လူတိုင္းက ခ်မ္းသာခ်င္ၾကပါတယ္။ ႀကိဳးလည္းႀကိဳးစားၾကတယ္။ ဒါေပမဲ့ လူေတာ္ေတာ္မ်ားမ်ားကို ေမးၾကည့္လိုက္ရင္ ငါတစ္ေန႔ခ်မ္းသာရမယ္လို႔ပဲ ေျဖၾကတယ္။ တိက်တဲ့ အေျဖတစ္ခုကိုမရဘူး။ တစ္ေန႔ၾကရင္ဆိုေတာ့ ေနာင္(5)ႏွစ္ (10)ႏွစ္လဲ မေသခ်ာပါဘူး။ ဒီလိုပဲ ႀကိဳးစားရင္းနဲ႔အခ်ိန္ေတြကုန္သြားမွာပါပဲ။ ကိုယ္ကတကယ္ေအာင္ျမင္ႀကီးပြားခ်မ္းသာခ်င္ရင္ေတာ့ တိက်တဲ့အေျဖတစ္ခုရွိဖို႔ လိုပါတယ္။
၁။ ကိုယ္က ေငြပမာဏဘယ္ေလာက္ထိ ပိုင္ဆိုင္ခ်င္တာလဲ ဆိုတာသိရပါမယ္။
၂။ အဲ့ဒီေငြပမာဏကို ဘယ္အခ်ိန္မွာပိုင္ဆိုင္ခ်င္တာလဲဆိုတာ သိရပါတယ္။
၃။ ကိုယ္လိုခ်င္တဲ့ေငြပဏနဲ႔ အခ်ိန္အတိုင္းအတာကို စာအုပ္ထဲမွာခ်ေရးရပါမယ္။
၄။ ကိုယ္လိုခ်င္တဲ့ပမာဏနဲ႔ အခ်ိန္ကိုတြက္ၿပီး ပထမႏွစ္မွာဘယ္ေလာက္၊ ဒုတိယႏွစ္မွာဘယ္ေလာက္ဆိုၿပီး ႏွစ္အလိုက္ျပန္ခြဲေရးပါ။
၅။ (၁)ႏွစ္မွာဘယ္ေလာက္ရွာရမယ္ဆိုတာကို သိၿပီဆိုတာနဲ႔ ကိုယ္လက္ရွိအလုပ္နဲ႔ဝင္ေငြက ထိုပမာဏကိုမရႏိုင္ဘူးဆိုရင္ ကိုယ္ကေနာက္ထက္ ထိုပမာဏကိုရႏိုင္မဲ့အလုပ္ ဝင္ေငြေတြကိုထပ္ၿပီး ဖန္တီးရပါမယ္။
ဒါေၾကာင့္ (၅)ႏွစ္အတြင္းမွာ ေအာင္ျမင္ခ်မ္းသာခ်င္တယ္ဆိုရင္ ကိုယ္လိုခ်င္တဲ့ေငြပမာဏနဲ႔အခ်ိန္ကို (၁)ႏွစ္စီ ခြဲခ်မ္းစိတ္ျဖာၿပီး ခ်ေရးပါ။
(၁)ႏွစ္မွာ ဘယ္ေလာက္ဝင္ေငြရွာရမယ္ဆိုတာကို သိတာနဲ႔ လက္ရွိ(၁)လဝင္ေငြကမမွီဘူးဆိုရင္ ေနာက္ထက္အလုပ္ေျပာင္းဖို႔နဲ႔ အပိုဝင္ေငြရဖို႔ကို ရဲရဲဝံ့ဝံ့နဲ႔ ဆုံးျဖတ္ခ်က္ခ်ရပါမယ္။မျဖစ္ႏိုင္ဘူးဆိုတာမရွိပါဘူး။ တကယ္လုပ္ရင္ တကယ္ျဖစ္ပါတယ္။
ပိုက္ဆံစုနည္းေလးေတြ ေျပာျပေပးပါမယ္။ပိုက္ဆံသုံးျခင္း နည္းလမ္း အသြယ္သြယ္ဆို ပိုမွန္ပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ပိုက္ဆံက စုရတာခက္တာ သုံးတာက်ေတာ့ လွ်ပ္တျပက္အတြင္းမွာပင္ကုန္သြားတက္တယ္။ ဒါေပမယ့္လည္း ပိုက္ဆံကိုေတာ့ မစုဘဲေနလို႔မရပါဘူး။ သာေရး နာေရး ဘဝေနာင္ေရးအတြက္ ေမွ်ာ္ကိုးၿပီး စုထားရမွာပါ။ အခုဆိုရင္ေတာ့ သာေရးထက္ က်န္းမာေရးအတြက္ မျဖစ္မေနစုထားရေတာ့မွာပါ။ ယေန႔ေခတ္ႀကီးမွာ မတ္တပ္စာကိုပဲ ရွာႏိုင္ေဖြႏိုင္ၾကပါတယ္။ တုံးလုံးလွဲၿပီးေနရမယ့္အခါ ေဆးကုဖို႔ ေငြကို မရွာႏိုင္ၾကေသးပါဘူး။ ဒါေၾကာင့္ ဝင္ေငြ အနည္းအမ်ားကေနပဲ အသက္ဆက္ဖို႔ ေငြစုကို စုရမွာပါ။ ဘယ္လိုေတြစုၾကမလဲ ။
တစ္ခ်ိဳ႕က်ေတာ့ ေငြဝင္စရာျမင္ေနရင္ ကိုယ့္မွာရွိတဲ့ ပိုက္ဆံကို ႀကိဳသုံးေလ့ရွိပါတယ္။ ဒါဟာ မေကာင္းေသာ နည္းလမ္းလို႔ဆိုခ်င္ပါတယ္။ တကယ္တမ္း ရမယ့္ေငြဝင္လာတဲ့အခါလည္း ထပ္သုံးမိတက္ၾကပါတယ္။ အဲေတာ့ ကိုယ့္မွာရွိတဲ့ ေငြလည္းကုန္ ဝင္လာတဲ့ ေငြလည္း ထပ္ကုန္ျဖစ္တက္ပါတယ္။ တစ္ႏွစ္အတြင္း ပိုက္ဆံ မ်ားမ်ားစားစား စုမိေစမယ့္ နည္းလမ္းေတြနဲ႔ ေငြစုလို႔ရမယ့္နည္းေလးေတြ ေျပာျပေပးလိုက္ပါတယ္။
တစ္ဆင့္ခ်င္းစုနည္း…
အခု ဒီနည္းလမ္းကေတာ့ သီတင္းပတ္တစ္ပတ္ခ်င္းစီ ပိုက္ဆံစုရမွာ ျဖစ္ပါတယ္။ တစ္ႏွစ္ကို သီတင္းပတ္ ၅၂ ပတ္ရွိေတာ့ ၅၂ ခါ စုရမွာေပါ့။ ပထမဆုံး စစုတဲ့အပတ္မွာ ၅၀၀ ဒါမွမဟုတ္ ၁၀၀၀ နဲ႔ စတင္ႏိုင္ပါတယ္။ ဒါေပမဲ့ တစ္ပတ္ထက္တစ္ပတ္ ဆတိုးစုသြားရမွာျဖစ္ပါတယ္။ ပထမဆုံး အပတ္မွာ ၁၀၀၀ စုရင္ ေနာက္တစ္ပတ္ ၂၀၀၀၊ ေနာက္တစ္ပတ္က် ၃၀၀၀ …..အစရွိသလို ဆတိုး တိုးသြားရမွာပါ။ တစ္ႏွစ္ကုန္တာနဲ႔ ၁၃၇၈၀၀၀ စုမိမွာျဖစ္ပါတယ္။ ဒီနည္းလမ္းကေတာ့ ပိုက္ဆံမသုံးဘဲ ပုံမွန္စုသြားမွ အဆင္ေျပမွာပါ။ တကယ္လို႔ အပတ္တိုင္း ပိုက္ဆံမစုႏိုင္ဘူးဆိုရင္လည္း စုမယ့္ပိုက္ဆံ ပမာဏကို တိုးၿပီးလတိုင္း စုသြားတာမ်ိဳး လုပ္ႏိုင္ပါတယ္။
သုံးတဲ့ပိုက္ဆံရဲ႕ ရာခိုင္ႏႈန္းအလိုက္ ျပန္စုတာ
ဒီနည္းလမ္းကေတာ့ ပိုက္ဆံ စုမိေစ႐ုံတင္မကဘဲ ကိုယ့္ရဲ႕အသုံးစရိတ္ ဘယ္ေလာက္ရွိလဲဆိုတဲ့အခ်က္ကိုပါ တိတိက်က် သိေစႏိုင္မွာျဖစ္ပါတယ္။ ဘယ္လိုလုပ္ရမလဲဆိုေတာ့ ကိုယ္ဝယ္ယူမယ့္ပစၥည္းတစ္ခုခု ဒါမွမဟုတ္ ကိုယ့္စားမယ့္ စားစရာတစ္ခုခုရဲ႕ ၁၀ ပုံ၊ ၁ ပုံ(၁၀ ရာခိုင္ႏႈန္း)ကို စုထားဖို႔ပါပဲ။ ဥပမာ ၃၀၀၀၀ တန္ လက္ဆြဲအိတ္တစ္လုံး ဝယ္ၿပီဆိုတာနဲ႔ ၃၀၀၀၀ ရဲ႕ ၁၀ ပုံ၊ ၁ ပုံျဖစ္တဲ့ ေငြ ၃၀၀၀ စုဖို႔ပါပဲ။
အဲဒီနည္းလမ္းအရ တစ္လကို တစ္သိန္း သုံးတယ္ဆိုရင္ တစ္ႏွစ္ကို ၁၂၀၀၀၀ စုမိမွာပါ။ တကယ္လို႔ စုမိတဲ့ေငြကနည္းတယ္လို႔ ထင္ရင္ေတာ့ ပိုက္ဆံစုတဲ့ ရာခိုင္ႏႈန္းကို ၂၀ ရာခိုင္ႏႈန္း၊ ၃၀ ရာခိုင္ႏႈန္း တိုးတာမ်ိဳး လုပ္ႏိုင္ပါတယ္။ ဥပမာ ၃၀၀၀၀ တန္ လက္ဆြဲအိတ္ ဝယ္မယ္ဆိုရင္ ၆၀၀၀(၂၀ ရာခိုင္ႏႈန္း)၊ ၉၀၀၀(၃၀ ရာခိုင္ႏႈန္း) စုႏိုင္ပါတယ္။ ဒါဆိုရင္ေတာ့ ပိုက္ဆံ ပိုစုမိမွာပါ။ Credit Card ရွိသူေတြကေတာ့ ဘဏ္နဲ႔ ခ်ိတ္ဆက္ၿပီးသုံးတဲ့ပိုက္ဆံရဲ႕ရာခိုင္ႏႈန္းကို အလြယ္တကူ စုႏိုင္မွာျဖစ္ပါတယ္။ ဒါကေတာ့ အေနာက္ႏိုင္ငံေတြမွာပဲ ပိုတြယ္က်ယ္ေသးတဲ့ ပုံစံတစ္ရပ္ျဖစ္ပါတယ္။
မေကာင္းတဲ့အက်င့္အလိုက္ ပိုက္ဆံစုမယ္
ေခါင္းစဥ္ဖတ္လိုက္ရင္ နည္းနည္းရႈပ္သြားႏိုင္ပါတယ္။ တကယ္ေတာ့ မေကာင္းတဲ့အက်င့္ မ်ားေလေလ ပိုက္ဆံစုမိေလေလ ျဖစ္ေအာင္ (ကိုယ့္စိတ္ကိုယ္ထိန္း) လုပ္တဲ့နည္းလမ္းပါပဲ။ တကယ္လို႔ သင္က အလုပ္အၿမဲေနာက္က်တတ္တယ္၊ ဒါမွမဟုတ္ အိပ္ယာထတာ အၿမဲေနာက္က်တယ္ဆိုရင္ အဲဒီျဖစ္ရပ္ တစ္ခုခ်င္းစီအတြက္ ပိုက္ဆံစုရမွာပါ။
တစ္ခါ အိပ္ယာထေနာက္က်ရင္ ၁၀၀၀ ဒါမွမဟုတ္ ၂၀၀၀၊ ၃၀၀၀ စုရမွာပါ။ စစခ်င္းမွာ ပိုက္ဆံနည္းနည္းနဲ႔ စစုလို႔ ရေပမယ့္ ေနာက္ပိုင္းမွာ စုတဲ့ပိုက္ဆံပမာဏကို မေလွ်ာ့မိဖို႔ေတာ့ လိုပါတယ္။ အခုနည္းလမ္းအရ မေကာင္းတဲ့အက်င့္ေတြကို သတိျပဳမိၿပီးသား ျဖစ္သြားသလို မေကာင္းတဲ့ အက်င့္ေတြ မျပင္ႏိုင္ေသးခင္ ပိုက္ဆံစုမိၿပီးသားလည္း ျဖစ္သြားမွာပါ။ အလုပ္ေနာက္က်တိုင္း ပိုက္ဆံ ၁၀၀၀ စုမယ္ဆိုရင္ တစ္ႏွစ္အတြင္း အလုပ္ေနာက္က်တဲ့အႀကိမ္ (၅၀)ရွိမယ္ဆိုရင္ ၅၀၀၀၀ စုမိၿပီးသား ျဖစ္သြားမွာပါ.
လူတိုင္းပိုက္ဆံ စုခ်င္ၾကပါတယ္။ လက္ေတြ႕ျဖစ္လာဖို႔ ခက္ခဲပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ပစၥည္း အသစ္အဆန္းေလးေတြ ဒီဇိုင္းအသစ္အဆန္းေလးေတြ ေပၚၿပီဆိုရင္ အၿပိဳင္အဆိုင္ဝယ္ခ်င္ၾကတာ သဘာဝပါ။ ပိုက္ဆံ စုမယ္စုမယ္ဆိုတာလည္း အေျပာပဲရွိလက္ေတြ႕က အေကာင္အထည္ ေဖာ္ဖို႔ ခဲယဥ္းတက္ပါတယ္။ ေနာက္ေဖာ္ျပေပးမယ့္နည္းလမ္းကေတာ့ ေဈးဝယ္တာကေန စုမိမယ့္နည္းေလးေတြပါပဲ။
နည္းလမ္း (၁)
အရာအားလုံးကို ေရးခ်ပါ။ သင္ေဈးဆိုင္မသြားခင္မွာ သင္လိုအပ္တဲ့ အရာေတြအားလုံးကို စာရင္းခ်ေရးပါ။ ေဈးဆိုင္ မသြားခင္ဝဝလင္လင္ အစားစားသြားပါ။ ဗိုက္ဆာေနတဲ့ အခ်ိန္မွာမုန႔္ေတြကို ပိုဝယ္တတ္လို႔ပါ။
နည္းလမ္း (၂)
မိမိကိုယ္တိုင္ျပဳလုပ္ပါ။ ေဈးႀကီးႀကီး ေကာ္ဖီေတြမုန႔္ေတြကို ဆိုင္မွာဝယ္စားမယ့္အစား ကိုယ္ကိုယ္တိုင္ ဖန္တီးၾကည့္ပါ။ ဒါကလည္း အဆင္ေျပေစမယ့္နည္းလမ္းလို႔ထင္ပါတယ္။ ပ်င္းတက္တဲ့သူေတြ အတြက္ေတာ့ အသုံးမဝင္ေလာက္ပါဘူးေနာ္။ ဒါေပမယ့္မယ့္ သင္ကိုယ္တိုင္စမ္းၾကည့္ပါဦး။
နည္းလမ္း (၃)
ေငြသားအသုံးျပဳပါ။ ATM Card ေတြေဆာင္သြားမယ့္အစား ေငြသားကို လိုအပ္သေလာက္ပဲ ထည့္သြားပါ။
နည္းလမ္း (၄)
မၾကာခဏညစာအျပင္ထြက္စားျခင္းကို ရပ္တန႔္လိုက္ပါ။ ႐ုံးကျပန္တိုင္း ညစာ အျပင္ထြက္စားျခင္းဟာ ကုန္က်စရိတ္အင္မတန္မ်ားေစပါတယ္။ တစ္လမွာ လစာထုတ္တဲ့ရက္ တစ္ရက္ေလာက္သာ အျပင္ထြက္စားျခင္း ျပဳလုပ္သင့္ပါတယ္။
နည္းလမ္း (၅)
ေန႔လည္စာ ထမင္းဘူးထည့္ပါ။ ေန႔လည္စာကို ေန႔တိုင္းအျပင္ဝယ္စားျခင္းဟာ သင့္ကို ကုန္က်စရိတ္ မ်ားေစပါတယ္။ ဒါ့ေၾကာင့္ေန႔လည္စာ ထမင္းဘူးထည့္ သြားသင့္ပါတယ္။
နည္းလမ္း (၆)
သုံးရက္တာ စည္းကမ္းကို လိုက္နာပါ။ တစ္ခုခုဝယ္ခ်င္စိတ္ ေပါက္လာရင္ ပစၥည္းမဝယ္ခင္ သုံးရက္ေလာက္ေစာင့္ပါ။ သုံးရက္ၾကာသြားတာေတာင္မွ ဝယ္ခ်င္ေသးတယ္ဆိုရင္ေတာ့ ဝယ္လိုက္ပါ။ စိတ္ရွည္ရပါမယ္ေနာ္။
နည္းလမ္း (၇)
ပိုက္ဆံစုရတဲ့ ရည္႐ြယ္ခ်က္ထားရွိပါ။ ကားဝယ္ဖို႔အိမ္ဝယ္ဖို႔ အစရွိသျဖင့္ ရည္မွန္းခ်က္ တစ္ခုခုထားရွိပါ။ ရည္မွန္းထားတဲ့ ပစၥည္းေလးကိုဝယ္ႏိုင္တဲ့ေန႔မွာ အေပ်ာ္႐ႊင္ဆုံး ျဖစ္မွာပါ။ ဒီအခ်က္ေလးကို လိုက္နာၿပီး ပိုက္ဆံေလးေတြကို မ်ားမ်ားစုႏိုင္ပါေစ။
လိုအပ္မည့္ အရာမ်ားအတြက္ဝယ္၊ မလိုအပ္မည့္အရာမ်ားအတြက္စု
လိုအပ္မည့္အရာမ်ား ကိုဆိုလိုသည္မွာ မျဖစ္မေန ကုန္က်မည့္အရာမ်ားကို ဆိုလိုျခင္း ျဖစ္တယ္။ ဥပမာ ဝန္ထမ္းတစ္ေယာက္ဆိုပါစို႔၊ သူ႔အတြက္ ပုံမွန္ကုန္က်မည့္အရာ ေတြက ေတာ့ စားစရိတ္၊ အိမ္ငွားစရိတ္၊ ေရးခ၊ မီးခ၊ သြားလာေရးအတြက္ ကားခ (ယာဥ္ခ) နဲ႔ ဆက္သြယ္ေရး ကုန္က်စရိတ္(ဖုန္းခ၊အင္တာနက္ခ)ေတြျဖစ္တယ္။ ဒီေတာ့ မိမိရတဲ့ လစာထဲမွ ထိုအသုံးစရိတ္ကိုေတာ့ မျဖစ္မေနသုံးရမွာျဖစ္လို႔ က်န္တဲ့ အပိုအလွ်ံကို ေတာ့ အိတ္ထဲ စုမိဖို႔လိုပါမယ္။ အပိုအလွ်ံေငြေတြကို မလိုအပ္တဲ့အရာ၊ မဝယ္ဘဲ ေနလိုရတဲ့ ပစၥည္းမ်ား အတြက္ မသုံးလိုက္မိဖို႔လိုပါမယ္။ အေရးေပၚ ေငြလိုေနသည့္ အခ်ိန္မ်ားမွအပ မလိုအပ္တဲ့အရာေတြအတြက္ ေငြ အကုန္မခံပါနဲ႔။
၂၀ ရာခိုင္ႏႈန္း စည္းမ်ဥ္း
ဆရာေတြသင္ေပးခဲ့တဲ့ နည္းေလးကိုမွ်ေဝခ်င္ပါတယ္။ အဲ့တာက ဝင္ေငြ (၁၀၀)က်ပ္ ရွိရင္ ထို ဝင္ေငြ အကုန္လုံးကို မသုံးမိဖို႔လိုၿပီး ၂၀% (၂၀)က်ပ္ ကိုေတာ့ မိမိထံတြင္ ခ်န္ထားဖို႔လိုပါမယ္။ ေငြစုဖို႔အခက္အခဲျဖစ္ေနသူမ်ားမွာေတြ႕ရတဲ့အေလ့အထကေတာ့ ဝင္ေငြ နဲ႔ထြက္ေငြ မမွ်ျခင္း ျပႆနာျဖစ္တယ္။ ဥပမာ ေငြက်ပ္ (၁၀၀၀) ဝင္လွ်င္ ထိုပမာဏထက္ ေက်ာ္လြန္သုံးစြဲျခင္းမွ ရပ္တန႔္ဖို႔လို
တယ္။ မဟုတ္ပါက မိမိဝင္ေငြထက္ ပိုသုံးမိရင္ အေႂကြး တင္ဖို႔ကိန္းဆိုက္ပါမယ္။ ဒါေၾကာင့္ အနည္းဆုံး ၂၀% ကိုေတာ့ ခ်န္ထား ဖို႔မေမ့ပါနဲ႔။ ျဖစ္ႏိုင္ပါက မိမိရဲ႕ တစ္ေန႔တာပုံမွန္အသုံးစရိတ္ထက္ေက်ာ္လြန္ သုံးစြဲျခင္း မွေဆာင္ က်ဥ္ဖို႔လိုပါမယ္။ ဒီလိုနည္းနဲ႔က်င့္သုံး ပါက လုံးဝပိုက္ဆံ က်န္ေနႏိုင္မွာျဖစ္တယ္။
ေငြသုံးစြဲႏိုင္သူေတြနဲ႔ အၿပိဳင္မလိုက္ပါနဲ႔
ေခတ္ကာလ အရ နာမည္ႀကီး အမွတ္တံဆိပ္ေတြ၊ ကုန္ပစၥည္းအသစ္ေတြ၊ ေဈးႀကီးေပး ဝယ္ရတဲ့ပစၥည္းေတြ အၿပိဳင္အ ဆိုင္ဝယ္ေနၾကတာကို ေတြ႕ႏိုင္ပါတယ္။ ေငြေၾကး ျပည့္စုံတဲ့ အသိုင္းအဝိုင္း အတြက္ ေဈးႀကီး အမွတ္တံဆိပ္ေတြ အသစ္ထြက္လာတိုင္း လက္မေႏွးပဲ ဝယ္ႏိုင္ၾကတယ္။ ဒါေပမယ့္ အလည္အလတ္ နဲ႔ေအာက္ေျခလူတန္းစား မ်ားအတြက္ ထိုသို႔ေသာ ပစၥည္းေတြကို ဝယ္ဖို႔ အေခ်းအငွားလုပ္ၾကရ၊ ပိုက္ဆံႀကိဳစု ထားရနဲ႔ လိုအပ္တဲ့အသုံးစရိတ္ထက္ လိုခ်င္တဲ့အသုံးစရိတ္က ပိုေနရာ ယူထား တာကိုေတြ႕ႏိုင္ပါ တယ္။
ေဈးႀကီးသုံးႏိုင္မွ လူရာဝင္မယ္၊ လူအထင္ႀကီးမယ္ လို႔ မထင္သင့္ပါ။ တကယ္ေတာ့ မိမိရဲ႕အေျခအေနကို နားလည္ၿပီး ထိုေဈးႀကီး တဲ့ပစၥည္းေတြအေပၚမွာ အထင္ႀကီးခံရဖို႔အတြက္တစ္ခုနဲ႔ ပိုက္ဆံကိုပုံေအာမသုံး သင့္ပါဘူး။ ကိုယ့္ကိုယ္ကို တင္းတိမ္ေရာင့္ရဲဖို႔ လိုပါမယ္။ အတတ္ႏိုင္ဆုံး အေႂကြး မထားဖို႔လိုအပ္ပါမယ္။
ဝင္ေငြထြက္ေငြ စာရင္း က်င့္သုံးပါ။
ပိုက္ဆံစုဖို႔ အခက္အခဲျဖစ္ရတဲ့အေၾကာင္းအရင္းတစ္ခုကေတာ့ မိမိရဲ႕ ဝင္ေငြ ထြက္ေငြ စာရင္းကိုလုပ္ဖို႔ေမ့တတ္ၾကျခင္းပဲျဖစ္တယ္။
ထိုသို႔ေသာ စားရင္လုပ္တတ္တဲ့ အက်င့္ လုပ္ထားပါက တစ္ေန႔တာ ဘယ္ေလာက္ကုန္က်သြားလဲ ဘယ္ေလာက္ ထပ္သုံးသင့္ ထပ္ေလွ်ာ့သင့္ သလဲဆို တာကို သိၿပီး အထိန္းအကြပ္ ျဖင့္လုပ္ႏိုင္မွာ ျဖစ္တယ္။ မ်ားေသာအားျဖင့္ လူအေတာ္မ်ားမ်ားက မိမိတို႔ သုံးေနက် ေငြပမာဏကို အၾကမ္း ျပင္းသိထားေပမယ့္ တစ္ခ်ိဳ႕ေသာ ရက္ေတြ၊ လေတြမွာ ပုံမွန္ထက္ အသုံး ပိုသြားႏိုင္တယ္
ဒါေၾကာင့္ ေငြအဝင္အထြက္စာရင္းကို စာရင္းျပဳစုထားျခင္းျဖင့္ မိမိအေနနဲ႔ လာမယ့္ ရက္ေတြ၊လေတြမွာ ေငြကို ဆင္ဆင္ျခင္ျခင္ သုံးစြဲႏိုင္ပါမယ္။ ဒါ့အျပင္မိမိအေနနဲ႔ ေဈးဝယ္တိုင္း အသုံးစရိတ္စာရင္းကို ႀကိဳတင္ဆြဲထားျခင္းျဖင့္ မည့္မွ်သာသုံးမည္ မည္မွ်သာ ဝယ္ျခမ္းမည့္စတဲ့ အခ်ိန္အဆ ေလးနဲ႔ က်င့္သားရေစမွာျဖစ္တယ္။
လက္မဖြာပါနဲ႔။
ေငြမစုျဖစ္တဲ့ အေၾကာင္းအရင္းရဲ႕ ေနာက္ကြယ္မွာေတာ့ အသုံးၾကမ္းျခင္း (သို႔) လက္ဖြာျခင္းပါပဲ။ ဆိုလိုသည္မွာ လိုအပ္သည္ထက္ပိုမိုသုံးစြဲၿပီး ႏွေမွ်ာလိုသည့္စိတ္ မရွိျခင္းျဖစ္တယ္။ ဥပမာ ေဈးဝယ္ရင္ ေဈးဆစ္ရမွာကို တြန႔္ဆုတ္မႈ (သို႔) မလုပ္ခ်င္မႈ၊ အားနာတတ္မႈ၊ သူငယ္ခ်င္းအေပါင္းအသင္းနဲ႔ ေတြ႕ ၿပီး ဆိုင္ထိုင္ရင္ မိမိတစ္ဦးထဲ ေငြရွင္းေပးမႈ၊ မလိုအပ္ပဲ သနားၿပီး ရက္ရက္ေရာေရာ ေပးကမ္းတတ္မႈ (အလႉအ တန္းမွအပ)၊ က်သင့္သည့္တန္ဖိုးထက္ ေဈးပိုေပးဝယ္ယူမႈ၊ မလိုအပ္တဲ့ ပစၥည္းမ်ား ဝယ္ယူမႈ၊ ေငြ
ကုန္လမ္းဆို လက္မတြန႔္တတ္မႈ၊ ၿခိဳးၿခံေခြၽတာျခင္းမရွိမႈ စတဲ့ မလိုအပ္ပဲ ပိုမိုသုံးစြဲတတ္တဲ့အက်င့္ရွိေနသေ႐ြ႕ ေငြစုဖို႔ခက္ခဲေနမွာအေသအခ်ာပါပဲ။ ဒါေၾကာင့္ဒီလို အက်င့္ကို ေဖ်ာက္ဖ်က္ပစ္သင့္ပါတယ္။ သင့္အေနနဲ႔ ဒီလိုအက်င့္ မ်ိဳးရွိပါက ေငြဘယ္ ေလာက္ဝင္ဝင္ ေငြေတြျပန္ထြက္ဖို႔မခက္ပါဘူး။
အတတ္ႏိုင္ဆုံး ေငြ အေခ်းအငွား မလုပ္ပါနဲ႔။
လူတိုင္း ပိုက္ဆံေခ်းငွား လုပ္ဖူးၾကမယ္ထင္ပါတယ္။ မ်ားေသာအားျဖင့္ မိမိတို႔နဲ႔ ရင္းႏွီးကြၽမ္းဝင္ေသာ လူေတြနဲ႔ သာ အေခ်းအငွားလုပ္ၾကေလ့ရွိပါတယ္။ ဒါ့အျပင္လည္း မိမိတို႔အသိရဲ႕ အသိ (တစ္ဆင့္ခံ) ေခ်းတာ လဲရွိၾကတယ္။ အထူးသျဖင့္ေတာ့ ေခ်းငွားျခင္းကို အတတ္ႏိုင္ဆုံး (အေရးေပၚ မျဖစ္မေနအေျခအေနမ်ားမွအပ) ေခ်းေစလိုပါတယ္။
ေခ်းငွားတဲ့ ပမာဏ ဟာလည္း မိမိထံမွ ရာႏႈန္းျပည့္ မေခ်းမိဖို႔လိုပါမယ္။ ဥပမာ မိမိမွာ ေငြတစ္ေသာင္းရွိပါက အမ်ားဆုံး သုံးေထာင္ (သို႔) ေလးေထာင္ သာေခ်းသင့္ပါတယ္။ တစ္ဖက္တြင္လည္း မိမိသုံးစြဲဖို႔အတြက္ ခ်န္ထားရမွာျဖစ္လို႔ အကုန္လုံးနီးပါးေခ်းခဲ့လွ်င္ ေခ်းသူက မျပန္ဆပ္ႏိုင္သည့္အခါ မိမိလည္း အက်ပ္႐ိုက္တတ္ပါတယ္။
ေနာက္ထပ္ သတိထားဖို႔က မိမိတို႔ နာမည္ နဲ႔ တစ္ဆင့္ခံ (ပြဲစား) အေနနဲ႔ အေႂကြး မယူမိဖို႔လိုပါမယ္။ အကယ္၍ ေခ်းခိုင္းသူက အေႂကြးျပန္မဆပ္ေတာ့သည့္အခါ မိမိအေနနဲ႔ မိမိအမည္ခံ ယူထားေပးလို႔ မိမိတို႔ ျပန္ဆပ္ေပးရမယ့္ ကိန္းဆိုက္ ေနတတ္ပါတယ္။
ဒါ့အျပင္ မိမိနဲ႔ မသိ မေတြ႕ ဖူးေသာ အြန္လိုင္းကေနလည္း ေငြး အေခ်းအငွားမလုပ္ၾကဖို႔လိုပါမယ္။ သိထားရမွာက မိမိအေနနဲ႔ ေငြေပးေခ်းထားပါက ျပန္ေတာင္းဖို႔ ဝန္မေလးပါနဲ႔ မိမိေငြမ်ားကို ေပးထားလို႔ အားနာရမယ့္ကိစၥမဟုတ္ပါ။ ရက္သတၱပတ္အခ်ိန္ေရာက္လာသည္နဲ႔ သတိေပးၿပီး ျပန္ေတာင္းဖို႔လိုပါမယ္။
အထက္ပါအခ်က္ေတြက ေငြစုဖို႔ အတြက္ သိထားသင့္ တဲ့ နည္းလမ္းေတြျဖစ္ပါတယ္။ မိမိအေနနဲ႔လည္း အျခားေသာ ထိေရာက္တဲ့နည္းလမ္းမ်ားရွိပါကလည္း ဆက္လက္ က်င့္သုံးပါ။ ေငြရွာရတာ မလြယ္ပါ။ မိမိတို႔ရဲ႕ ကာယအား ဉာဏအား၊ ေခြၽး၊ အခ်ိန္၊ အ
ားစိုက္ထုတ္ရတဲ့ အခ်က္ေတြ နဲ႔ ရင္းၿပီးမွရလာတဲ့ အရာျဖစ္တဲ့အတြက္ေၾကာင့္ တန္ဖိုးထားသုံးစြဲၾကဖို႔ အေရးႀကီးလွပါတယ္။ မိမိတို႔အေနနဲ႔ ေငြကို တယုတယနဲ႔ သုံးစြဲမွလည္း ေငြက မိမိတို႔ကို ခင္မင္မွာျဖစ္တယ္။ ဒါေၾကာင့္ အားလုံး ေကာင္းမြန္တဲ့အနာဂတ္အတြက္ ေငြမ်ားကို စနစ္တက် စုေဆာင္းၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။
အထက္ကေျပာျပခဲ့ေသာ နည္းလမ္းေလးေတြက မခက္ခဲသလို ထင္သေလာက္ေတာ့ မလြယ္ကူပါဘူး။ ဒါေပမယ့္လည္း အရာရာကို စိတ္ကေဆာင္ေနမို႔ စိတ္နဲ႔ပဲထိန္းခ်ဳပ္ၿပီး သင္တို႔ရဲ႕ အနာဂတ္ကိုဖန္တီးႏိုင္ၾကပါေစ……
unicode
လူတိုင်းက ချမ်းသာချင်ကြပါတယ်။ ကြိုးလည်းကြိုးစားကြတယ်။ ဒါပေမဲ့ လူတော်တော်များများကို မေးကြည့်လိုက်ရင် ငါတစ်နေ့ချမ်းသာရမယ်လို့ပဲ ဖြေကြတယ်။ တိကျတဲ့ အဖြေတစ်ခုကိုမရဘူး။ တစ်နေ့ကြရင်ဆိုတော့ နောင်(5)နှစ် (10)နှစ်လဲ မသေချာပါဘူး။ ဒီလိုပဲ ကြိုးစားရင်းနဲ့အချိန်တွေကုန်သွားမှာပါပဲ။ ကိုယ်ကတကယ်အောင်မြင်ကြီးပွားချမ်းသာချင်ရင်တော့ တိကျတဲ့အဖြေတစ်ခုရှိဖို့ လိုပါတယ်။
၁။ ကိုယ်က ငွေပမာဏဘယ်လောက်ထိ ပိုင်ဆိုင်ချင်တာလဲ ဆိုတာသိရပါမယ်။
၂။ အဲ့ဒီငွေပမာဏကို ဘယ်အချိန်မှာပိုင်ဆိုင်ချင်တာလဲဆိုတာ သိရပါတယ်။
၃။ ကိုယ်လိုချင်တဲ့ငွေပဏနဲ့ အချိန်အတိုင်းအတာကို စာအုပ်ထဲမှာချရေးရပါမယ်။
၄။ ကိုယ်လိုချင်တဲ့ပမာဏနဲ့ အချိန်ကိုတွက်ပြီး ပထမနှစ်မှာဘယ်လောက်၊ ဒုတိယနှစ်မှာဘယ်လောက်ဆိုပြီး နှစ်အလိုက်ပြန်ခွဲရေးပါ။
၅။ (၁)နှစ်မှာဘယ်လောက်ရှာရမယ်ဆိုတာကို သိပြီဆိုတာနဲ့ ကိုယ်လက်ရှိအလုပ်နဲ့ဝင်ငွေက ထိုပမာဏကိုမရနိုင်ဘူးဆိုရင် ကိုယ်ကနောက်ထက် ထိုပမာဏကိုရနိုင်မဲ့အလုပ် ဝင်ငွေတွေကိုထပ်ပြီး ဖန်တီးရပါမယ်။
ဒါကြောင့် (၅)နှစ်အတွင်းမှာ အောင်မြင်ချမ်းသာချင်တယ်ဆိုရင် ကိုယ်လိုချင်တဲ့ငွေပမာဏနဲ့အချိန်ကို (၁)နှစ်စီ ခွဲချမ်းစိတ်ဖြာပြီး ချရေးပါ။
(၁)နှစ်မှာ ဘယ်လောက်ဝင်ငွေရှာရမယ်ဆိုတာကို သိတာနဲ့ လက်ရှိ(၁)လဝင်ငွေကမမှီဘူးဆိုရင် နောက်ထက်အလုပ်ပြောင်းဖို့နဲ့ အပိုဝင်ငွေရဖို့ကို ရဲရဲဝံ့ဝံ့နဲ့ ဆုံးဖြတ်ချက်ချရပါမယ်။မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်။
ပိုက်ဆံစုနည်းလေးတွေ ပြောပြပေးပါမယ်။ပိုက်ဆံသုံးခြင်း နည်းလမ်း အသွယ်သွယ်ဆို ပိုမှန်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံက စုရတာခက်တာ သုံးတာကျတော့ လျှပ်တပြက်အတွင်းမှာပင်ကုန်သွားတက်တယ်။ ဒါပေမယ့်လည်း ပိုက်ဆံကိုတော့ မစုဘဲနေလို့မရပါဘူး။ သာရေး နာရေး ဘဝနောင်ရေးအတွက် မျှော်ကိုးပြီး စုထားရမှာပါ။ အခုဆိုရင်တော့ သာရေးထက် ကျန်းမာရေးအတွက် မဖြစ်မနေစုထားရတော့မှာပါ။ ယနေ့ခေတ်ကြီးမှာ မတ်တပ်စာကိုပဲ ရှာနိုင်ဖွေနိုင်ကြပါတယ်။ တုံးလုံးလှဲပြီးနေရမယ့်အခါ ဆေးကုဖို့ ငွေကို မရှာနိုင်ကြသေးပါဘူး။ ဒါကြောင့် ဝင်ငွေ အနည်းအများကနေပဲ အသက်ဆက်ဖို့ ငွေစုကို စုရမှာပါ။ ဘယ်လိုတွေစုကြမလဲ ။
တစ်ချို့ကျတော့ ငွေဝင်စရာမြင်နေရင် ကိုယ့်မှာရှိတဲ့ ပိုက်ဆံကို ကြိုသုံးလေ့ရှိပါတယ်။ ဒါဟာ မကောင်းသော နည်းလမ်းလို့ဆိုချင်ပါတယ်။ တကယ်တမ်း ရမယ့်ငွေဝင်လာတဲ့အခါလည်း ထပ်သုံးမိတက်ကြပါတယ်။ အဲတော့ ကိုယ့်မှာရှိတဲ့ ငွေလည်းကုန် ဝင်လာတဲ့ ငွေလည်း ထပ်ကုန်ဖြစ်တက်ပါတယ်။ တစ်နှစ်အတွင်း ပိုက်ဆံ များများစားစား စုမိစေမယ့် နည်းလမ်းတွေနဲ့ ငွေစုလို့ရမယ့်နည်းလေးတွေ ပြောပြပေးလိုက်ပါတယ်။
တစ်ဆင့်ချင်းစုနည်း…
အခု ဒီနည်းလမ်းကတော့ သီတင်းပတ်တစ်ပတ်ချင်းစီ ပိုက်ဆံစုရမှာ ဖြစ်ပါတယ်။ တစ်နှစ်ကို သီတင်းပတ် ၅၂ ပတ်ရှိတော့ ၅၂ ခါ စုရမှာပေါ့။ ပထမဆုံး စစုတဲ့အပတ်မှာ ၅၀၀ ဒါမှမဟုတ် ၁၀၀၀ နဲ့ စတင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ပတ်ထက်တစ်ပတ် ဆတိုးစုသွားရမှာဖြစ်ပါတယ်။ ပထမဆုံး အပတ်မှာ ၁၀၀၀ စုရင် နောက်တစ်ပတ် ၂၀၀၀၊ နောက်တစ်ပတ်ကျ ၃၀၀၀ …..အစရှိသလို ဆတိုး တိုးသွားရမှာပါ။ တစ်နှစ်ကုန်တာနဲ့ ၁၃၇၈၀၀၀ စုမိမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ပိုက်ဆံမသုံးဘဲ ပုံမှန်စုသွားမှ အဆင်ပြေမှာပါ။ တကယ်လို့ အပတ်တိုင်း ပိုက်ဆံမစုနိုင်ဘူးဆိုရင်လည်း စုမယ့်ပိုက်ဆံ ပမာဏကို တိုးပြီးလတိုင်း စုသွားတာမျိုး လုပ်နိုင်ပါတယ်။
သုံးတဲ့ပိုက်ဆံရဲ့ ရာခိုင်နှုန်းအလိုက် ပြန်စုတာ
ဒီနည်းလမ်းကတော့ ပိုက်ဆံ စုမိစေရုံတင်မကဘဲ ကိုယ့်ရဲ့အသုံးစရိတ် ဘယ်လောက်ရှိလဲဆိုတဲ့အချက်ကိုပါ တိတိကျကျ သိစေနိုင်မှာဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ ကိုယ်ဝယ်ယူမယ့်ပစ္စည်းတစ်ခုခု ဒါမှမဟုတ် ကိုယ့်စားမယ့် စားစရာတစ်ခုခုရဲ့ ၁၀ ပုံ၊ ၁ ပုံ(၁၀ ရာခိုင်နှုန်း)ကို စုထားဖို့ပါပဲ။ ဥပမာ ၃၀၀၀၀ တန် လက်ဆွဲအိတ်တစ်လုံး ဝယ်ပြီဆိုတာနဲ့ ၃၀၀၀၀ ရဲ့ ၁၀ ပုံ၊ ၁ ပုံဖြစ်တဲ့ ငွေ ၃၀၀၀ စုဖို့ပါပဲ။
အဲဒီနည်းလမ်းအရ တစ်လကို တစ်သိန်း သုံးတယ်ဆိုရင် တစ်နှစ်ကို ၁၂၀၀၀၀ စုမိမှာပါ။ တကယ်လို့ စုမိတဲ့ငွေကနည်းတယ်လို့ ထင်ရင်တော့ ပိုက်ဆံစုတဲ့ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း တိုးတာမျိုး လုပ်နိုင်ပါတယ်။ ဥပမာ ၃၀၀၀၀ တန် လက်ဆွဲအိတ် ဝယ်မယ်ဆိုရင် ၆၀၀၀(၂၀ ရာခိုင်နှုန်း)၊ ၉၀၀၀(၃၀ ရာခိုင်နှုန်း) စုနိုင်ပါတယ်။ ဒါဆိုရင်တော့ ပိုက်ဆံ ပိုစုမိမှာပါ။ Credit Card ရှိသူတွေကတော့ ဘဏ်နဲ့ ချိတ်ဆက်ပြီးသုံးတဲ့ပိုက်ဆံရဲ့ရာခိုင်နှုန်းကို အလွယ်တကူ စုနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ အနောက်နိုင်ငံတွေမှာပဲ ပိုတွယ်ကျယ်သေးတဲ့ ပုံစံတစ်ရပ်ဖြစ်ပါတယ်။
မကောင်းတဲ့အကျင့်အလိုက် ပိုက်ဆံစုမယ်
ခေါင်းစဉ်ဖတ်လိုက်ရင် နည်းနည်းရှုပ်သွားနိုင်ပါတယ်။ တကယ်တော့ မကောင်းတဲ့အကျင့် များလေလေ ပိုက်ဆံစုမိလေလေ ဖြစ်အောင် (ကိုယ့်စိတ်ကိုယ်ထိန်း) လုပ်တဲ့နည်းလမ်းပါပဲ။ တကယ်လို့ သင်က အလုပ်အမြဲနောက်ကျတတ်တယ်၊ ဒါမှမဟုတ် အိပ်ယာထတာ အမြဲနောက်ကျတယ်ဆိုရင် အဲဒီဖြစ်ရပ် တစ်ခုချင်းစီအတွက် ပိုက်ဆံစုရမှာပါ။
တစ်ခါ အိပ်ယာထနောက်ကျရင် ၁၀၀၀ ဒါမှမဟုတ် ၂၀၀၀၊ ၃၀၀၀ စုရမှာပါ။ စစချင်းမှာ ပိုက်ဆံနည်းနည်းနဲ့ စစုလို့ ရပေမယ့် နောက်ပိုင်းမှာ စုတဲ့ပိုက်ဆံပမာဏကို မလျှော့မိဖို့တော့ လိုပါတယ်။ အခုနည်းလမ်းအရ မကောင်းတဲ့အကျင့်တွေကို သတိပြုမိပြီးသား ဖြစ်သွားသလို မကောင်းတဲ့ အကျင့်တွေ မပြင်နိုင်သေးခင် ပိုက်ဆံစုမိပြီးသားလည်း ဖြစ်သွားမှာပါ။ အလုပ်နောက်ကျတိုင်း ပိုက်ဆံ ၁၀၀၀ စုမယ်ဆိုရင် တစ်နှစ်အတွင်း အလုပ်နောက်ကျတဲ့အကြိမ် (၅၀)ရှိမယ်ဆိုရင် ၅၀၀၀၀ စုမိပြီးသား ဖြစ်သွားမှာပါ.
လူတိုင်းပိုက်ဆံ စုချင်ကြပါတယ်။ လက်တွေ့ဖြစ်လာဖို့ ခက်ခဲပါတယ်။ တော်တော်များများက ပစ္စည်း အသစ်အဆန်းလေးတွေ ဒီဇိုင်းအသစ်အဆန်းလေးတွေ ပေါ်ပြီဆိုရင် အပြိုင်အဆိုင်ဝယ်ချင်ကြတာ သဘာဝပါ။ ပိုက်ဆံ စုမယ်စုမယ်ဆိုတာလည်း အပြောပဲရှိလက်တွေ့က အကောင်အထည် ဖော်ဖို့ ခဲယဉ်းတက်ပါတယ်။ နောက်ဖော်ပြပေးမယ့်နည်းလမ်းကတော့ ဈေးဝယ်တာကနေ စုမိမယ့်နည်းလေးတွေပါပဲ။
နည်းလမ်း (၁)
အရာအားလုံးကို ရေးချပါ။ သင်ဈေးဆိုင်မသွားခင်မှာ သင်လိုအပ်တဲ့ အရာတွေအားလုံးကို စာရင်းချရေးပါ။ ဈေးဆိုင် မသွားခင်ဝဝလင်လင် အစားစားသွားပါ။ ဗိုက်ဆာနေတဲ့ အချိန်မှာမုန့်တွေကို ပိုဝယ်တတ်လို့ပါ။
နည်းလမ်း (၂)
မိမိကိုယ်တိုင်ပြုလုပ်ပါ။ ဈေးကြီးကြီး ကော်ဖီတွေမုန့်တွေကို ဆိုင်မှာဝယ်စားမယ့်အစား ကိုယ်ကိုယ်တိုင် ဖန်တီးကြည့်ပါ။ ဒါကလည်း အဆင်ပြေစေမယ့်နည်းလမ်းလို့ထင်ပါတယ်။ ပျင်းတက်တဲ့သူတွေ အတွက်တော့ အသုံးမဝင်လောက်ပါဘူးနော်။ ဒါပေမယ့်မယ့် သင်ကိုယ်တိုင်စမ်းကြည့်ပါဦး။
နည်းလမ်း (၃)
ငွေသားအသုံးပြုပါ။ ATM Card တွေဆောင်သွားမယ့်အစား ငွေသားကို လိုအပ်သလောက်ပဲ ထည့်သွားပါ။
နည်းလမ်း (၄)
မကြာခဏညစာအပြင်ထွက်စားခြင်းကို ရပ်တန့်လိုက်ပါ။ ရုံးကပြန်တိုင်း ညစာ အပြင်ထွက်စားခြင်းဟာ ကုန်ကျစရိတ်အင်မတန်များစေပါတယ်။ တစ်လမှာ လစာထုတ်တဲ့ရက် တစ်ရက်လောက်သာ အပြင်ထွက်စားခြင်း ပြုလုပ်သင့်ပါတယ်။
နည်းလမ်း (၅)
နေ့လည်စာ ထမင်းဘူးထည့်ပါ။ နေ့လည်စာကို နေ့တိုင်းအပြင်ဝယ်စားခြင်းဟာ သင့်ကို ကုန်ကျစရိတ် များစေပါတယ်။ ဒါ့ကြောင့်နေ့လည်စာ ထမင်းဘူးထည့် သွားသင့်ပါတယ်။
နည်းလမ်း (၆)
သုံးရက်တာ စည်းကမ်းကို လိုက်နာပါ။ တစ်ခုခုဝယ်ချင်စိတ် ပေါက်လာရင် ပစ္စည်းမဝယ်ခင် သုံးရက်လောက်စောင့်ပါ။ သုံးရက်ကြာသွားတာတောင်မှ ဝယ်ချင်သေးတယ်ဆိုရင်တော့ ဝယ်လိုက်ပါ။ စိတ်ရှည်ရပါမယ်နော်။
နည်းလမ်း (၇)
ပိုက်ဆံစုရတဲ့ ရည်ရွယ်ချက်ထားရှိပါ။ ကားဝယ်ဖို့အိမ်ဝယ်ဖို့ အစရှိသဖြင့် ရည်မှန်းချက် တစ်ခုခုထားရှိပါ။ ရည်မှန်းထားတဲ့ ပစ္စည်းလေးကိုဝယ်နိုင်တဲ့နေ့မှာ အပျော်ရွှင်ဆုံး ဖြစ်မှာပါ။ ဒီအချက်လေးကို လိုက်နာပြီး ပိုက်ဆံလေးတွေကို များများစုနိုင်ပါစေ။
လိုအပ်မည့် အရာများအတွက်ဝယ်၊ မလိုအပ်မည့်အရာများအတွက်စု
လိုအပ်မည့်အရာများ ကိုဆိုလိုသည်မှာ မဖြစ်မနေ ကုန်ကျမည့်အရာများကို ဆိုလိုခြင်း ဖြစ်တယ်။ ဥပမာ ဝန်ထမ်းတစ်ယောက်ဆိုပါစို့၊ သူ့အတွက် ပုံမှန်ကုန်ကျမည့်အရာ တွေက တော့ စားစရိတ်၊ အိမ်ငှားစရိတ်၊ ရေးခ၊ မီးခ၊ သွားလာရေးအတွက် ကားခ (ယာဉ်ခ) နဲ့ ဆက်သွယ်ရေး ကုန်ကျစရိတ်(ဖုန်းခ၊အင်တာနက်ခ)တွေဖြစ်တယ်။ ဒီတော့ မိမိရတဲ့ လစာထဲမှ ထိုအသုံးစရိတ်ကိုတော့ မဖြစ်မနေသုံးရမှာဖြစ်လို့ ကျန်တဲ့ အပိုအလျှံကို တော့ အိတ်ထဲ စုမိဖို့လိုပါမယ်။ အပိုအလျှံငွေတွေကို မလိုအပ်တဲ့အရာ၊ မဝယ်ဘဲ နေလိုရတဲ့ ပစ္စည်းများ အတွက် မသုံးလိုက်မိဖို့လိုပါမယ်။ အရေးပေါ် ငွေလိုနေသည့် အချိန်များမှအပ မလိုအပ်တဲ့အရာတွေအတွက် ငွေ အကုန်မခံပါနဲ့။
၂၀ ရာခိုင်နှုန်း စည်းမျဉ်း
ဆရာတွေသင်ပေးခဲ့တဲ့ နည်းလေးကိုမျှဝေချင်ပါတယ်။ အဲ့တာက ဝင်ငွေ (၁၀၀)ကျပ် ရှိရင် ထို ဝင်ငွေ အကုန်လုံးကို မသုံးမိဖို့လိုပြီး ၂၀% (၂၀)ကျပ် ကိုတော့ မိမိထံတွင် ချန်ထားဖို့လိုပါမယ်။ ငွေစုဖို့အခက်အခဲဖြစ်နေသူများမှာတွေ့ရတဲ့အလေ့အထကတော့ ဝင်ငွေ နဲ့ထွက်ငွေ မမျှခြင်း ပြဿနာဖြစ်တယ်။ ဥပမာ ငွေကျပ် (၁၀၀၀) ဝင်လျှင် ထိုပမာဏထက် ကျော်လွန်သုံးစွဲခြင်းမှ ရပ်တန့်ဖို့လို
တယ်။ မဟုတ်ပါက မိမိဝင်ငွေထက် ပိုသုံးမိရင် အကြွေး တင်ဖို့ကိန်းဆိုက်ပါမယ်။ ဒါကြောင့် အနည်းဆုံး ၂၀% ကိုတော့ ချန်ထား ဖို့မမေ့ပါနဲ့။ ဖြစ်နိုင်ပါက မိမိရဲ့ တစ်နေ့တာပုံမှန်အသုံးစရိတ်ထက်ကျော်လွန် သုံးစွဲခြင်း မှဆောင် ကျဉ်ဖို့လိုပါမယ်။ ဒီလိုနည်းနဲ့ကျင့်သုံး ပါက လုံးဝပိုက်ဆံ ကျန်နေနိုင်မှာဖြစ်တယ်။
ငွေသုံးစွဲနိုင်သူတွေနဲ့ အပြိုင်မလိုက်ပါနဲ့
ခေတ်ကာလ အရ နာမည်ကြီး အမှတ်တံဆိပ်တွေ၊ ကုန်ပစ္စည်းအသစ်တွေ၊ ဈေးကြီးပေး ဝယ်ရတဲ့ပစ္စည်းတွေ အပြိုင်အ ဆိုင်ဝယ်နေကြတာကို တွေ့နိုင်ပါတယ်။ ငွေကြေး ပြည့်စုံတဲ့ အသိုင်းအဝိုင်း အတွက် ဈေးကြီး အမှတ်တံဆိပ်တွေ အသစ်ထွက်လာတိုင်း လက်မနှေးပဲ ဝယ်နိုင်ကြတယ်။ ဒါပေမယ့် အလည်အလတ် နဲ့အောက်ခြေလူတန်းစား များအတွက် ထိုသို့သော ပစ္စည်းတွေကို ဝယ်ဖို့ အချေးအငှားလုပ်ကြရ၊ ပိုက်ဆံကြိုစု ထားရနဲ့ လိုအပ်တဲ့အသုံးစရိတ်ထက် လိုချင်တဲ့အသုံးစရိတ်က ပိုနေရာ ယူထား တာကိုတွေ့နိုင်ပါ တယ်။
ဈေးကြီးသုံးနိုင်မှ လူရာဝင်မယ်၊ လူအထင်ကြီးမယ် လို့ မထင်သင့်ပါ။ တကယ်တော့ မိမိရဲ့အခြေအနေကို နားလည်ပြီး ထိုဈေးကြီး တဲ့ပစ္စည်းတွေအပေါ်မှာ အထင်ကြီးခံရဖို့အတွက်တစ်ခုနဲ့ ပိုက်ဆံကိုပုံအောမသုံး သင့်ပါဘူး။ ကိုယ့်ကိုယ်ကို တင်းတိမ်ရောင့်ရဲဖို့ လိုပါမယ်။ အတတ်နိုင်ဆုံး အကြွေး မထားဖို့လိုအပ်ပါမယ်။
ဝင်ငွေထွက်ငွေ စာရင်း ကျင့်သုံးပါ။
ပိုက်ဆံစုဖို့ အခက်အခဲဖြစ်ရတဲ့အကြောင်းအရင်းတစ်ခုကတော့ မိမိရဲ့ ဝင်ငွေ ထွက်ငွေ စာရင်းကိုလုပ်ဖို့မေ့တတ်ကြခြင်းပဲဖြစ်တယ်။
ထိုသို့သော စားရင်လုပ်တတ်တဲ့ အကျင့် လုပ်ထားပါက တစ်နေ့တာ ဘယ်လောက်ကုန်ကျသွားလဲ ဘယ်လောက် ထပ်သုံးသင့် ထပ်လျှော့သင့် သလဲဆို တာကို သိပြီး အထိန်းအကွပ် ဖြင့်လုပ်နိုင်မှာ ဖြစ်တယ်။ များသောအားဖြင့် လူအတော်များများက မိမိတို့ သုံးနေကျ ငွေပမာဏကို အကြမ်း ပြင်းသိထားပေမယ့် တစ်ချို့သော ရက်တွေ၊ လတွေမှာ ပုံမှန်ထက် အသုံး ပိုသွားနိုင်တယ်
ဒါကြောင့် ငွေအဝင်အထွက်စာရင်းကို စာရင်းပြုစုထားခြင်းဖြင့် မိမိအနေနဲ့ လာမယ့် ရက်တွေ၊လတွေမှာ ငွေကို ဆင်ဆင်ခြင်ခြင် သုံးစွဲနိုင်ပါမယ်။ ဒါ့အပြင်မိမိအနေနဲ့ ဈေးဝယ်တိုင်း အသုံးစရိတ်စာရင်းကို ကြိုတင်ဆွဲထားခြင်းဖြင့် မည့်မျှသာသုံးမည် မည်မျှသာ ဝယ်ခြမ်းမည့်စတဲ့ အချိန်အဆ လေးနဲ့ ကျင့်သားရစေမှာဖြစ်တယ်။
လက်မဖွာပါနဲ့။
ငွေမစုဖြစ်တဲ့ အကြောင်းအရင်းရဲ့ နောက်ကွယ်မှာတော့ အသုံးကြမ်းခြင်း (သို့) လက်ဖွာခြင်းပါပဲ။ ဆိုလိုသည်မှာ လိုအပ်သည်ထက်ပိုမိုသုံးစွဲပြီး နှမျှောလိုသည့်စိတ် မရှိခြင်းဖြစ်တယ်။ ဥပမာ ဈေးဝယ်ရင် ဈေးဆစ်ရမှာကို တွန့်ဆုတ်မှု (သို့) မလုပ်ချင်မှု၊ အားနာတတ်မှု၊ သူငယ်ချင်းအပေါင်းအသင်းနဲ့ တွေ့ ပြီး ဆိုင်ထိုင်ရင် မိမိတစ်ဦးထဲ ငွေရှင်းပေးမှု၊ မလိုအပ်ပဲ သနားပြီး ရက်ရက်ရောရော ပေးကမ်းတတ်မှု (အလှူအ တန်းမှအပ)၊ ကျသင့်သည့်တန်ဖိုးထက် ဈေးပိုပေးဝယ်ယူမှု၊ မလိုအပ်တဲ့ ပစ္စည်းများ ဝယ်ယူမှု၊ ငွေ
ကုန်လမ်းဆို လက်မတွန့်တတ်မှု၊ ခြိုးခြံချွေတာခြင်းမရှိမှု စတဲ့ မလိုအပ်ပဲ ပိုမိုသုံးစွဲတတ်တဲ့အကျင့်ရှိနေသရွေ့ ငွေစုဖို့ခက်ခဲနေမှာအသေအချာပါပဲ။ ဒါကြောင့်ဒီလို အကျင့်ကို ဖျောက်ဖျက်ပစ်သင့်ပါတယ်။ သင့်အနေနဲ့ ဒီလိုအကျင့် မျိုးရှိပါက ငွေဘယ် လောက်ဝင်ဝင် ငွေတွေပြန်ထွက်ဖို့မခက်ပါဘူး။
အတတ်နိုင်ဆုံး ငွေ အချေးအငှား မလုပ်ပါနဲ့။
လူတိုင်း ပိုက်ဆံချေးငှား လုပ်ဖူးကြမယ်ထင်ပါတယ်။ များသောအားဖြင့် မိမိတို့နဲ့ ရင်းနှီးကျွမ်းဝင်သော လူတွေနဲ့ သာ အချေးအငှားလုပ်ကြလေ့ရှိပါတယ်။ ဒါ့အပြင်လည်း မိမိတို့အသိရဲ့ အသိ (တစ်ဆင့်ခံ) ချေးတာ လဲရှိကြတယ်။ အထူးသဖြင့်တော့ ချေးငှားခြင်းကို အတတ်နိုင်ဆုံး (အရေးပေါ် မဖြစ်မနေအခြေအနေများမှအပ) ချေးစေလိုပါတယ်။
ချေးငှားတဲ့ ပမာဏ ဟာလည်း မိမိထံမှ ရာနှုန်းပြည့် မချေးမိဖို့လိုပါမယ်။ ဥပမာ မိမိမှာ ငွေတစ်သောင်းရှိပါက အများဆုံး သုံးထောင် (သို့) လေးထောင် သာချေးသင့်ပါတယ်။ တစ်ဖက်တွင်လည်း မိမိသုံးစွဲဖို့အတွက် ချန်ထားရမှာဖြစ်လို့ အကုန်လုံးနီးပါးချေးခဲ့လျှင် ချေးသူက မပြန်ဆပ်နိုင်သည့်အခါ မိမိလည်း အကျပ်ရိုက်တတ်ပါတယ်။
နောက်ထပ် သတိထားဖို့က မိမိတို့ နာမည် နဲ့ တစ်ဆင့်ခံ (ပွဲစား) အနေနဲ့ အကြွေး မယူမိဖို့လိုပါမယ်။ အကယ်၍ ချေးခိုင်းသူက အကြွေးပြန်မဆပ်တော့သည့်အခါ မိမိအနေနဲ့ မိမိအမည်ခံ ယူထားပေးလို့ မိမိတို့ ပြန်ဆပ်ပေးရမယ့် ကိန်းဆိုက် နေတတ်ပါတယ်။
ဒါ့အပြင် မိမိနဲ့ မသိ မတွေ့ ဖူးသော အွန်လိုင်းကနေလည်း ငွေး အချေးအငှားမလုပ်ကြဖို့လိုပါမယ်။ သိထားရမှာက မိမိအနေနဲ့ ငွေပေးချေးထားပါက ပြန်တောင်းဖို့ ဝန်မလေးပါနဲ့ မိမိငွေများကို ပေးထားလို့ အားနာရမယ့်ကိစ္စမဟုတ်ပါ။ ရက်သတ္တပတ်အချိန်ရောက်လာသည်နဲ့ သတိပေးပြီး ပြန်တောင်းဖို့လိုပါမယ်။
အထက်ပါအချက်တွေက ငွေစုဖို့ အတွက် သိထားသင့် တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ မိမိအနေနဲ့လည်း အခြားသော ထိရောက်တဲ့နည်းလမ်းများရှိပါကလည်း ဆက်လက် ကျင့်သုံးပါ။ ငွေရှာရတာ မလွယ်ပါ။ မိမိတို့ရဲ့ ကာယအား ဉာဏအား၊ ချွေး၊ အချိန်၊ အ
ားစိုက်ထုတ်ရတဲ့ အချက်တွေ နဲ့ ရင်းပြီးမှရလာတဲ့ အရာဖြစ်တဲ့အတွက်ကြောင့် တန်ဖိုးထားသုံးစွဲကြဖို့ အရေးကြီးလှပါတယ်။ မိမိတို့အနေနဲ့ ငွေကို တယုတယနဲ့ သုံးစွဲမှလည်း ငွေက မိမိတို့ကို ခင်မင်မှာဖြစ်တယ်။ ဒါကြောင့် အားလုံး ကောင်းမွန်တဲ့အနာဂတ်အတွက် ငွေများကို စနစ်တကျ စုဆောင်းကြပါလို့ တိုက်တွန်းချင်ပါတယ်။
အထက်ကပြောပြခဲ့သော နည်းလမ်းလေးတွေက မခက်ခဲသလို ထင်သလောက်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့်လည်း အရာရာကို စိတ်ကဆောင်နေမို့ စိတ်နဲ့ပဲထိန်းချုပ်ပြီး သင်တို့ရဲ့ အနာဂတ်ကိုဖန်တီးနိုင်ကြပါစေ……
crd