မနက်ခင်းအိပ်ယာနိုးလို့ သင့်ချစ်သူကောင်မလေးကို မက်ဆေ့ခ်ျပို့တဲ့အခါ “အရမ်းလှတဲ့ကောင်မလေးရေ ကောင်းသော နံနက်ခင်းပါ”ဆိုတဲ့ စာလေးပို့လိုက်ရင် သင်တို့နှစ်ယောက်လုံးအတွက် ပျော်စရာမနက်ခင်းလေးတစ်ခု ဖြစ်စေမှာ အသေအချာပါပဲ …။
(၃) သတိရတယ်လို့ ပြောပါ”
KWEE
Unicode
မက်ဆေ့ချ်ပို့တိုင်း သင့်ချစ်သူကောင်မလေးကြွေသွားနိုင်စေမယ့် ချစ်စကားလေးတွေ…
တကယ်လို့ သင်က သင့်ချစ်သူကောင်မလေးကိုပျော်ရွှင်စေချင်တယ်ဆိုရင် ချစ်စရာကောင်းတဲ့စကားလေးတွေ ပြောပေးတာလောက် သူမကိုပျော်ရွှင်ကြည်နူးစေနိုင်တာရှိမှာ မဟုတ်ပါဘူး။ ချစ်စရာကောင်းတဲ့ စာလေးတစ်ကြောင်းက သူမကိုချက်ချင်း ပြုံးပျော်သွားစေမှာ အသေအချာပါပဲ။ ကဲဒါဆို ဘယ်လိုချစ်စကားလေးတွေ ပြောလို့ရလဲ အခုပဲကြည့် လိုက်ရအောင်နော် …။
(၁) ချစ်သူကောင်မလေးကို လှတယ်လို့ ပြောပါ”
မနက်ခင်းအိပ်ယာနိုးလို့ သင့်ချစ်သူကောင်မလေးကို မက်ဆေ့ချ်ပို့တဲ့အခါ “အရမ်းလှတဲ့ကောင်မလေးရေ ကောင်းသော နံနက်ခင်းပါ”ဆိုတဲ့ စာလေးပို့လိုက်ရင် သင်တို့နှစ်ယောက်လုံးအတွက် ပျော်စရာမနက်ခင်းလေးတစ်ခု ဖြစ်စေမှာ အသေအချာပါပဲ …။
(၂) မှော်ဆန်တဲ့ စကား ၃ လုံး ပြောပါ”
ဟုတ်ပါတယ်။ ဒီ “I Love You”မှော်ဆန်တဲ့ စကားလုံး၃လုံးက သင်သူမကိုခန,ခနပြောဖူးနေကြ ဖြစ်ပေမယ့်လို့ ပြောတိုင်း သူမကို အမြဲပျော်ရွှင်စေမှာ သေချာပါတယ် …။
(၃) သတိရတယ်လို့ ပြောပါ”
သင်ချစ်ရတဲ့သူက သင့်ကိုအရမ်းသတိရတယ်လို့ပြောရင် သင်ဘယ်လိုနေမလဲ? ဒီစာလေးက သင့်ကိုအမြဲပျော်စေမှာပါ။ သင့်အနေနဲ့ ချစ်သူကောင်မလေးကို သတိရတယ်လို့ ပြောတဲ့အခါ သူမအနေနဲ့နွေးနွေးထွေးထွေး ပျော်ရွှင်ရမှာ အသေအချာပါပဲ …။
(၄) ချစ်သူကောင်မလေးကို သူမကြောင့်သင်ဘယ်လောက် ပျော်ရတယ်ဆိုတာပြောပြပါ”
သင့်ရဲ့ဘဝမှာ သူမရှိနေခြင်းကသင့်အတွက်ဘယ်လိုထူးခြားကောင်းမွန်လဲဆိုတာ အသိပေးပါ။ သူမကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာသိအောင် “မင်းမရှိရင် ငါ့ဘဝက ပြည့်စုံမှာမဟုတ်ဘူး” ဆိုတာမျိုး ပြောလို့ရပါတယ် …။
(၅) သူမအကြောင်းတွေးတိုင်း ပျော်ရွှင်တယ်ဆိုတာ ပြောပြပါ”
သင့်ချစ်ရသူကောင်မလေးကို “မင်းအကြောင်းတွေးတိုင်း ပျော်ရွှင်ရတယ်”ဆိုတဲ့ စကားလေးတခွန်းက သူမကို အလွန်ပျော်ရွှင်စေမှာပါ။ သင့်ရဲ့ ချစ်စရာဒီစကားလေးက သူမကိုတနေ့တာလုံးပြုံးပျော်နေအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်နော် …။ ။
KWEE