သဘာဝတရားရိပ်သာမှ သံဃာတော်များလိုက်ပါလာသည့်ကား၂ စီး သေနတ်များဖြင့်ပစ်ခတ်ခံရ

သဘာဝတရားရိပ္သာမွ သံဃာေတာ္မ်ားလိုက္ပါလာသည့္ကား၂ စီး ေသနတ္မ်ားျဖင့္ပစ္ခတ္ခံရ၊ သံဃာေတာ္တစ္ပါးပ်ံ လြန္ေတာ္မူခဲ့ၿပီး ၃ ဦးဒဏ္ရာရ

တနသၤာရီတိုင္း၊ပုေလာၿမိဳ႕နယ္၊ကဒဲေက်း႐ြာလမ္း ဆုံအနီး၌ ႏိုဝင္ဘာ ၂၂ ရက္ညပိုင္းက ရန္ကုန္တိုင္း၊သန္လ်င္သဘာဝတရားရိပ္သာမွ

သံဃာ ေတာ္မ်ားလိုက္ပါလာသည့္ ကား ၂ စီးအား လက္ နက္ကိုင္အဖြဲ႕ဝင္မ်ားက ေသနတ္မ်ားျဖင့္ပစ္ခတ္ခဲ့ၾကသည္ဟု သိရသည္။

ယင္းေန႔နံနက္ ၁၁ နာရီခြဲခန္႔က သန္လ်င္ၿမိဳ႕ သ ဘာဝတရားရိပ္သာမွ သံဃာေတာ္ ၂ ပါး၊သီလရွင္ ၃ ပါး၊ အမ်ိဳးသား ၇ ဦးႏွင့္အမ်ိဳးသမီး ၄ ဦး(စုစု ေပါင္း ၁၆ ဦး)တို႔သည္

ကား ၂ စီးျဖင့္ ေကာ့ေသာင္းၿမိဳ႕မွထားဝယ္ၿမိဳ႕သို႔ ထြက္ခြာလာခဲ့ၾကသည္။

ည ၉ နာရီခြန္႔ခန္႔၌ တနသၤာရီတိုင္း၊ပုေလာၿမိဳ႕နယ္၊ကဒဲေက်း႐ြာလမ္းဆုံအနီးအေရာက္ လက္နက္ ကိုင္အဖြဲ႕ဝင္မ်ားက လမ္း၏ယာဘက္မီတာ ၂၀၀ ခန႔္အကြာမွ ေသနတ္မ်ားျဖင့္ပစ္ခတ္ခဲ့၍

ကား ၁ စီးမွာလမ္းေဘးသို႔ထိုးက်ၿပီး က်န္ ၁ စီးမွာရပ္ တန႔္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္ခံရ၍ ကားေပၚတြင္လိုက္ပါလာသည့္ ဘဒၵႏၲဇနက(၂၅ ႏွစ္)၏ ဦးေခါင္းတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာ၌ ပ်ံ လြန္ေတာ္မူသြားခဲ့ၿပီး

ေဒၚေအးသီတာလြင္၊ဦးနန္းဦးႏွင့္ဦးသက္ေအာင္ေဇာ္တို႔တြင္လည္း က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့သည္။

ထို႔ျပင္ လက္နက္ကိုင္အဖြဲ႕ဝင္မ်ားက ည ၉ နာရီ ၄၅ မိနစ္ခန္႔တြင္ ကားေပၚ၌လိုက္ပါလာသူမ်ားအား ကဒဲေက်း႐ြာရွိ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး

ပ်ံလြန္ေတာ္မူခဲ့သည့္ သံဃာေတာ္အား ႏိုဝင္ဘာ ၂၃ ရက္နံနက္ ၈ နာရီခန႔္တြင္ ကဒဲေက်း႐ြာသခ်ႋဳင္း၌ ေျမျမႇဳပ္သ ၿဂႋဳဟ္ကာ မြန္းလြဲပိုင္းတြင္ ဖမ္းဆီးထားသူမ်ားအား ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ က်ည္ထိမွန္ဒဏ္ရာရရွိခဲ့သူမ်ားအား ေဆးကုသမႈခံယူရန္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ထားဝယ္ၿမိဳ႕နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ပို႔ ေဆာင္ေပးခဲ့ၾကၿပီး

အခင္းျဖစ္ေနရာတစ္ဝိုက္တြင္ လုံၿခဳံေရးလုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

unicode

သဘာဝတရားရိပ်သာမှ သံဃာတော်များလိုက်ပါလာသည့်ကား၂ စီး သေနတ်များဖြင့်ပစ်ခတ်ခံရ၊ သံဃာတော်တစ်ပါးပျံ လွန်တော်မူခဲ့ပြီး ၃ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ကဒဲကျေးရွာလမ်း ဆုံအနီး၌ နိုဝင်ဘာ ၂၂ ရက်ညပိုင်းက ရန်ကုန်တိုင်း၊သန်လျင်သဘာဝတရားရိပ်သာမှ

သံဃာ တော်များလိုက်ပါလာသည့် ကား ၂ စီးအား လက် နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခွဲခန့်က သန်လျင်မြို့ သ ဘာဝတရားရိပ်သာမှ သံဃာတော် ၂ ပါး၊သီလရှင် ၃ ပါး၊ အမျိုးသား ၇ ဦးနှင့်အမျိုးသမီး ၄ ဦး(စုစု ပေါင်း ၁၆ ဦး)တို့သည်

ကား ၂ စီးဖြင့် ကော့သောင်းမြို့မှထားဝယ်မြို့သို့ ထွက်ခွာလာခဲ့ကြသည်။

ည ၉ နာရီခွန့်ခန့်၌ တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ကဒဲကျေးရွာလမ်းဆုံအနီးအရောက် လက်နက် ကိုင်အဖွဲ့ဝင်များက လမ်း၏ယာဘက်မီတာ ၂၀၀ ခန့်အကွာမှ သေနတ်များဖြင့်ပစ်ခတ်ခဲ့၍

ကား ၁ စီးမှာလမ်းဘေးသို့ထိုးကျပြီး ကျန် ၁ စီးမှာရပ် တန့်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရ၍ ကားပေါ်တွင်လိုက်ပါလာသည့် ဘဒ္ဒန္တဇနက(၂၅ နှစ်)၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ ပျံ လွန်တော်မူသွားခဲ့ပြီး

ဒေါ်အေးသီတာလွင်၊ဦးနန်းဦးနှင့်ဦးသက်အောင်ဇော်တို့တွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့ဝင်များက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကားပေါ်၌လိုက်ပါလာသူများအား ကဒဲကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး

ပျံလွန်တော်မူခဲ့သည့် သံဃာတော်အား နိုဝင်ဘာ ၂၃ ရက်နံနက် ၈ နာရီခန့်တွင် ကဒဲကျေးရွာသင်္ချိုင်း၌ မြေမြှုပ်သ င်္ဂြိုဟ်ကာ မွန်းလွဲပိုင်းတွင် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူများအား ဆေးကုသမှုခံယူရန် လုံခြုံရေးအဖွဲ့ဝင်များက ထားဝယ်မြို့နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြပြီး

အခင်းဖြစ်နေရာတစ်ဝိုက်တွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

crd

Leave a Comment