ပြည်တွင်းသတင်း

သပိတ်ကျင်း၌ရွှေကြောတွေ့သည်ဟုဆိုကာ ဒေသခံ ၁၀၀၀ ခန့်က လာရောက် တူးဖော်

=======================================
ယင်းနေရာတွင်မြေစာတူးဖော်မှုများ မလုပ်ရန် သက်ဆိုင်ရာမှ ရှင်းလင်းနေဟိုဆို
=======================================
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ မန္တလေး-မိုးကုတ် ကားလမ်းတွင် လမ်းမြေတိုးချဲ့ရန် တောင်နံရံကို ဖြိုချစဉ် မြေစာတွင် ရွှေပါသည့်ဟု သတင်းများထွက် ပေါ်ခဲ့သောကြောင့် သြဂုတ်လ ၁၅ ရက် ညက ထောင်နှင့်ချီသော ဒေသခံများ ၏လာရောက် တူးယူခဲ့ကြ ကြောင်း သတင်းရရှိသည်။

ယခုအခါ ယင်း နေရာတွင် မြေစာတူးဖော်မှုများ မလုပ်ရန် သက်ဆိုင်ရာမှ ရှင်းလင်းနေ ကြောင်း မြို့နယ် ပြန်/ဆက်က သိရသည်။

ချောင်းကြီးကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် (၆၄/၃) နှင့် (၆၄/၄) အကြား (၃) ထပ်ကွေ့၌ ဆုထူးပန်ကုမ္ပဏီမှ လမ်းတိုးချဲ့ပြုပြင်မှုဆောင်ရွက်စဉ် တောင်နံရံကို ဘက်ဟိုးယာဉ်ဖြင့် ဖြိုချခဲ့သည့် မြေစာများမှ ရွှေပါသည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် အနီးပတ်ဝန်ကျင်နှင့် ဒေသခံကျေးရွာသူ/ ကျေးရွာသား (၁၀ဝ၀) ဦးခန့်က မြေစာများအား လာရောက်တူးယူခဲ့ကြခြင်း ဖြစ်သည်။

ယင်းကြောင့် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမဖြစ်ပွားရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွားရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် သပိတ်ကျင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ကမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့နှင့်အတူ ရှင်းလင်းဆောင်ရွက် ပေးခဲ့ရကြောင်း သိရသည်။

မြေစာလာရောက်တူးကြသော ကျေးရွာသူ/ ကျေးရွာသားအချို့သည် ည ၁၂ နာရီခန့်တွင် နေရာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြသော်လည်း လူဦးရေ ၃၀ဝ ခန့်သာကျန်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများမှ မြေစာတူး ဖော်သူများအား ဆက်လက်မဆောင်ရွက်ကြရန် ရှင်းလင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကောင်းမြတ်ရာ
Photo – IPRD Thabeikkyin

Unicode

သပိတ်ကျင်း၌ရွှေကြောတွေ့သည်ဟုဆိုကာ ဒေသခံ ၁၀၀၀ ခန့်က လာရောက် တူးဖော်
=======================================
ယင်းနေရာတွင်မြေစာတူးဖော်မှုများ မလုပ်ရန် သက်ဆိုင်ရာမှ ရှင်းလင်းနေဟိုဆို
=======================================
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ မန္တလေး-မိုးကုတ် ကားလမ်းတွင် လမ်းမြေတိုးချဲ့ရန် တောင်နံရံကို ဖြိုချစဉ် မြေစာတွင် ရွှေပါသည့်ဟု သတင်းများထွက် ပေါ်ခဲ့သောကြောင့် သြဂုတ်လ ၁၅ ရက် ညက ထောင်နှင့်ချီသော ဒေသခံများ ၏လာရောက် တူးယူခဲ့ကြ ကြောင်း သတင်းရရှိသည်။

ယခုအခါ ယင်း နေရာတွင် မြေစာတူးဖော်မှုများ မလုပ်ရန် သက်ဆိုင်ရာမှ ရှင်းလင်းနေ ကြောင်း မြို့နယ် ပြန်/ဆက်က သိရသည်။

ချောင်းကြီးကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် (၆၄/၃) နှင့် (၆၄/၄) အကြား (၃) ထပ်ကွေ့၌ ဆုထူးပန်ကုမ္ပဏီမှ လမ်းတိုးချဲ့ပြုပြင်မှုဆောင်ရွက်စဉ် တောင်နံရံကို ဘက်ဟိုးယာဉ်ဖြင့် ဖြိုချခဲ့သည့် မြေစာများမှ ရွှေပါသည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် အနီးပတ်ဝန်ကျင်နှင့် ဒေသခံကျေးရွာသူ/ ကျေးရွာသား (၁၀ဝဝ) ဦးခန့်က မြေစာများအား လာရောက်တူးယူခဲ့ကြခြင်း ဖြစ်သည်။