ဒီနေ့ဖြစ်သွားတာပါ … ၁၁ နှစ်သမီးလေးကို ဆေးသုံးပြီး..
နေပြည်တော်တွင အမျိုးသမီးငယ်တစ်ဦးအား တို့ဆေးဖြင့် ခေါ်ယူပြီး ဝတ်ဆင်ထားသော ရွှေနားကပ်အား ဖြုတ်ယူသွားခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်သွားကြောင်း လူမှုကွန်ရက် သတင်းများအရ သိရပါသည်။
မတ်လ၂ရက်နေ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆေးမြင့်သာယာကျေးရွာမှ ကိုနိုင်လင်း မသီတာတို့၏ သမီး အသက် ၁၁နှစ်အရွယ်ရှိ မဖြိုးဖြိုးအောင်သည် နံနက်၁၁နာရီ မိနစ်၃၀အချိန်ခန့်ရွာထဲသို့ ဈေးဝယ် သွားရင်း အိမ်ပြန်မလာဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း
လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့ပြီး နေ့လယ်ပိုင်း ၂နာရီ ဝန်းကျင်ခန့်တွင် အမျိုးသမီး ကလေးငယ်အား အမျိုးသမီးတစ်ဦးမှ တို့ဆေးဖြင့် ခေါ်ဆောင်သွားပြီး
ဝတ်ဆင်ထားသည့် နားဆြွ ဖြုတ်ယူကာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ တပင်ရွှေထီး ထမင်းဆိုင်မှာ ထားခဲ့ကြောင်း ၎င်းထမင်း ဆိုင်မှ သက်ဆိုင်ရာ လူကြီးများဖြင့် မိဘများထဲ့ အကြောင်းကြားပြန်လည် အပ်နှံခဲ့တယ်လို့ဆိုပါတယ်။
ထမင်းဆိုင်၏ ပြောပြချက်အရ နေ့ခင်း ၁၂နာရီဝန်းကျင်ခန့်က အမျိုးသမီး တစ်ယောက်နှင့် ကလေးမလေးက ထမင်းဆိုင်ကို ရောက်လာပြီး ကလေးမလေးကို ထမင်းပြင်ပေးရန် စားချင်တာ အကုန်ချပေးရန်၎င်းက လက်ထဲ ပိုက်ဆံမလောက်၍ ပြန်ယူပြီး
ကလေးအဖေနဲ့အတူ ပြန်လာခဲ့မယ်ဟု ဆိုင်ရှင်ကို ပြောခဲ့ပြီး ထွက်သွားခဲ့ကြောင်း စားပြီး ၍ ကလေးက ပိုက်ဆံရှင်းပြီး ဆိုင်ကထွက်သွားပြီး ၁၂နာရီခွဲလောက်တွင် ကလေးမလေး ပြန်ရောက်လာပြီး အမ ဟို အန်တီ ပြန်လာသေားလား သွားတာလည်းကြာပြီ
အမသမီးကို အိမ်ပြန်ပို့ပေးပါလားဆိုပြီး ငိုတော့မှ အနားဝန်းကျင်အိမ်တွေကို ပြောပြပြီး ရပ်ကွက် လူကြီးတွေကို အကြောင်းကြားခဲ့ပြီး တအောင့်ကြာ ရပ်ကွက် လူကြီးတွေနှင့် ကလေးမလေး၏ မိဘဆွေမျိုးတွေပါ ရောက်လာပြီး
ပြန်ခေါ်သွားကြောင်း ကလေးမလေးအား ခေါ်ဆောင်လာသည့် အမျိုးသမီးက လမ်းမှာ အလုခံရမှာစိုလို့ဆိုပြီး ကလေးမလေး၏ နားကပ်ကို ချွတ်ယူထားလိုက်တယ်လို့ သိရှိရပါတယ်။
ဘော်ဘော်
zawgyi
ဘော်ဘော်