ရန်ကုန်-မန္တလေးအမြန်လမ်းမှာ တိုက်ပြန်ပြီ… သေကြရပြန်ပြီ…ယာဉ်မောင်းများ ဂရုစိုက်မောင်းကြပါဗျာ
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Light Truck ကားက ရပ်ထားသည့်ကုန်တင်ကားအားနောက်မှဝင်တိုက် ၊၂ ဦးသေဆုံး ၁၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် မတ် ၂၃ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့်ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းတို့မှ သိရသည်။
ယနေ့နံနက်အစောပိုင်း ၅ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင်
မိုင်တိုင်အမှတ် (၂၈၄/၁)နှင့်(၂၈၄/၂)ကြားတွင် Light Truck ကားက ရပ်ထားသည့်ကုန်တင်ကားအား နောက်မှဝင်တိုက်မိခဲ့သည်။
ထို့ကြောင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်း၊သီးကုန်းအမြန်လမ်းရဲစခန်းနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
ဖြစ်စဉ်ကြောင့် ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး
အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၁၂ ဦး(စုစုပေါင်း ၁၆ ဦး)တို့တွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
“ရပ်ထားတဲ့ကားကို Light Truck ကားကဝင်တိုက်မိတာ ဒဏ်ရာရတဲ့လူတွေက မစိုးရိမ်ရပါဘူး ဆေးရုံပို့ပြီးတဲ့အချိန်ကနေ အခုချိန်ထိတခြားဆေးရုံကိုလွဲပြောင်းပေးရတာမရှိပါဘူး
တစ်ယောက်ကတော့ ကားခေါင်းခန်းထဲမှာညပ်နေလို့ မနည်းဆွဲထုတ်ပေးခဲ့ရတယ် ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးတဲ့အချိန်က မနက် ၆ နာရီခွဲပါ”ဟု ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဉ်တွင် သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
credit to orginal
zawgyi
ရန္ကုန္-မႏၲေလးအျမန္လမ္းမွာ တိုက္ျပန္ၿပီ… ေသၾကရျပန္ၿပီ…ယာဥ္ေမာင္းမ်ား ဂ႐ုစိုက္ေမာင္းၾကပါဗ်ာ
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ Light Truck ကားက ရပ္ထားသည့္ကုန္တင္ကားအားေနာက္မွဝင္တိုက္ ၊၂ ဦးေသဆုံး ၁၆ ဦးဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး၏ သီးကုန္းအျမန္လမ္းမီးသတ္တပ္ဖြဲ႕စခန္းအပိုင္တြင္ မတ္ ၂၃ ရက္(ယေန႔)နံနက္အေစာပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အျမန္လမ္းမီးသတ္တပ္ဖြဲ႕ႏွင့္ျပည္သာယာလူငယ္လူမႈကူညီေရးအသင္းတို႔မွ သိရသည္။
ယေန႔နံနက္အေစာပိုင္း ၅ နာရီ ၅၀ မိနစ္ခန႔္က ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၏ သီးကုန္းအျမန္လမ္းမီးသတ္စခန္းအပိုင္
မိုင္တိုင္အမွတ္ (၂၈၄/၁)ႏွင့္(၂၈၄/၂)ၾကားတြင္ Light Truck ကားက ရပ္ထားသည့္ကုန္တင္ကားအား ေနာက္မွဝင္တိုက္မိခဲ့သည္။
ထို႔ေၾကာင့္ သီးကုန္းအျမန္လမ္းမီးသတ္စခန္း၊သီးကုန္းအျမန္လမ္းရဲစခန္းႏွင့္လူမႈကူညီေရးအသင္းမ်ားက ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားျပဳလုပ္ခဲ့ၾကသည္။
ျဖစ္စဥ္ေၾကာင့္ ကားေပၚတြင္ လိုက္ပါလာသူမ်ားအနက္ အမ်ိဳးသား ၂ ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိ၍ အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့ၿပီး
အမ်ိဳးသား ၄ ဦးႏွင့္အမ်ိဳးသမီး ၁၂ ဦး(စုစုေပါင္း ၁၆ ဦး)တို႔တြင္လည္း ထိခိုက္ဒဏ္ရာမ်ား(မစိုးရိမ္ရ)ရရွိခဲ့ေၾကာင္း သိရသည္။
“ရပ္ထားတဲ့ကားကို Light Truck ကားကဝင္တိုက္မိတာ ဒဏ္ရာရတဲ့လူေတြက မစိုးရိမ္ရပါဘူး ေဆး႐ုံပို႔ၿပီးတဲ့အခ်ိန္ကေန အခုခ်ိန္ထိတျခားေဆး႐ုံကိုလြဲေျပာင္းေပးရတာမရွိပါဘူး
တစ္ေယာက္ကေတာ့ ကားေခါင္းခန္းထဲမွာညပ္ေနလို႔ မနည္းဆြဲထုတ္ေပးခဲ့ရတယ္ ကယ္ဆယ္ေရးလုပ္ငန္းေတြၿပီးတဲ့အခ်ိန္က မနက္ ၆ နာရီခြဲပါ”ဟု ျပည္သာယာလူငယ္လူမႈကူညီေရးအသင္းမွ တာ ဝန္ရွိသူတစ္ဦးကေျပာသည္။
ျဖစ္စဥ္တြင္ ေသဆုံးသူ ၂ ဦး၏႐ုပ္အေလာင္းမ်ားႏွင့္ထိခိုက္ဒဏ္ရာရသူမ်ားအား မိတၳီလာၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။
credit to orginal