အေထြေထြဗဟုသုတ

နောက်ပိုင်း အသစ်ထွက်လာတဲ့ ပိုက်ဆံတွေရဲ့ ဘေးနှစ်ဖက်မှာ ဘာလို့ ခြစ်ထားတာလဲ ?(မသိသေးသူများအတွက်)

နောက်ပိုင်း အသစ်ထွက်လာတဲ့ ပိုက်ဆံတွေရဲ့ ဘေးနှစ်ဖက်မှာ ဘာလို့ ခြစ်ထားတာလဲ ?(မသိသေးသူများအတွက်)

အသစ်ထွက်လာတဲ့ ပိုက်ဆံတွေရဲ့ ဘေးနှစ်ဖက်မှာ ခြစ်ထားတဲ့ အချောင်းလေးတွေက ဘာအတွက်ခြစ်ထားလဲဆိုတာ….အသစ်ထွက်လာတဲ့ ပိုက်ဆံတွေရဲ့ ဘေးနှစ်ဖက်မှာ ခြစ်ထားတဲ့ အချောင်းလေးတွေက ဘာအတွက်ခြစ်ထားလဲဆိုတာမသိရှိသေးသူတွေအတွက် ဗဟုသုတဖြစ်စေဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

နောက်ပိုင်း အသစ်ထွက်လာတဲ့ ပိုက်ဆံတွေ ရဲ့ဘေးနှစ်ဖက်မှာ ခြစ်ထားတာကိုတွေ့ရမှာပါ။

သေချာကြည့်မယ် ဆိုရင် ငွေကြေးရဲ့တန်ဖိုးပေါ်မှာမူတည်ပြီး ခြစ်ထားတဲ့ အချောင်းအရေအတွက် ကွာခြားနေတာ တွေ့နိုင်ပါတယ်။

မသိသေးသူများအတွက် ပြောပြချင်ပါတယ်။ တချို့ကဘာလိုခြစ်ထားလဲမသိကြဘူး။

အလှခြစ်ထားတယ်လို့ထင်ကြတယ်။ အဲဒီခြစ်ထားတဲ့ ခြစ်ရာပေါ်မှာ လက်နဲ့ ပွတ်ကြည့်မယ်ဆိုရင် အနည်းငယ်ကြမ်းတယ်လို့ သိနိုင်ပါတယ်။

ပိုက်ဆံအရွက်ရဲ့ကျန်တဲ့အပိုင်းလိုချောမောပြေပြစ်မှု မရှိတာကို သိနိုင်ပါတယ်။

တကယ်တော့အဲဒီခြစ်ထားတဲ့ အမှတ်အသားဟာအရမ်းကို အရေးကြီးပါတယ်။

ဘာလို့လဲဆိုတော့ အဲဒီခြစ်ရာဟာ ငွေကြေးရဲ့တန်ဖိုး ကိန်းဂဏန်းဖတ်ဖို့ အခက်အခဲရှိသူများ အတွက် တန်းဖိုးကို ဖော်ပြပေးတဲ့အမှတ်အသားဖြစ်လို့ပါ ။

သာမန်လူတွေအတွက်တော့ သိပ်အရေးမကြီးပေမယ့်အမြင်အားနည်းချက်ရှိတဲ့(မျက်မမြင်) တွေအတွက်တော့ အဲဒီခြစ်ထားတဲ့နေရာမှာလက်ဖြင့် ကိုင်ကြည့်မယ်ဆိုရင် ငွေကြေးဘယ်လောက်တန် ဖြစ်တယ်ဆိုတာကို အလွယ်တကူသိရှိနိုင်စေမှာ ဖြစ်ပါတယ် ။

မသိရှိသေးသူများအတွက် ဗဟုသုတဖြစ်စေဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ် ။

Credit to Original Writer

zawgyi











