kyar thi ya tha mya

ပဲခူးတိုင်း ဝေါမြို့နယ်မှာ ဒုက္ခလှလှကြီး တွေ့နေကြတဲ့ ပြည်သူတွေရဲ့ ဘဝ

ပဲခူးတိုင်း ဝေါမြို့နယ်မှာ ဒုက္ခလှလှကြီး တွေ့နေကြတဲ့ ပြည်သူတွေရဲ့ ဘဝ

မွန်လမြိုင်-ရန်ကုန်သွား လမ်းပိုင်းရှိ ပဲခူးတိုင်း ဝေါမြို့နယ် စစ်တောင်း တံတားတွင် ရှိသည့် ညောင်ခါးရှည် X-ray စစ်ဆေးရေး ဂိတ်တွင် မတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ယာဉ်တန်းများရာနှင့်ချီပြီး ပိတ်မိနေ၍ အရေးပေါ် လူနာတက်ယာဉ်များနှင့် ကုန်ကားများ များစွာ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ခရီးသွား ပြည်သူများ ကပြောသည်။

လက်ရှိတွင် အဆိုပါ ညောင်ခါးရှည် X-ray စစ်ဆေးရေး ဂိတ်တွင် လမ်းပေါ်၌ နေ့စဉ် ယာဉ်တန်း ၃ တန်းကနေ ၄ တန်း အထိ ပိတ်မိနေ၍ အိမ်စီးကားများမှာ အနည်းဆုံး ၈ နာရီကနေ ၁၀ နာရီ ပိတ်မိနေသည့် အပြင် ကုန်ကားများမှာလည်း ၂ ရက်ကနေ ၃ ရက် အထိ ပိတ်မိနေသည်ဟု ခရီးသွား ပြည်သူ တစ်ဦးက ပြောသည်။

မြိတ်ဒေသခံ ခရီးသည် အမျိုးသမီးတစ်ဦးက “ကျွန်မတို့ အိမ်စီးကားတွေ အနေနဲ့ကတော့ မြိတ်ကနေ ထွက်လာတာ အဲ့ဒီစစ်ဆေးရေးဂိတ်ကို နံနက် ၆ နာရီ ရောက်တဲ့ အချိန်မှာ နေ့လယ် ၁၂ နာရီလောက်မှ ရန်ကုန်ဖက်ကို တက်တဲ့ လမ်းကို ရောက်တယ်”ဟု ပြော သည်။

ထိုသို့ ယာဉ်တန်းများ ပိတ်မိနေသည့် အချိန်တွင် အချို့သော ယာဉ်များမှာ ကျော်တက်ခြင်းကြောင့် ယင်းကဲ့သို့ ပိတ်မိတာလည်း ပါကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

မြိတ်ဖက်မှ တက်လာသော အရေးပေါ် လူနာတင်ယာဉ် အသင်းမှ တာဝန်ရှိသူ တစ်ဦးကလည်း “ရိုးရိုး ခရီးသွားတွေ ဆိုရင်တော့ သိပ်ပြီး ပြဿနာမရှိပေမယ့် မြိတ်၊ ထားဝယ်နဲ့ မွန်ပြည်နယ်က တက်လာတဲ့ အရေးပေါ် လူနာတင်ယာဉ်တွေတော့ တော်တော်ကို ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်” ပြောဆိုသည်။

ယခင်ကလည်း ယင်း ညောင်ခါးရှည် X-ray စစ်ဆေးရေး ဂိတ်ကို စတင် ဖွင့်လှစ် အချိန်တွင် ပိတ်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

မွန်လမြိုင် ဒေသခံ အမျိုးသား တစ်ဦးကလည်း “လွန်ခဲ့တဲ့ ၄/၅ လလောက်က ပိတ်မိတဲ့ အချိန်က လူနာတင်ယာဉ်တွေက ကျော်တက်ပြီး သွားလာခွင့် ရပေမယ့် အခုချိန်မှာတော့ ဘယ်လိုမှ ကျော်တက် မရလို့ လူနာ အတွက် တော်တော်လေးကို အခက်အခဲ ဖြစ်တယ်၊ နောက်ပြီး ကုန်ကားတွေလည်း စောစောရောက်လည်း ညအိပ်ရပါတယ်”ဟု ပြောသည်။

ထို့ကြောင့် မွန်လမြိုင်-ရန်ကုန် လမ်းပိုင်းကို မဖြစ်မနေ ယခု ရက်ပိုင်း ခရီးသွားမည့် ပြည်သူများ အနေနှင့် ငွေကြေး အလုံအလောက်၊ စက်သုံးဆီး၊ စားစရာ အပြည့်အစုံ၊ ထီး/ယပ်တောင်၊ ကျန်မာရေး အတွက် အသုံးအဆောင်များ အပြင်

ခြင်းဆေးနှင့် အိမ်ယာလိပ်များကိုပါ အပိုဆောင်ပြီး သွားလာကြဖို့ လိုအပ်ကြောင်း ကိုယ်တိုင် သွားလာပြီး ကြုံခဲ့သည့် ခရီးသွားများက အသိပေး နိုးဆော်ထားသည်။

ထိုသို့ ယာဉ်တန်းများ ရာနှင့် ချီ ပိတ်မိနေခြင်းကြောင့် လက်ရှိတွင် ခရီးသွား ပြည်သူ အချို့ကလည်း ကား နှစ်ဆင့် စီးပြီး သွားလာနေရကြောင်းလည်း သိရ သည်။

“အခုကလည်းက ဒီလမ်းက တော်တော်လေးကို ကြပ်နေတော့ လာမယ့် သင်္ကြန်ကာလမှာ ခရီးသွားတွေ များလာပါက ဒီထက် ပ်ုကြပ်လာနိုင်တယ်”ဟု လည်း ပဲခူးတိုင်းက ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ညောင်ခါးရှည်ဂိတ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီက စတင် ဖွင့်လှစ်ခဲ့ပြီး နောက် လက်ရှိတွင် X-Ray စက်များဖြင့် စစ်ဆေးနေကာ

ယင်း ဂိတ်တွင် လုံခြုံရေး ယူထားသည့် စစ်ကောင်စီတပ်နှင့် ယဉ်ထိန်းရဲ အပါဝင် အင်အားက ၈၀ ကျော်က စစ်နေခြင်း ဖြစ်ကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

credit to orginal

zawgyi

ပဲခူးတိုင္း ေ၀ါၿမိဳ႕နယ္မွာ ဒုကၡလွလွႀကီး ေတြ႕ေနၾကတဲ့ ျပည္သူေတြရဲ႕ ဘ၀

မြန္လၿမိဳင္-ရန္ကုန္သြား လမ္းပိုင္းရွိ ပဲခူးတိုင္း ေဝါၿမိဳ႕နယ္ စစ္ေတာင္း တံတားတြင္ ရွိသည့္ ေညာင္ခါးရွည္ X-ray စစ္ေဆးေရး ဂိတ္တြင္ မတ္လ ၂၀ ရက္ေန႔မွ စတင္ၿပီး ယာဥ္တန္းမ်ားရာႏွင့္ခ်ီၿပီး ပိတ္မိေန၍ အေရးေပၚ လူနာတက္ယာဥ္မ်ားႏွင့္ ကုန္ကားမ်ား မ်ားစြာ အခက္အခဲ ျဖစ္ေပၚေနေၾကာင္း ခရီးသြား ျပည္သူမ်ား ကေျပာသည္။

လက္ရွိတြင္ အဆိုပါ ေညာင္ခါးရွည္ X-ray စစ္ေဆးေရး ဂိတ္တြင္ လမ္းေပၚ၌ ေန႔စဥ္ ယာဥ္တန္း ၃ တန္းကေန ၄ တန္း အထိ ပိတ္မိေန၍ အိမ္စီးကားမ်ားမွာ အနည္းဆုံး ၈ နာရီကေန ၁၀ နာရီ ပိတ္မိေနသည့္ အျပင္ ကုန္ကားမ်ားမွာလည္း ၂ ရက္ကေန ၃ ရက္ အထိ ပိတ္မိေနသည္ဟု ခရီးသြား ျပည္သူ တစ္ဦးက ေျပာသည္။

ၿမိတ္ေဒသခံ ခရီးသည္ အမ်ိဳးသမီးတစ္ဦးက “ကြၽန္မတို႔ အိမ္စီးကားေတြ အေနနဲ႔ကေတာ့ ၿမိတ္ကေန ထြက္လာတာ အဲ့ဒီစစ္ေဆးေရးဂိတ္ကို နံနက္ ၆ နာရီ ေရာက္တဲ့ အခ်ိန္မွာ ေန႔လယ္ ၁၂ နာရီေလာက္မွ ရန္ကုန္ဖက္ကို တက္တဲ့ လမ္းကို ေရာက္တယ္”ဟု ေျပာ သည္။

ထိုသို႔ ယာဥ္တန္းမ်ား ပိတ္မိေနသည့္ အခ်ိန္တြင္ အခ်ိဳ႕ေသာ ယာဥ္မ်ားမွာ ေက်ာ္တက္ျခင္းေၾကာင့္ ယင္းကဲ့သို႔ ပိတ္မိတာလည္း ပါေၾကာင္း ခရီးသြား ျပည္သူမ်ားထံမွ သိရသည္။

ၿမိတ္ဖက္မွ တက္လာေသာ အေရးေပၚ လူနာတင္ယာဥ္ အသင္းမွ တာဝန္ရွိသူ တစ္ဦးကလည္း “႐ိုး႐ိုး ခရီးသြားေတြ ဆိုရင္ေတာ့ သိပ္ၿပီး ျပႆနာမရွိေပမယ့္ ၿမိတ္၊ ထားဝယ္နဲ႔ မြန္ျပည္နယ္က တက္လာတဲ့ အေရးေပၚ လူနာတင္ယာဥ္ေတြေတာ့ ေတာ္ေတာ္ကို ဆိုးဆိုးဝါးဝါး ျဖစ္ေနတယ္” ေျပာဆိုသည္။

ယခင္ကလည္း ယင္း ေညာင္ခါးရွည္ X-ray စစ္ေဆးေရး ဂိတ္ကို စတင္ ဖြင့္လွစ္ အခ်ိန္တြင္ ပိတ္မိသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။

မြန္လၿမိဳင္ ေဒသခံ အမ်ိဳးသား တစ္ဦးကလည္း “လြန္ခဲ့တဲ့ ၄/၅ လေလာက္က ပိတ္မိတဲ့ အခ်ိန္က လူနာတင္ယာဥ္ေတြက ေက်ာ္တက္ၿပီး သြားလာခြင့္ ရေပမယ့္ အခုခ်ိန္မွာေတာ့ ဘယ္လိုမွ ေက်ာ္တက္ မရလို႔ လူနာ အတြက္ ေတာ္ေတာ္ေလးကို အခက္အခဲ ျဖစ္တယ္၊ ေနာက္ၿပီး ကုန္ကားေတြလည္း ေစာေစာေရာက္လည္း ညအိပ္ရပါတယ္”ဟု ေျပာသည္။

ထို႔ေၾကာင့္ မြန္လၿမိဳင္-ရန္ကုန္ လမ္းပိုင္းကို မျဖစ္မေန ယခု ရက္ပိုင္း ခရီးသြားမည့္ ျပည္သူမ်ား အေနႏွင့္ ေငြေၾကး အလုံအေလာက္၊ စက္သုံးဆီး၊ စားစရာ အျပည့္အစုံ၊ ထီး/ယပ္ေတာင္၊ က်န္မာေရး အတြက္ အသုံးအေဆာင္မ်ား အျပင္

ျခင္းေဆးႏွင့္ အိမ္ယာလိပ္မ်ားကိုပါ အပိုေဆာင္ၿပီး သြားလာၾကဖို႔ လိုအပ္ေၾကာင္း ကိုယ္တိုင္ သြားလာၿပီး ႀကဳံခဲ့သည့္ ခရီးသြားမ်ားက အသိေပး ႏိုးေဆာ္ထားသည္။

ထိုသို႔ ယာဥ္တန္းမ်ား ရာႏွင့္ ခ်ီ ပိတ္မိေနျခင္းေၾကာင့္ လက္ရွိတြင္ ခရီးသြား ျပည္သူ အခ်ိဳ႕ကလည္း ကား ႏွစ္ဆင့္ စီးၿပီး သြားလာေနရေၾကာင္းလည္း သိရ သည္။

“အခုကလည္းက ဒီလမ္းက ေတာ္ေတာ္ေလးကို ၾကပ္ေနေတာ့ လာမယ့္ သၾကၤန္ကာလမွာ ခရီးသြားေတြ မ်ားလာပါက ဒီထက္ ပ္ုၾကပ္လာႏိုင္တယ္”ဟု လည္း ပဲခူးတိုင္းက ေဒသခံ တစ္ဦးက ေျပာသည္။

အဆိုပါ ေညာင္ခါးရွည္ဂိတ္ကို ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ စစ္ေကာင္စီက စတင္ ဖြင့္လွစ္ခဲ့ၿပီး ေနာက္ လက္ရွိတြင္ X-Ray စက္မ်ားျဖင့္ စစ္ေဆးေနကာ

ယင္း ဂိတ္တြင္ လုံၿခဳံေရး ယူထားသည့္ စစ္ေကာင္စီတပ္ႏွင့္ ယဥ္ထိန္းရဲ အပါဝင္ အင္အားက ၈၀ ေက်ာ္က စစ္ေနျခင္း ျဖစ္ေၾကာင္း ခရီးသြား ျပည္သူမ်ားထံမွ သိရသည္။

credit to orginal