတာ္ေတာ္မ်ားမ်ား ထိုင္ေသာ ေနရာတစ္ေနရာကို ဦးထုပ္ခပ္ငိုက္ငိုက္ ေဆာင္းထားၿပီးဂ်င္းအက်ီဝၤတ္ လူႏွစ္ေယာက္ ဝင္လာတယ္

သူတို႔ မ်က္ႏွာေတြကို ေသခ်ာစြာ မျမင္ရ ဒါေၾကာင့္ ဘယ္သူေတြမွန္းလည္း မသိဘယ္သူမွလည္း သူတို႔ကို အေလးထား စိတ္ဝင္စား မေနၾကပါ။

သူတို႔ ဝင္လာတဲ့ အခ်ိန္က ေန႔လည္ ၁ နာရီခြဲဆိုေတာ့ ေန႔လည္ ဆိုတာ သာမာန္ ထမင္းစားၿပီးသူေတြ ထိုင္တတ္တဲ့ အခ်ိန္မဟုတ္။

ဒီအခ်ိန္မွာ လူငယ္ေတြကသာ သူတို႔ႀကိဳက္ရာ သီခ်င္းေလးေတြကို နားေထာင္ဖို႔ ထိုင္တတ္ၾကတာ.။

ဒီဆိုင္ကလည္း သူ႔အနားပတ္ဝန္းက်င္မွာေတာ့ နံပါတ္တစ္ ၊ ထိပ္တန္းဆိုင္ ။

ဒီလူႏွစ္ေယာက္ ဆိုင္ထဲမွာ ထိုင္ေနတဲ့ အခ်ိန္မွာ ဒီဆိုင္မွာ ဖြင့္ထားတာကအဲဒီအခ်ိန္မွာ နာမည္ႀကီး လူငယ္ အႀကိဳက္ဆုံး သီခ်င္းေခြ ၊ လူငယ္အားလုံးကလည္း ဒီသီခ်င္းေလးကို နားေထာင္ေနတဲ့ အခ်ိန္ ။

ဒီလိုနဲ႔ တစ္နာရီေလာက္ၾကာေတာ့ ဦးထုပ္ခပ္ငိုက္ငိုက္ ေဆာင္းထားတဲ့ လူႏွစ္ေယာက္ထဲက အသက္ငယ္ငယ္နဲ႔ လူတစ္ေယာက္က ေကာင္တာကို ထသြားၿပီး သူ႔လက္ထဲက သီခ်င္းေခြေလး တစ္ေခြကို ေကာင္တာမွာ ထိုင္ေနတဲ့ ဆိုင္ရွင္ကို ေပးတယ္

“ အကို ကြၽန္ေတာ့္ကို ဒီအေခြေလး ဖြင့္ေပးပါလား.။ ”

ဒီေတာ့ ဆိုင္ရွင္ အကိုႀကီးက. . .

“ ဟ . . မင္းအေခြက ဘာေခြလဲကြ. .။ ”

“ ဟို. .သီခ်င္းေခြပါ. ။ ကြၽန္ေတာ္ကိုယ္တိုင္ ဆိုထားတာ. . ။ အဲဒါ ဘယ္လိုေနလဲ လို႔ စမ္းဖြင့္ၾကည့္ေစခ်င္လို႔ပါ.။ ”

ဒီေတာ့ ဆိုင္ရွင္ အကိုႀကီးက . .“ အင္းေလ . . ခဏေတာ့ရမယ္.။ ဒါေပမဲ့ ငါတို႔ကလည္း Customer ေတြနဲ႔ လုပ္ရတာ ဆိုေတာ့ သူတို႔ ႀကိဳက္တာ ၊ အခု ေခတ္ေပၚေနတာေတြကို ဖြင့္ေပးရတယ္.။

မင္းသီခ်င္းေခြကို ဖြင့္လို႔ သူတို႔ မႀကိဳက္ဘူး ပိတ္ေပးပါ ဆိုရင္ေတာ့ငါ့ကို အျပစ္ေတာ့ မေျပာနဲ႔ကြာ.ေနာ္..။ နားလည္ေပး .။ ဟုတ္ၿပီလား.။ ”

ဒီေတာ့ သီခ်င္းေခြဖြင့္ခိုင္းတဲ့အဆိုေတာ္ ေပါက္စေလးက မ်က္ႏွာငယ္ေလးနဲ႔. .“ ဟုတ္ကဲ့. . အကို.။ ကြၽန္ေတာ္ နားလည္ပါတယ္.။ ”

“ ဒါနဲ႔ မင္းအေခြက ထြက္ၿပီလား.။ ”

“မထြက္ေသးဘူး အကို.။ ဒီလကုန္ထြက္မယ္.။ ”

“ ေၾသာ္..ေအးေအး..။ ဒီသီခ်င္းၿပီးရင္ ဖြင့္ေပးမယ္.။ ”

ဒါနဲ႔ ခဏေနေတာ့ လက္ရွိဖြင့္ေနတဲ့ သီခ်င္းလည္း ၿပီးေရာ ၊ ဆိုင္ရွင္ အကိုႀကီးက အဆိုေတာ္သစ္ေလး ေပးလိုက္တဲ့ အေခြေလးကို ဖြင့္လိုက္တယ္

ဆိုရင္ ဆိုင္ထဲက လူငယ္ေတြ ၿငိမ္က်သြားတယ္.။ အေကာင္းၿငိမ္တာေတာ့ မဟုတ္ပါ. ။

သူတို႔ ေမွ်ာ္လင့္ထားတာက ဒီသီခ်င္းၿပီးရင္ ေနာက္ ဘာသီခ်င္းေပါ့

အခုေတာ့ သူတို႔ မသိတဲ့ သီခ်င္းသံထြက္လာတယ္ ဒါေၾကာင့္ နားစြင့္ရင္း ၿငိမ္သြားတာ…။

ဒီမွာ သူတို႔ မၾကားဖူးတဲ့ အဆိုေတာ္ တစ္ေယာက္ရဲ႕ ေပါက္ကြဲေအာ္ဟစ္ ေတးဆိုသံကို ၾကားလိုက္ရတယ္.။

ဒီေတာ့ ၿငိမ္ေနတဲ့ လူငယ္ေတြ ဘာမွ မေျပာပဲ တစ္ပုဒ္ေတာ့ နားေထာင္ေနတယ္.။ ၿပီးေတာ့ ေနာက္ထပ္ တစ္ပုဒ္လည္းေရာက္ေရာ. . ဆိုင္ထဲက လူငယ္ေတြက

“ ဟာ..ဘာသံႀကီးလဲဗ်ာ.။ ဘာသံနဲ႔ ေအာ္ဟစ္ေနတာလဲ..။ ကို—-ေရဘာေတြဖြင့္ေနတာလဲဗ်ာ..။ ဘယ္က သီခ်င္းႀကီးလဲ.။ ခုနေခြပဲျပန္ေျပာင္းလိုက္ပါ.။ ”

ဒီေတာ့ ဆိုင္ရွင္က“ ဟိုက ညီေလး ဖြင့္ခိုင္းတာပါကြာ.။ သူဆိုထားတဲ့ သီခ်င္းလို႔ ေျပာတယ္.။

ခဏေလးပါ.။ ၃ ၊ ၄ ပုဒ္ေလာက္ပါပဲ..။ ခဏေတာ့ နားေထာင္ၾကည့္ပါကြာ..။ ”

ဒီလိုနဲ႔ ၃ ၊ ၄ ပုဒ္ ၿပီးသြားေတာ့လည္း အဆိုေတာ္အသစ္ရဲ႕အသံကို ၾကားဖူးေနတာ မဟုတ္တဲ့ အတြက္ သူတို႔ နားမယဥ္ပဲ ကန္႔ကြက္ၾကျပန္တာပါပဲ..။

“ ကို—-ေရ.။ ပိတ္ပါေတာ့ဗ်ာ.။ အကို ပိတ္မလား ၊ ကြၽန္ေတာ္တို႔ျပန္ရမလား..ဟားဟားဟား..။ ”

ဒီလိုနဲ႔ ဆိုင္ထဲမွာ အၿမဲလာ စားေသာက္ၾကၿပီး ဆိုင္ရွင္နဲ႔ရင္းႏွီးေနတဲ့ လူငယ္ေတြက ဒီလို ေျပာေတာ့ ဆိုင္ရွင္ အကိုႀကီးလည္း ေခြကိုထုတ္ဖို႔ပဲ ျဖစ္ေနေတာ့တယ္.။

အဆိုေတာ္ လူငယ္ေလးကို ၾကည့္လိုက္ေတာ့ မ်က္ႏွာ မေပၚေအာင္ငိုက္ေဆာင္းထားတဲ့ ဦးထုပ္ေအာက္က ေခါင္းက ေအာက္ကို စိုက္ၾကေနတယ္.။ ဒါအရက္မူးေနလို႔ မဟုတ္ပါ.။ စိတ္ဓါတ္က်သြားမိျခင္းပါပဲ.။

အဆိုေတာ္လူငယ္ေလးနဲ႔ အတူတူ ပါလာတဲ့ ေနာက္ထပ္ တစ္ေယာက္ကေတာ့ ဘာမွတုန္လႈပ္ပုံမျပ ၊ သူ႔မ်က္ႏွာကိုလည္း မျမင္ရ.။

အဆိုေတာ္ေလးကိုလည္းအားေပးစကားမေျပာ ၊ အဆိုေတာ္ေလးကေတာ့ လက္ေတြေတာင္မွ တဆက္ဆက္တုန္ေနၿပီ…။

ဒီအခ်ိန္မွာပဲ ဆိုင္ထဲက လူငယ္ေတြက . .“ ကို— ေျပာင္းလိုက္ေတာ့ေလဗ်ာအခု သီခ်င္းက ဘာေတြမွန္းလည္း မသိဘူး.။ ”

တကယ္ေတာ့ အဆိုေတာ္ အသစ္ဆိုတဲ့ အတိုင္း သူ႔အသံ ၊ သူ႔ဆိုေပါက္ကို မရင္းႏွီးေသးလို႔ပါ.။ ဒါေၾကာင့္လူငယ္ေတြ လက္မခံႏိုင္ျဖစ္ေနၾကရတာ.။

ဒါနဲ႔ပဲ ေနာက္ဆုံးမွာ လူငယ္ေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ဆိုင္ရွင္ အကိုႀကီးလည္း ဘာမွ မတတ္ႏိုင္ပဲ စိတ္မေကာင္းစြာအဆိုေတာ္သစ္ေလးရဲ႕ အေခြကို ထုတ္ဖို႔ လက္အျပင္လိုက္မွာ…

“ မထုတ္ပါနဲ႔..ဖြင့္ထားပါဦး.။ ဒီသီခ်င္းေလးက ေကာင္းပါတယ္.။ နင္တို႔ကလည္းဟာခဏေတာ့ ေစာင့္ပါဦး.။ နင္တို႔ နားမယဥ္ေသးလို႔ မေကာင္းတာပါ.။အသစ္ဆိုေတာ့လည္း ဒီလိုပဲေပါ့.။ နင္တို႔က အသစ္ဆို လက္မခံခ်င္တာ.။

ဒီလို အသံေလးတစ္ခုကို ၾကားလိုက္ရေတာ့ ေခါင္းငိုက္စိုက္က်ေနတဲ့ အဆိုေတာ္သစ္ေလး ေခါင္းဆက္ခနဲ႔ မတ္လာၿပီးအသံရွင္ကို ၾကည့္လိုက္ေတာ့ ေကာင္မေလး တစ္ေယာက္.။

သူနဲ႔ အတူတူ သူ႔အေဖလို႔ထင္ရတဲ့ လူတစ္ေယာက္နဲ႔ လက္ဖက္ရည္ဆိုင္ လာထိုင္တာ လို႔ ထင္တယ္.။

ဆိုင္ထဲမွာ ရွိတဲ့ လူငယ္ေတြနဲ႔ကလည္း တစ္ရပ္ကြက္သားခ်င္းဆိုေတာ့ သူငယ္ခ်င္းျဖစ္ဟန္တူတယ္.။ ဒါေၾကာင့္လည္း ေကာင္မေလးက ဒီလို ေျပာရဲတာ ျဖစ္မည္.။

ၿပီးေတာ့ ေကာင္မေလး ဆက္ေျပတယ္. . .“ ၿပီးေတာ့ နင္တို႔ စဥ္းစားၾကည့္ေလ.။ နင္တို႔သာဒီလို အဆိုေတာ္ ျဖစ္ၿပီး နင္တို႔ ဆိုထားတာကို ဒီလို အေျပာခံရၿပီးအေဝဖန္ခံရရင္ ဘယ္လို ခံစားရမလဲ..။

ေဝဖန္တယ္ ဆိုၿပီး မေကာင္းတာ ေျပာမွာထက္ဘယ္လို လုပ္ရင္ ေကာင္းမယ္ ဆိုတာကိုပဲ ၾကည့္ၿပီး အေကာင္းဘက္ကိုပဲေျပာတတ္ရတယ္.။ ”

သူမ ဒီလို ေျပာလိုက္ေတာ့ ဆိုင္ထဲက လူငယ္ေတြကလည္း ဘာမွမေျပာေတာ့ အဆိုေတာ္ လူငယ္ဘက္ လွည့္ၾကည့္ၿပီး ၿငိမ္သြားတယ္.။

သူတို႔လည္း အားနာသြားတဲ့ ပုံစံေတြ ျပလာၾကတယ္.။ ဒါနဲ႔ပဲ အဆိုေတာ္သစ္ေလးရဲ႕အေခြကို တစ္ဖက္လုံးလုံးၿပီးေအာင္ ဖြင့္ခဲ့တယ္.။ တစ္ဖက္ၿပီးတဲ့အခ်ိန္မွာေတာ့ အေဖာ္ပါလာတဲ့ လူက ဘာေျပာလိုက္တယ္ မသိဘူး.။

အဆိုေတာ္သစ္ေလးကဆိုင္ေကာင္တာကို ထသြားၿပီး ဆိုင္ရွင္လူႀကီးကို. .“ ေက်းဇူးတင္ပါတယ္.အကို.။ ကြၽန္ေတာ္တို႔ ျပန္လိုက္ပါဦးမယ္.။ ဖြင့္ေပးတဲ့အတြက္ အရမ္းကို ေက်းဇူးတင္ပါတယ္.။ ”

ဒိလိုေျပာၿပီး သူေခြေလးကို ျပန္ယူလာတယ္.။ ေနာက္ေတာ့ သူစားပြဲမွာ ထိုင္ၿပီးေဆာ့ပင္ေလးထုတ္ၿပီး အေခြကာဗာမွာ တစ္ခုခုေရးေနတယ္.။ ၿပီးေတာ့ သူတို႔စားထားသမွ် ရွင္းၿပီး အထမွာေတာ့ အဆိုေတာ္သစ္ေလးက ခုက သူ႔အေခြကိုဆက္ဖြင့္ဖို႔ ေျပာခဲ့တဲ့ ေကာင္မေလးဆီကို တန္းသြားၿပီး .. .

“ ေက်းဇူးတင္လိုက္တာ ညီမေလးရာသူမ်ားေတြ အကို႔ သီခ်င္းကို လက္မခံဘူးလို႔ေျပာေနခ်ိန္မွာ အကိုလည္း တကယ္ကို စိတ္ဓါတ္က်သြားတယ္

ဒီအခ်ိန္မွာ ညီမေလးေျပာလိုက္တဲ့ စကားေၾကာင့္ အကို ဘယ္ေလာက္ စိတ္ဓါတ္တတ္သြားလဲ .ညီမ သိမွာမဟုတ္ဘူး.။ ဒါေပမဲ့. . ဘာပဲ ေျပာေျပာ ညီမေလးကို ေက်းဇူးတင္ပါတယ္။

ေရာ့…ဒါကေတာ့ အကို႔ဆိုထားတဲ့ အေခြ ၊ ညီမကို လက္ေဆာင္ေပးတာ ၊ဒီလကုန္ထြက္မယ္ ညီမ.။ ညီမေျပာခဲ့စကားေတြ အကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ေတာ့ဘူး.။ အကို အၿမဲၾကားေယာင္ေနမွာပါ..။ ”

ေကာင္မေလးကလည္း အဆိုေတာ္အသစ္ ေပးတဲ့ အေခြကို လွမ္းယူၿပီး အဆိုေတာ္သစ္ကို ၿပဳံးျပလိုက္ရင္း.“ အကိုက ဘာနာမည္နဲ႔ ဆိုတာလဲ.။ ”

ဒီေတာ့ အဆိုေတာ္သစ္က . .“ အကိုေခြမွာ ပါတယ္ေလ ညီမ.။ဟိုဟာက အကို႔ကို အဆိုပါ သင္ေပးတဲ့ ဆရာပဲ.။ ”

အဆိုေတာ္သစ္ၫႊန္ျပရာကို ေကာင္မေလး ၾကည့္လိုက္ေတာ့ ရပ္ေစာင့္ေနတဲ့ဦးထုပ္ငိုက္ငိုက္ေဆာင္းထားတဲ့ လူက ခဏေမာ့ၿပီး ၿပဳံးျပတယ္.။ ေကာင္မေလးထိုလူ႔ကို ျမင္ေတာ့ အံ့ၾသသြားၿပီ…

“ ဟင္. . ကို—–”“ ဟုတ္တယ္ ညီမေလး ၊ အကိုသြားၿပီေနာ္..။ဦးကိုလည္း ႏႈတ္ဆက္ပါတယ္.။ ကြၽန္ေတာ္သြားေတာ့မယ္.။ ”အဆိုေတာ္သစ္ေလးက ေကာင္မေလး အေဖကိုပါ ႏႈတ္တဆက္ၿပီး ထြက္သြားေလေတာ့သည္.။ ။

ဒီအျဖစ္အပ်က္ေလးက တကယ္ကို အျပင္မွာ ျဖစ္ခဲ့တာပါ.။ ကြၽန္ေတာ္ ဘာလို႔ သိေနရတာလဲ ဆိုတာ့ အဆိုေတာ္သစ္ကိုေျပာခဲ့တယ္ ဆိုတဲ့ ေကာင္မေလးက ကြၽန္ေတာ္နဲ႔ အတန္းအတူတူ သူငယ္ခ်င္း
ျဖစ္ၿပီး သူျပန္ေျပာျပခဲ့တာပါ.။

ေနာက္ အဆိုေတာ္သစ္ အမွတ္တရ ေပးသြားတဲ့ အေခြေလးကိုလည္း ျပပါတယ္။ဟုတ္ပါတယ္ ။ ဒီအေခြမွာ အဆိုေတာ္ရဲ႕ လက္မွတ္ေလးပါတယ္.။အမွတ္တရလို႔ လည္း ေရးထားတယ္.။

( ဒီ အေခြကို ၾကည့္လိုက္ေတာ့ အဆိုေတာ္က “ မ်ိဳးႀကီး ” ျဖစ္ၿပီး အေခြကေတာ့ “ေက်ာက္စာမ်ား ” အေခြပဲ ျဖစ္ပါတယ္ )

အဲဒီအခ်ိန္က အဆိုေတာ္ အသစ္ေလး ျဖစ္တဲ့ “ မ်ိဳးႀကီး ” နဲ႔ အတူတူပါလာတာကေတာ့ “ကိုေလးျဖဴ ” ပါပဲ.။ ဒါေပမဲ့ ဦးထုပ္ငိုက္ငိုက္ေဆာင္းထားၿပီးမထင္တဲ့ အခ်ိန္ ၊ မထင္တဲ့ေနရာကို လာတာ ဆိုေတာ့ ဘယ္သူမွသတိမထားမိလိုက္တာပါ.။

ဘယ္သူမဆိုေတာ့ ဘဝမွာ မေအာင္ျမင္ခင္ အခ်ိန္မွာ အေဝဖန္ခံရ ႏိုင္ပါတယ္.။ေအာင္ျမင္ေနတဲ့ အခ်ိန္မွာလည္း အေဝဖန္ခံရ ႏိုင္ပါတယ္.။ ဒါေပမဲ့ လူေတြအားလုံးကေတာ့ မေဝဖန္ၾကပါဘူး.။

အေကာင္းျမင္သူ ၊ အျပဳသေဘာနဲ႔ ေျပာသူမ်ားရွိေနပါေသးတယ္.။ ဒီလိုလူေတြ ရွိေနတာနဲ႔တင္ ကြၽန္ေတာ္တို႔ ဘဝမွာ အသက္ဆက္ရွင္သန္ႏိုင္ပါတယ္ …

Credit to orginal

Leave a Comment