ပြည်တွင်းသတင်း

အလယ်တန်းကျောင်းတွေ ပြန်ဖွင့်မယ့်နေ့ကို ပညာရေး ဒုညွှန်ချုပ် ပြောလိုက်ပြီ…

အခြေခံပညာ အလယ်တန်း ကျောင်းတွေကို အောက်တိုဘာလ အတွင်းမှာ ဖွင့်နိုင်အောင်လုပ်ဆောင် နေတယ်လို့ ပညာရေးဝန် ကြီးဌာန ထံမှ သိရပါတယ် …။

“အလယ်တန်း ကျောင်းတွေကိုတော့ ကျွန်တော်တို့ အထက်တန်းကျောင်း နောက်ဆုံးကျောင်းဖွင့်ပြီးမှ စစ်ဆေးမှာ ဆိုတော့ နောက်ထပ်(၁)လ အနည်းဆုံး ကြာနိုင်ပါသေးတယ်…” လို့ ပညာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောပါတယ် …။

အခုချိန်မှာတော့ ပြန်ဖွင့်ခွင့် မရသေးတဲ့ အခြေခံပညာအထက်တန်း ကျောင်းတွေကို လိုက်စစ်ဆေးနေပြီး ဒီရက်ပိုင်းအတွင်း ဖွင့်သွားမယ်လို့လည်း ဒေါက်တာတင်မောင်ဝင်း က ပြောပါတယ် …။

အခြေခံပညာ အထက်တန်းကျောင်းတွေ ကို အဆင့် A ၊ B ၊ C သတ်မှတ်ပြီး A အဆင့် ရတဲ့ကျောင်းတွေ ကိုသာ ပြန်ဖွင့်ခွင့် ပေးနေတာပါ …။

မြန်မာတစ်နိုင်ငံလုံး မှာ အခြေခံပညာ အထက်တန်းကျောင်းပေါင်း (၇၁၀၀)ကျော်ရှိနေပြီး အခုချိန်မှာတော့ ကျောင်းပေါင်း (၄၁၀၀)ကျော်ကို ပြန်ဖွင့်ခွင့် ပေးထားတယ်လို့ သိရပါတယ် …။

“ကျွန်မတို့အခုတော့ သစ်ပင်တွေရှင်း တာတွေ လက်ဆေးဖို့နေရာတွေ သေချာလုပ်နေပါတယ်…အကုန်လုံး အဆင်သင့်ဖြစ်အောင် လုပ်နေတာတွေရှိပါတယ်…ပြီးတော့ ကလေးတွေကို မုန့်စားဆင်းတာ တွေတော့ ခွင့်မပြုတော့ဘူး၊ ဈေးသည်တွေလည်း ကျောင်းထဲပေး မဝင်ဖို့အတွက် လုပ်ဆောင်နေတာ တွေရှိပါတယ်…”လို့ အလယ်တန်းပြ ဆရာမ တစ်ယောက်က ပြောပါတယ် …။

ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ကျောင်း တွေကို ဇူလိုင်လ(၂၁)ရက်နေ့ကမှ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေနဲ့အညီ စဖွင့်နိုင်ခဲ့တာ ဖြစ်ပါတယ် …။ ။

Credit