kyar thi ya tha mya

မတ်လ၁ရက်နေ့မှစပြီး Passport လုပ်သူတွေကို သံရုံးမှသတင်းထုတ်ပြန်ပြီ

မတ်လ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းမှာ Passport လုပ်သူတွေကို စာအုပ်ဖိုး တိုးမြှင့်ကောက်ခံသွားမယ်ဟုသိရ

ထိုင်းမှာပတ်စ်ပို့ အသစ်လုပ်မယ့် မြန်မာတွေ စာအုပ်ဖိုး ဘတ် ၁၂၅၀ ပေးရမယ်လို့ ထိုင်းရှိမြန်မာသံရုံးကပြောပါတယ်။

လာမည့် မတ်လ ၁ ရက်နေ့ကစပြီးတော့ ထိုင်းနိုင်ငံသို့အကြောင်းကိစ္စအမျိုးမျိုးဖြင့်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့်နိုင်ငံကူးလက်မှတ်အသစ်ပြု လုပ်မည့်သူများမှာ စာအုပ်(Passport စာအုပ်)ကြေး ၈၀၀ ဘတ် (အစား) ၁၂၅၀ ဘတ်နှုန်းဖြင့် သက်ဆိုင်ရာဘဏ်စာရင်းသို့ ပေးသွင်းရမယ်လို့ ဆိုပါတယ်။

ယင်းအပြင် PJ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်မည့်သူများသည် စာအုပ်ကြေး ၁၂၅၀ ဘတ်နှင့် OWIC ကဒ် ၂၅၀ ဘတ် စုစုပေါင်း ၁၅၀၀ ဘတ်နှုန်းသက်ဆိုင်ရာဘဏ်စာရင်းသို့ ပေးသွင်းကြရမယ်လို့ ဆိုပါတယ်။

စက်ရုံ၊ အလုပ်ရုံများနှင့်ဆောက်လုပ်ရေးကုမ္ပဏီကြီးများသို့ Mobile Team ဖြင့် လာရောက်၍ အချက်အလက်ကောက်ယူထားသူများအားလုံးသည် ၁၅၀၀ ဘတ်နှုန်းပေးသွင်းရမည်ဖြစ်ပြီး မတ်လ ဒုတိယပတ်တွင် Passport စာအုပ်များထုတ်ပေးသွား မယ်လို့သိရပါတယ်။

crd

zawgyi




