ယနေ့ခေတ် ပျောက်ဆုံးစပြု နေပြီ ဖြစ်သောအပျို စစ်စစ် ကွမ်းတောင်ကိုင်…
ကွမ်းတောင်ကိုင် မိန်းကလေးဟူသည်
(၁) အပျိုစစ်စစ် ရည်းစားမရှိသူဖြစ်ရပေမည်
(၂) ရွာထဲ ရပ်ကွပ်ထဲတွင် အချောဆုံး အလှဆုံး စာရင်းဝင် ဖြစ်ရပေမည်
(၃) မိဘနှစ်ပါး စုံလင်စွာဖြင့် သက်ရှိထင်ရှာ ရှိရပေမည်
(၄) ကိုယ်န္ဓာ မကျိုး မကန်း…..အကောင်းပကတိဖြင့် ပြည့်စုံရမည်
(၅) ထိုမိန်းကလေး၏ အမိနှင့် အဖသည် ငယ်လင်ငယ်မယား ဖြစ်ရပေမည်
(၆) သတ်မှတ်ထားသော ပညာအရည်အချင်း နှင့်လဲ ပြည့်စုံရပေမည်
(၇) ပစ္စည်း ဥစ္စာ အတန်အသင့် ရှိရမည်
(၈) ဆွေမျိုးများ၏ နောက်ကြောင်း ရာဇဝင် ရှင်းရပေမည်
(၉) ရွာသူရွာသား ရပ်ကွက်သူရပ်ကွက်သား များမှ ထောက်ခံသောသူ ဖြစ်ရမည်
ရှေးယခင်စ၍ ဓလေ့ ထုံးတမ်း အစဉ်အလာအရ ထိုအချက် လက္ခဏာတွေဖြင့် ပြည့်စုံမှ သာလျှင် ထိုမိန်ကလေးသည် ကွမ်းတောင်ကိုင် ဖြစ်ပေလိမ့်မည်
မိန်းကလေးတစ်ယောက် ကွမ်းတောင်ကိုင်ရဖို့ ဖြစ်ဖို့ဆိုလျှင် ထင်သလောက် မလွယ်ချေ ကွမ်းတောင်ကိုင် မိန်းကလေး၏ နောက်မှ ပန်းတောင်ကိုင် မိန်းမပျိုလေးများ လိုက်ရလေသည်
ပန်းတောင်ကိုင်သော မိန်ကလေးများသည် သာမန် အပျိုဖော်များသာ ဖြစ်ကြပေသည် ယနေ့ခေတ်တွင်တော့ ကွမ်းတောင်ကိုင် စစ်စစ် ရှားပါးလာရုံသာမကအိမ်ထောင်ရှိ မိန်းမများသည်ပင်
ကွမ်းတောင်ကိုင် တက်လုပ်နေကြခြင်းကိုတွေ့လာရပေသည်
ကွမ်းတောင် ပြုလုပ်ရာတွင် ငှက်ပျောဖက်စိမ်းနှင့် ကွမ်းရွက် ခုနစ်ရွက်ဖြင့် စီမံထား၍
ယခုခေတ် ကွမ်းတောင်ကိုင်အများစုသည် ဆိုင်မှ အတုများဖြင့်သာ အသုံးပြုလာကြသည်ကို
အများစု တွေ့ရှိကြပေလိမ့်မည်
ဖက်စိမ်းကွမ်းတောင်သည် နတ်ကြီးသဖြင့် မဟုတ်မမှန် ဖက်စိမ်း ကွမ်းတောင်အား ကိုင်ခဲ့လျှင် ရွာခိုက်သည်ဟု ရှေးးဘိုးဘွားများးစကား မှတ်သားဖူးးခဲ့သည်…
Credit: တောင်ပံနီလူလေး(မြန်မာပြည် )
zawgyi
ယေန႔ေခတ္ ေပ်ာက္ဆုံးစျပဳ ေနၿပီ ျဖစ္ေသာအပ်ိဳ စစ္စစ္ ကြမ္းေတာင္ကိုင္…
ကြမ္းေတာင္ကိုင္ မိန္းကေလးဟူသည္
(၁) အပ်ိဳစစ္စစ္ ရည္းစားမရွိသူျဖစ္ရေပမည္
(၂) ႐ြာထဲ ရပ္ကြပ္ထဲတြင္ အေခ်ာဆုံး အလွဆုံး စာရင္းဝင္ ျဖစ္ရေပမည္
(၃) မိဘႏွစ္ပါး စုံလင္စြာျဖင့္ သက္ရွိထင္ရွာ ရွိရေပမည္
(၄) ကိုယ္ႏၶာ မက်ိဳး မကန္း…..အေကာင္းပကတိျဖင့္ ျပည့္စုံရမည္
(၅) ထိုမိန္းကေလး၏ အမိႏွင့္ အဖသည္ ငယ္လင္ငယ္မယား ျဖစ္ရေပမည္
(၆) သတ္မွတ္ထားေသာ ပညာအရည္အခ်င္း ႏွင့္လဲ ျပည့္စုံရေပမည္
(၇) ပစၥည္း ဥစၥာ အတန္အသင့္ ရွိရမည္
(၈) ေဆြမ်ိဳးမ်ား၏ ေနာက္ေၾကာင္း ရာဇဝင္ ရွင္းရေပမည္
(၉) ႐ြာသူ႐ြာသား ရပ္ကြက္သူရပ္ကြက္သား မ်ားမွ ေထာက္ခံေသာသူ ျဖစ္ရမည္
ေရွးယခင္စ၍ ဓေလ့ ထုံးတမ္း အစဥ္အလာအရ ထိုအခ်က္ လကၡဏာေတြျဖင့္ ျပည့္စုံမွ သာလွ်င္ ထိုမိန္ကေလးသည္ ကြမ္းေတာင္ကိုင္ ျဖစ္ေပလိမ့္မည္
မိန္းကေလးတစ္ေယာက္ ကြမ္းေတာင္ကိုင္ရဖို႔ ျဖစ္ဖို႔ဆိုလွ်င္ ထင္သေလာက္ မလြယ္ေခ် ကြမ္းေတာင္ကိုင္ မိန္းကေလး၏ ေနာက္မွ ပန္းေတာင္ကိုင္ မိန္းမပ်ိဳေလးမ်ား လိုက္ရေလသည္
ပန္းေတာင္ကိုင္ေသာ မိန္ကေလးမ်ားသည္ သာမန္ အပ်ိဳေဖာ္မ်ားသာ ျဖစ္ၾကေပသည္ ယေန႔ေခတ္တြင္ေတာ့ ကြမ္းေတာင္ကိုင္ စစ္စစ္ ရွားပါးလာ႐ုံသာမကအိမ္ေထာင္ရွိ မိန္းမမ်ားသည္ပင္
ကြမ္းေတာင္ကိုင္ တက္လုပ္ေနၾကျခင္းကိုေတြ႕လာရေပသည္
ကြမ္းေတာင္ ျပဳလုပ္ရာတြင္ ငွက္ေပ်ာဖက္စိမ္းႏွင့္ ကြမ္း႐ြက္ ခုနစ္႐ြက္ျဖင့္ စီမံထား၍
ယခုေခတ္ ကြမ္းေတာင္ကိုင္အမ်ားစုသည္ ဆိုင္မွ အတုမ်ားျဖင့္သာ အသုံးျပဳလာၾကသည္ကို
အမ်ားစု ေတြ႕ရွိၾကေပလိမ့္မည္
ဖက္စိမ္းကြမ္းေတာင္သည္ နတ္ႀကီးသျဖင့္ မဟုတ္မမွန္ ဖက္စိမ္း ကြမ္းေတာင္အား ကိုင္ခဲ့လွ်င္ ႐ြာခိုက္သည္ဟု ေရွးးဘိုးဘြားမ်ားးစကား မွတ္သားဖူးးခဲ့သည္…
Credit: ေတာင္ပံနီလူေလး(ျမန္မာျပည္ )