News

ကမ္ဘာနဲ့ အနီးကပ်ဆုံး ရောက်လာမယ့် အင်္ဂါဂြိုဟ် နှင့် အာကာသ ဖြစ်စဉ်များ

ကမ္ဘာနဲ့ အနီးကပ်ဆုံး ရောက်လာမယ့် အင်္ဂါဂြိုဟ် နှင့် အာကာသ ဖြစ်စဉ်များ

၂၀၂၂ ခု ဒီဇင်ဘာလအတွက် အာကာသဖြစ်စဉ်များ၊ နတ်​တော်-ပြာသို (ဒီဇင်ဘာလ) အတွင်းမှာ​တော့ အင်္ဂါဂြိုဟ် (မားစ်) နဲ့ တနင်္လာဂြိုဟ် (လ) တို့ ပူးထပ်ခြင်း၊ ကြယ်မိုးတို့ဘုရင် ကြယ်​ကြွေခြင်းဖြစ်စဉ်များနဲ့ ဒက္ခိဏ ယဉ်စွန်းခြင်းဖြစ်မည့် အချိန်များက ​စောင့်ကြို​နေကြပါတယ်။

အင်္ဂါဂြိုဟ် (မားစ်ဂြိုဟ်) ဟာ ဒီဇင်ဘာလ (၁) ရက်​နေ့မှာ ကမ္ဘာနဲ့ အနီးဆုံး ပတ်လမ်း​ကြောင်း​နေရာဖြစ်တဲ့ ၀.၅၄ နက္ခတ်ယူနစ် (မိုင်​ပေါင်းသန်း ၅၀) အကွာအ​ဝေးသို့ ​ရောက်ရှိလာမှာဖြစ်ပါတယ်။ ၄င်း​အပြင် နတ်​တော်လပြည့် (အမှန်) ဖြစ်တဲ့ ဒီဇင်ဘာလ (၈) ရက်မှာ ​နေနဲ့ ဆန့်ကျင်ဘက်အရပ်တည့်တည့်သို့ ​ရောက်ရှိလာမှာဖြစ်တဲ့အတွက် အနီ​ရောင် အင်္ဂါဂြိုဟ်ကို ကျ​နော်တို့ တညလုံး လင်းလက်​တောက်ပစွာ ​တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ပြိသရာသီမှာ ပြည့်မည့် နတ်​တော်လပြည့်သည်လည်း အင်္ဂါဂြိုဟ်နှင့် တထပ်တည်း ကျ​ရောက်​နေခြင်း​ကြောင့် ဒီဇင်ဘာ (၈) ရက်​နေ့ မှာ လဟာ အင်္ဂါဂြိုဟ်ကို ဖုံးကွယ်သွားမှာ ဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှာ​တော့ လနှင့် ဂြိုဟ် နီးကပ်ခြင်းကိုသာ မြင်ရမှာဖြစ်ပြီး ဖုံးကွယ်ခြင်းဖြစ်စဉ်ကို​တော့ မမြင်ရနိုင်ပါ။)

ကြယ်မိုးတို့၏ ဘုရင်လို့ တင်စား​ခေါ်ဆို​လေ့ရှိတဲ့ ​မေထုန်ရာသီကြယ်မိုး (Geminid Meteor Shower) က​တော့ ဒီဇင်ဘာလ ၁၃ ည (၁၄ မနက်) မှာ အများဆုံး ကျဆင်းမှာဖြစ်ပါတယ်။ ​မေထုန်ရာသီဟာ လက်ရှိ အင်္ဂါဂြိုဟ်​ရောက်​နေတဲ့ ပြိသရာသီနဲ့ နီးလို့ ရှာ​ဖွေရလွယ်ကူပါတယ်။ ပုံမှန်အားဖြင့် နံနက်ခင်း (၂) နာရီခန့်မှာ အများဆုံးကျဆင်း​လေ့ရှိပြီး တစ်နာရီကို အလုံး ၁၂၀ ခန့် ကျဆင်းနိုင်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်​နေ့ နံနက် ၄ နာရီ ၁၃ မိနစ်မှာ​တော့ ကမ္ဘာ့ ​တောင်ယဉ်စွန်းတန်း​ပေါ်သို့ ​နေ​ရောင်ခြည်တည့်မတ်စွာ ကျ​ရောက်ခြင်းနှင့်အတူ ​ဆောင်းရာသီသို့ ကူး​ပြောင်းခြင်းဖြစ်စဉ် ​ဖြစ်​ပေါ်မှာပါ။ ဒက္ခိဏ (​တောင်) ယဉ်စွန်းခြင်း လို့လည်း ​ခေါ်ဆိုကြပါတယ်။ ကျ​နော်တို့ ​နေထိုင်ရာ ​မြောက်ကမ္ဘာခြမ်းမှာ ​နေ့တာတိုပြီး ညတာ ရှည်လာ​တော့မှာပါ။

အခြားဖြစ်စဉ်​တွေမှာ​တော့ ည​နေကြယ် (ဗီးနပ်စ်) (ခ) ​သောကြာဂြိုဟ်ဟာ ​နေ ရဲ့ အ​နောက်ဘက်က​နေ ပြန်ထွက်လာ​တော့မှာဖြစ်လို့ ဒီဇင်ဘာ လကုန်ရက်များမှာ ဗီးနပ်စ်ဂြိုဟ်ကို အ​နောက်အရပ်မှာ စ မြင်​တွေ့ရ​တော့မှာပါ။

ညဦးပိုင်းအချိန်မှာ လင်းလက်စွာမြင်​နေရတဲ့ ဂျူပီတာ (ခ) ကြာသပ​တေးဂြိုဟ် က​တော့ ဒီဇင်ဘာ ၂ ရက် နဲ့ ၂၉ ရက်တို့မှာ လ နဲ့ နီးကပ်စွာ ရှိ​နေပါမယ်။ ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ) ကိုလည်း ည​နေခင်း ​နေဝင်ပြီးစ အချိန်များမှာ ​သောကြာဂြိုဟ် (ဗီးနပ်စ်) နှင့်အတူ အ​နောက်ဘက် မိုးကုတ်စက်ဝိုင်းထိပ်မှာ မြင်​တွေ့ရနိုင်ပါတယ်။ အနာဂတ်ပညာ​ရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

crd

zawgyi

ကမာၻနဲ႔ အနီးကပ္ဆုံး ေရာက္လာမယ့္ အဂၤါၿဂိဳဟ္ ႏွင့္ အာကာသ ျဖစ္စဥ္မ်ား

၂၀၂၂ ခု ဒီဇင္ဘာလအတြက္ အာကာသျဖစ္စဥ္မ်ား၊ နတ္​ေတာ္-ျပာသို (ဒီဇင္ဘာလ) အတြင္းမွာ​ေတာ့ အဂၤါၿဂိဳဟ္ (မားစ္) နဲ႔ တနလၤာၿဂိဳဟ္ (လ) တို႔ ပူးထပ္ျခင္း၊ ၾကယ္မိုးတို႔ဘုရင္ ၾကယ္​ေႂကြျခင္းျဖစ္စဥ္မ်ားနဲ႔ ဒကၡိဏ ယဥ္စြန္းျခင္းျဖစ္မည့္ အခ်ိန္မ်ားက ​ေစာင့္ႀကိဳ​ေနၾကပါတယ္။

အဂၤါၿဂိဳဟ္ (မားစ္ၿဂိဳဟ္) ဟာ ဒီဇင္ဘာလ (၁) ရက္​ေန႔မွာ ကမာၻနဲ႔ အနီးဆုံး ပတ္လမ္း​ေၾကာင္း​ေနရာျဖစ္တဲ့ ၀.၅၄ နကၡတ္ယူနစ္ (မိုင္​ေပါင္းသန္း ၅၀) အကြာအ​ေဝးသို႔ ​ေရာက္ရွိလာမွာျဖစ္ပါတယ္။ ၄င္း​အျပင္ နတ္​ေတာ္လျပည့္ (အမွန္) ျဖစ္တဲ့ ဒီဇင္ဘာလ (၈) ရက္မွာ ​ေနနဲ႔ ဆန္႔က်င္ဘက္အရပ္တည့္တည့္သို႔ ​ေရာက္ရွိလာမွာျဖစ္တဲ့အတြက္ အနီ​ေရာင္ အဂၤါၿဂိဳဟ္ကို က်​ေနာ္တို႔ တညလုံး လင္းလက္​ေတာက္ပစြာ ​ေတြ႕ျမင္ၾကရမွာျဖစ္ပါတယ္။

ၿပိသရာသီမွာ ျပည့္မည့္ နတ္​ေတာ္လျပည့္သည္လည္း အဂၤါၿဂိဳဟ္ႏွင့္ တထပ္တည္း က်​ေရာက္​ေနျခင္း​ေၾကာင့္ ဒီဇင္ဘာ (၈) ရက္​ေန႔ မွာ လဟာ အဂၤါၿဂိဳဟ္ကို ဖုံးကြယ္သြားမွာ ျဖစ္ပါတယ္။ (ျမန္မာႏိုင္ငံမွာ​ေတာ့ လႏွင့္ ၿဂိဳဟ္ နီးကပ္ျခင္းကိုသာ ျမင္ရမွာျဖစ္ၿပီး ဖုံးကြယ္ျခင္းျဖစ္စဥ္ကို​ေတာ့ မျမင္ရႏိုင္ပါ။)

ၾကယ္မိုးတို႔၏ ဘုရင္လို႔ တင္စား​ေခၚဆို​ေလ့ရွိတဲ့ ​ေမထုန္ရာသီၾကယ္မိုး (Geminid Meteor Shower) က​ေတာ့ ဒီဇင္ဘာလ ၁၃ ည (၁၄ မနက္) မွာ အမ်ားဆုံး က်ဆင္းမွာျဖစ္ပါတယ္။ ​ေမထုန္ရာသီဟာ လက္ရွိ အဂၤါၿဂိဳဟ္​ေရာက္​ေနတဲ့ ၿပိသရာသီနဲ႔ နီးလို႔ ရွာ​ေဖြရလြယ္ကူပါတယ္။ ပုံမွန္အားျဖင့္ နံနက္ခင္း (၂) နာရီခန္႔မွာ အမ်ားဆုံးက်ဆင္း​ေလ့ရွိၿပီး တစ္နာရီကို အလုံး ၁၂၀ ခန္႔ က်ဆင္းႏိုင္ပါတယ္။

ဒီဇင္ဘာလ ၂၂ ရက္​ေန႔ နံနက္ ၄ နာရီ ၁၃ မိနစ္မွာ​ေတာ့ ကမာၻ႔ ​ေတာင္ယဥ္စြန္းတန္း​ေပၚသို႔ ​ေန​ေရာင္ျခည္တည့္မတ္စြာ က်​ေရာက္ျခင္းႏွင့္အတူ ​ေဆာင္းရာသီသို႔ ကူး​ေျပာင္းျခင္းျဖစ္စဥ္ ​ျဖစ္​ေပၚမွာပါ။ ဒကၡိဏ (​ေတာင္) ယဥ္စြန္းျခင္း လို႔လည္း ​ေခၚဆိုၾကပါတယ္။ က်​ေနာ္တို႔ ​ေနထိုင္ရာ ​ေျမာက္ကမာၻျခမ္းမွာ ​ေန႔တာတိုၿပီး ညတာ ရွည္လာ​ေတာ့မွာပါ။

အျခားျဖစ္စဥ္​ေတြမွာ​ေတာ့ ည​ေနၾကယ္ (ဗီးနပ္စ္) (ခ) ​ေသာၾကာၿဂိဳဟ္ဟာ ​ေန ရဲ႕ အ​ေနာက္ဘက္က​ေန ျပန္ထြက္လာ​ေတာ့မွာျဖစ္လို႔ ဒီဇင္ဘာ လကုန္ရက္မ်ားမွာ ဗီးနပ္စ္ၿဂိဳဟ္ကို အ​ေနာက္အရပ္မွာ စ ျမင္​ေတြ႕ရ​ေတာ့မွာပါ။

ညဦးပိုင္းအခ်ိန္မွာ လင္းလက္စြာျမင္​ေနရတဲ့ ဂ်ဴပီတာ (ခ) ၾကာသပ​ေတးၿဂိဳဟ္ က​ေတာ့ ဒီဇင္ဘာ ၂ ရက္ နဲ႔ ၂၉ ရက္တို႔မွာ လ နဲ႔ နီးကပ္စြာ ရွိ​ေနပါမယ္။ ဗုဒၶဟူးၿဂိဳဟ္ (မာက်ဴရီ) ကိုလည္း ည​ေနခင္း ​ေနဝင္ၿပီးစ အခ်ိန္မ်ားမွာ ​ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္) ႏွင့္အတူ အ​ေနာက္ဘက္ မိုးကုတ္စက္ဝိုင္းထိပ္မွာ ျမင္​ေတြ႕ရႏိုင္ပါတယ္။ အနာဂတ္ပညာ​ေရးအတြက္.. သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

crd