မဏိစန္ဒာ (ခေါ်) ခင်ဦး သည် ပုဂံခေတ်တွင် အစဉ်လိုက် နန်းတက်သော မင်းသုံးပါး၏ မိဖုရားတစ်ပါး ဖြစ်သည်။ မွန်လူမျိုးဖြစ်ပြီး ကျန်စစ်သား၊ အနော်ရထာမင်းတို့နှစ်ဦးနှင့် ၄င်း၏အချစ်ဇာတ်လမ်းမှာ မြန်မာ့သမိုင်းရာဇဝင်တွင် ထင်ရှားသည်။
မဏိစန္ဒာသည် ဟံသာဝတီ(ပဲခူး) ပြည့်ရှင် ဘုရင်ကြီး၏ သမီးတော် ဖြစ်သည်။ ဟံသာဝတီ(ပဲခူး) ကို ဂျွမ်းစစ်သည်များ လာရောက်တိုက်ခိုက်ရာတွင် ပုဂံပြည်မှ စစ်ကူလာ၍ ပြန်လည်တိုက်ခိုက်ခုခံနိုင်ခဲ့သည့်အတွက် သော်လည်းကောင်း အင်အားကြီးမားလှသည့် အနုရုဒ္ဓ ခေါ် အနော်ရထာမင်းအုပ်စိုးသော ပုဂံပြည်ကြီး နှင့် ငြိမ်းချမ်းစွာ ဆက်ဆံနိုင်ရေးအတွက် လည်းကောင်း ပဲခူးဘုရင်က အသက် ၁၈ ဝန်းကျင်သာရှိသော သမီးတော် မဏိစန္ဒာမင်းသမီးကို အနော်ရထာမင်းထံ ဆက်သခဲ့သည်။
ငယ်ရွယ်နုပျိုပြီး အလွန်တရာလှပသော မဏိစန္ဒာ မင်းသမီးလေး သည် ၄င်းအား ပင့်ချီသယ်ဆောင်လာသော ဘုရင့် ပဏာတော်သယ် စစ်ကြောင်းကြီး၏ အကြီးအမှူးဖြစ်သည့် ကျန်စစ်သား (မင်းသား) နှင့် ကြာညောင်းစွာ သွားရသည့် ဝေးကွာလှသည့် လမ်းခရီးအတွင်း သံယောဇဉ်ငြိတွယ်ခဲ့မိကြသည်ဟု ဆိုသည်။
အနော်ရထာဘုရင်ကြီး အကြောင်းစုံအား ပြန်လည်ကြားသိသောအခါ (အမျက်တော်ရှပြီး ) ကျန်စစ်သားအား လက်စွဲ တော် လှံနှင့် စီရင်လေသည်။ သို့သော် ကျန်စစ်သား ၏ တုတ်နှောင်ထားသော ကြိုးများကိုသာ ထိမှန်ပြီး အသက်ဘေးမှ လွတ်ကင်းကာ ပုဂံမင်းနေပြည်တော်မှ ထွက်ပြေးခဲ့လေသည်။
မဏိစန္ဒာမင်းသမီးကိုမူ အနော်ရထာမင်းသည် မိဖုရားအဖြစ် တင်မြှောက်ချီးမြင့်ခဲ့သည်။ အနော်ရထာမင်း ကွယ်လွန်ပြီးနောက် သားတော် စောလူးမင်းသား နန်းတက်ခဲ့ပြီး မဏိစန္ဒာကိုပင် ဆက်လက် မိဖုရားမြှောက်ခဲ့သည်။ စောလူးမင်းနန်းတက်ပြီး များမကြာမီ မိဖုရားခေါင်ဖြစ်သော ဦးဆောက်ပန်း ကွယ်လွန်ခဲ့သဖြင့် မဏိစန္ဒာသည် မိဖုရားခေါင်ကြီး ဖြစ်လာခဲ့သည်။
စောလူးမင်းသည် နိုင်ငံအတွင်း မငြိမ်မသက်မှုများအားနှိမ်နင်းနိုင်ရင် ကျန်စစ်သားအား ပြန်လည်ခေါ်ယူခဲ့သော်လည်း ကျန်စစ်သားနှင့် မဏိစန္ဒာတို့ ပြန်လည်ဇာတ်လမ်းဆက်ကြသည်ဟု ကြားသိသဖြင့် စောလူးမင်းက ကျန်စစ်သားအား တဖန် နှင်ထုတ်ရပြန်သည်။
စောလူးမင်းအုပ်စိုးသည့် လက်ထက်တွင် မဏိစန္ဒာမင်းသမီး မွေးဇာတိ ဟံသာဝတီ (ပဲခူး) မြို့တော်အား နို့စို့ဖက် သူငယ်ချင်းဖြစ်သူ ငရမန်အား အုပ်ချုပ်စေခဲ့သည်။ ပဲခူးစား ငရမန်က စောလူးမင်းအား ပုန်ကန်ခဲ့ပြီး ငရမန်ကန်းလက်ချက်ဖြင့် စောလူးမင်း ကွယ်လွန်သွားခဲ့သောအခါ ယိုယွင်းနေသောတိုင်းပြည် အား စုစည်းအုပ်ချုပ်ရန် ကျန်စစ်သားအား ထီးနန်းအပ်ကြလေသည်။
ထကျွ ပုန်ကန်မှုများကို ကျန်စစ်သားက နှိမ်နင်းခဲ့ပြီးနောက် ပုဂံထီးနန်းကို ဆက်ခံခဲ့သည်။ ထီးနန်းတက်ပြီးနောက် ချစ်ရသူ မဏိစန္ဒာကို မိဖုရားမြှောက်သည်။
အင်အားကြီးမားသော မွန် ပြည်သားတို့ နှင့် ညီညွတ်မှုကို ရှေးရှုလျှက် ကျန်စစ်သားမင်းသည် မဏိစန္ဒာမင်းသမီးအား မိဖုရားတင်မြှောက်ခဲ့သလို နန်းတက်ပွဲကို မွန်ဓလေ့ ထုံးစံနှင့် အညီကျင်းပခဲ့သည်။
၁၅ နှစ်ဝန်ကျင် ကြာဝေးကွာခဲ့ပြီးမှ ချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းနိုင်ခဲ့ခြင်းဖြစ်လေသည်။
crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်
zawgyi
မဏိစႏၵာ (ေခၚ) ခင္ဦး သည္ ပုဂံေခတ္တြင္ အစဥ္လိုက္ နန္းတက္ေသာ မင္းသုံးပါး၏ မိဖုရားတစ္ပါး ျဖစ္သည္။ မြန္လူမ်ိဳးျဖစ္ၿပီး က်န္စစ္သား၊ အေနာ္ရထာမင္းတို႔ႏွစ္ဦးႏွင့္ ၄င္း၏အခ်စ္ဇာတ္လမ္းမွာ ျမန္မာ့သမိုင္းရာဇဝင္တြင္ ထင္ရွားသည္။
မဏိစႏၵာသည္ ဟံသာဝတီ(ပဲခူး) ျပည့္ရွင္ ဘုရင္ႀကီး၏ သမီးေတာ္ ျဖစ္သည္။ ဟံသာဝတီ(ပဲခူး) ကို ဂြၽမ္းစစ္သည္မ်ား လာေရာက္တိုက္ခိုက္ရာတြင္ ပုဂံျပည္မွ စစ္ကူလာ၍ ျပန္လည္တိုက္ခိုက္ခုခံႏိုင္ခဲ့သည့္အတြက္ ေသာ္လည္းေကာင္း အင္အားႀကီးမားလွသည့္ အႏု႐ုဒၶ ေခၚ အေနာ္ရထာမင္းအုပ္စိုးေသာ ပုဂံျပည္ႀကီး ႏွင့္ ၿငိမ္းခ်မ္းစြာ ဆက္ဆံႏိုင္ေရးအတြက္ လည္းေကာင္း ပဲခူးဘုရင္က အသက္ ၁၈ ဝန္းက်င္သာရွိေသာ သမီးေတာ္ မဏိစႏၵာမင္းသမီးကို အေနာ္ရထာမင္းထံ ဆက္သခဲ့သည္။
ငယ္႐ြယ္ႏုပ်ိဳၿပီး အလြန္တရာလွပေသာ မဏိစႏၵာ မင္းသမီးေလး သည္ ၄င္းအား ပင့္ခ်ီသယ္ေဆာင္လာေသာ ဘုရင့္ ပဏာေတာ္သယ္ စစ္ေၾကာင္းႀကီး၏ အႀကီးအမႉးျဖစ္သည့္ က်န္စစ္သား (မင္းသား) ႏွင့္ ၾကာေညာင္းစြာ သြားရသည့္ ေဝးကြာလွသည့္ လမ္းခရီးအတြင္း သံေယာဇဥ္ၿငိတြယ္ခဲ့မိၾကသည္ဟု ဆိုသည္။
အေနာ္ရထာဘုရင္ႀကီး အေၾကာင္းစုံအား ျပန္လည္ၾကားသိေသာအခါ (အမ်က္ေတာ္ရွၿပီး ) က်န္စစ္သားအား လက္စြဲ ေတာ္ လွံႏွင့္ စီရင္ေလသည္။ သို႔ေသာ္ က်န္စစ္သား ၏ တုတ္ေႏွာင္ထားေသာ ႀကိဳးမ်ားကိုသာ ထိမွန္ၿပီး အသက္ေဘးမွ လြတ္ကင္းကာ ပုဂံမင္းေနျပည္ေတာ္မွ ထြက္ေျပးခဲ့ေလသည္။
မဏိစႏၵာမင္းသမီးကိုမူ အေနာ္ရထာမင္းသည္ မိဖုရားအျဖစ္ တင္ေျမႇာက္ခ်ီးျမင့္ခဲ့သည္။ အေနာ္ရထာမင္း ကြယ္လြန္ၿပီးေနာက္ သားေတာ္ ေစာလူးမင္းသား နန္းတက္ခဲ့ၿပီး မဏိစႏၵာကိုပင္ ဆက္လက္ မိဖုရားေျမႇာက္ခဲ့သည္။ ေစာလူးမင္းနန္းတက္ၿပီး မ်ားမၾကာမီ မိဖုရားေခါင္ျဖစ္ေသာ ဦးေဆာက္ပန္း ကြယ္လြန္ခဲ့သျဖင့္ မဏိစႏၵာသည္ မိဖုရားေခါင္ႀကီး ျဖစ္လာခဲ့သည္။
ေစာလူးမင္းသည္ ႏိုင္ငံအတြင္း မၿငိမ္မသက္မႈမ်ားအားႏွိမ္နင္းႏိုင္ရင္ က်န္စစ္သားအား ျပန္လည္ေခၚယူခဲ့ေသာ္လည္း က်န္စစ္သားႏွင့္ မဏိစႏၵာတို႔ ျပန္လည္ဇာတ္လမ္းဆက္ၾကသည္ဟု ၾကားသိသျဖင့္ ေစာလူးမင္းက က်န္စစ္သားအား တဖန္ ႏွင္ထုတ္ရျပန္သည္။
ေစာလူးမင္းအုပ္စိုးသည့္ လက္ထက္တြင္ မဏိစႏၵာမင္းသမီး ေမြးဇာတိ ဟံသာဝတီ (ပဲခူး) ၿမိဳ႕ေတာ္အား ႏို႔စို႔ဖက္ သူငယ္ခ်င္းျဖစ္သူ ငရမန္အား အုပ္ခ်ဳပ္ေစခဲ့သည္။ ပဲခူးစား ငရမန္က ေစာလူးမင္းအား ပုန္ကန္ခဲ့ၿပီး ငရမန္ကန္းလက္ခ်က္ျဖင့္ ေစာလူးမင္း ကြယ္လြန္သြားခဲ့ေသာအခါ ယိုယြင္းေနေသာတိုင္းျပည္ အား စုစည္းအုပ္ခ်ဳပ္ရန္ က်န္စစ္သားအား ထီးနန္းအပ္ၾကေလသည္။
ထကြၽ ပုန္ကန္မႈမ်ားကို က်န္စစ္သားက ႏွိမ္နင္းခဲ့ၿပီးေနာက္ ပုဂံထီးနန္းကို ဆက္ခံခဲ့သည္။ ထီးနန္းတက္ၿပီးေနာက္ ခ်စ္ရသူ မဏိစႏၵာကို မိဖုရားေျမႇာက္သည္။
အင္အားႀကီးမားေသာ မြန္ ျပည္သားတို႔ ႏွင့္ ညီၫြတ္မႈကို ေရွးရႈလွ်က္ က်န္စစ္သားမင္းသည္ မဏိစႏၵာမင္းသမီးအား မိဖုရားတင္ေျမႇာက္ခဲ့သလို နန္းတက္ပြဲကို မြန္ဓေလ့ ထုံးစံႏွင့္ အညီက်င္းပခဲ့သည္။
၁၅ ႏွစ္ဝန္က်င္ ၾကာေဝးကြာခဲ့ၿပီးမွ ခ်စ္သူႏွစ္ဦး ျပန္လည္ဆုံဆည္းႏိုင္ခဲ့ျခင္းျဖစ္ေလသည္။
crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္