ေနေပၚမွာ ကမာၻၿဂိဳဟ္ ၁၄ လုံးစာ ပမာဏာ ျမင့္မားသည့္ ေလဆင္ႏွာေမာင္းႀကီး ေတြရွိခဲ့တဲ့ အာကာသျဖစ္ရပ္ဆန္း
ေနလုံးႀကီးေပၚက ေကာင္းကင္သို႔ က်စ္က်စ္ေတာက္ပူေနတဲ့ ပလတ္စ္မာအေငြ႕မ်ားတက္လာကာ ကမာၻၿဂိဳဟ္ ၁၄ လုံးစာပမာဏျမင့္တက္သြားၿပီး ကမာၻၿဂိဳဟ္အ႐ြယ္အစားမွ်အလုံးမ်ားခြဲထြက္ကာ ျပန္လည္ဆုတ္ခြာသြားပါတယ္။
ထိုထိတ္လန႔္ဖြယ္အျဖစ္အပ်က္ကို နကၡတၱေဗဒပညာရွင္မ်ား၊ အေပ်ာ္တမ္းပညာရွင္မ်ားနဲ႔ နကၡတၱဓာတ္ပုံဆရာမ်ားကပါ မ်က္ျမင္ေတြ႕ရွိခဲ့ၾကပါတယ္။
ေနစၾကဝဠာစနစ္ထဲမွာ အျမင့္ဆုံးျဖစ္ႏိုင္တဲ့ ေလဆင္ႏွာေမာင္းရဲ႕ပုံေတြကို နာဆာဆိုလာဒိုင္နမစ္ေစာင့္ၾကည့္ေရးစခန္းက ဖမ္းယူရရွိခဲ့ပါတယ္။
ဆိုလာေလဆင္ႏွာေမာင္းက ေနရဲ႕ ေျမာက္ဝင္႐ိုးစြန္းမွာ ျဖစ္ေပၚခဲ့ကာ ၃ ရက္ၾကာေအာင္ တည္ရွိေနခဲ့ၿပီး သံလိုက္ဓာတ္ေငြ႕တိမ္တိုက္အျဖစ္ ေလ်ာ့မသြားခင္ ၁၂၀,၀၀၀ ကီလိုမီတာေလာက္အထိ ကမာၻၿဂိဳဟ္ ၁၄ လုံးစာခန႔္ ျမင့္တက္သြားခဲ့ပါတယ္။
အဲဒီေနာက္ ဆိုလာေလဆင္ႏွာေမာင္းက ေလ်ာ့က်သြားကာ အာကာသထဲသို႔ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ပ်ံ႕ထြက္သြားပါတယ္။
ဒါေပမဲ့ ကြၽႏ္ုပ္တို႔ၿဂိဳဟ္ကေတာ့ ေလဆင္ႏွာေမာင္းရဲ႕သက္ေရာက္မႈကို ႀကဳံေတြ႕ရႏိုင္ဖြယ္မရွိဘူးလို႔ Space Weather က တင္ျပခဲ့ပါတယ္။
ေနေပၚကို ကမာၻၿဂိဳဟ္အ႐ြယ္အစားမွ်ရွိတဲ့ အရာေတြက်ေရာက္လာတာဟာ ငရဲကဲ့သို႔ထင္မွတ္ရဖြယ္ရွိေၾကာင္း နကၡတၱေဗဒပညာရွင္မ်ားက ေဖာ္ျပခဲ့ၾကပါတယ္။
“ကမာၻၿဂိဳဟ္ ၁၄ လုံးစာေလာက္ျမင့္တဲ့ ေလဆင္ႏွာေမာင္းတန္းႀကီးက ေနေပၚမွာ အေရာင္ေတြထြက္ၿပီး က်ေရာက္ေနခဲ့ပါတယ္” လို႔ နကၡတၱဓာတ္ပုံပညာရွင္’အန္ဒ႐ူမက္ကာသီ’က တြစ္တာမွာေဖာ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေနလုံးႀကီးဟာလည္း အလြန္လႈပ္ရွားေနခဲ့ၿပီး မ်က္ႏွာျပင္ေပၚမွာ ေနေျပာက္အနည္းဆုံး ၆ ခုျဖစ္ေပၚလာေၾကာင္း ယူေကအာကာသရာသီဥတုခန႔္မွန္းသူတစ္ဦးက ဆိုလိုက္ပါတယ္။
ဆိုလာမီးေတာက္မ်ားနဲ႔ ပလတ္စ္မာေပါက္ကြဲမႈမ်ားက ေနရဲ႕အေရွ႕ေတာင္ဘက္စြန္းရွိ ေနေျပာက္တစ္ခုမွာ လာမယ့္ရက္ပိုင္းအတြင္း ျဖစ္ေပၚႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။
အခုလက္ရွိမွာ ေနေပၚမွာ ဆိုလာေလမ်ား အျပင္းအထန္တိုက္ခတ္ေနၿပီး ေလထုအထက္ပိုင္းရွိ အေပါက္ႏွစ္ေပါက္ကေန ေလမ်ားထုတ္လႊတ္ေနပါတယ္။
ကမာၻ႔သံလိုက္စက္ကြင္းနဲ႔ ဆိုလာေလထိေတြ႕မႈကေန ဘူမိသံလိုက္မုန္တိုင္းမ်ား ျဖစ္ေပၚလာႏိုင္ေခ်ရွိေနပါတယ္။
Source: WION.
zawgyi
နေပေါ်မှာ ကမ္ဘာဂြိုဟ် ၁၄ လုံးစာ ပမာဏာ မြင့်မားသည့် လေဆင်နှာမောင်းကြီး တွေရှိခဲ့တဲ့ အာကာသဖြစ်ရပ်ဆန်း
နေလုံးကြီးပေါ်က ကောင်းကင်သို့ ကျစ်ကျစ်တောက်ပူနေတဲ့ ပလတ်စ်မာအငွေ့များတက်လာကာ ကမ္ဘာဂြိုဟ် ၁၄ လုံးစာပမာဏမြင့်တက်သွားပြီး ကမ္ဘာဂြိုဟ်အရွယ်အစားမျှအလုံးများခွဲထွက်ကာ ပြန်လည်ဆုတ်ခွာသွားပါတယ်။
ထိုထိတ်လန့်ဖွယ်အဖြစ်အပျက်ကို နက္ခတ္တဗေဒပညာရှင်များ၊ အပျော်တမ်းပညာရှင်များနဲ့ နက္ခတ္တဓာတ်ပုံဆရာများကပါ မျက်မြင်တွေ့ရှိခဲ့ကြပါတယ်။
နေစကြဝဠာစနစ်ထဲမှာ အမြင့်ဆုံးဖြစ်နိုင်တဲ့ လေဆင်နှာမောင်းရဲ့ပုံတွေကို နာဆာဆိုလာဒိုင်နမစ်စောင့်ကြည့်ရေးစခန်းက ဖမ်းယူရရှိခဲ့ပါတယ်။
ဆိုလာလေဆင်နှာမောင်းက နေရဲ့ မြောက်ဝင်ရိုးစွန်းမှာ ဖြစ်ပေါ်ခဲ့ကာ ၃ ရက်ကြာအောင် တည်ရှိနေခဲ့ပြီး သံလိုက်ဓာတ်ငွေ့တိမ်တိုက်အဖြစ် လျော့မသွားခင် ၁၂၀,၀၀၀ ကီလိုမီတာလောက်အထိ ကမ္ဘာဂြိုဟ် ၁၄ လုံးစာခန့် မြင့်တက်သွားခဲ့ပါတယ်။
အဲဒီနောက် ဆိုလာလေဆင်နှာမောင်းက လျော့ကျသွားကာ အာကာသထဲသို့ ပုံစံအမျိုးမျိုးဖြင့် ပျံ့ထွက်သွားပါတယ်။
ဒါပေမဲ့ ကျွန်ုပ်တို့ဂြိုဟ်ကတော့ လေဆင်နှာမောင်းရဲ့သက်ရောက်မှုကို ကြုံတွေ့ရနိုင်ဖွယ်မရှိဘူးလို့ Space Weather က တင်ပြခဲ့ပါတယ်။
နေပေါ်ကို ကမ္ဘာဂြိုဟ်အရွယ်အစားမျှရှိတဲ့ အရာတွေကျရောက်လာတာဟာ ငရဲကဲ့သို့ထင်မှတ်ရဖွယ်ရှိကြောင်း နက္ခတ္တဗေဒပညာရှင်များက ဖော်ပြခဲ့ကြပါတယ်။
“ကမ္ဘာဂြိုဟ် ၁၄ လုံးစာလောက်မြင့်တဲ့ လေဆင်နှာမောင်းတန်းကြီးက နေပေါ်မှာ အရောင်တွေထွက်ပြီး ကျရောက်နေခဲ့ပါတယ်” လို့ နက္ခတ္တဓာတ်ပုံပညာရှင်’အန်ဒရူမက်ကာသီ’က တွစ်တာမှာဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေလုံးကြီးဟာလည်း အလွန်လှုပ်ရှားနေခဲ့ပြီး မျက်နှာပြင်ပေါ်မှာ နေပြောက်အနည်းဆုံး ၆ ခုဖြစ်ပေါ်လာကြောင်း ယူကေအာကာသရာသီဥတုခန့်မှန်းသူတစ်ဦးက ဆိုလိုက်ပါတယ်။
ဆိုလာမီးတောက်များနဲ့ ပလတ်စ်မာပေါက်ကွဲမှုများက နေရဲ့အရှေ့တောင်ဘက်စွန်းရှိ နေပြောက်တစ်ခုမှာ လာမယ့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
အခုလက်ရှိမှာ နေပေါ်မှာ ဆိုလာလေများ အပြင်းအထန်တိုက်ခတ်နေပြီး လေထုအထက်ပိုင်းရှိ အပေါက်နှစ်ပေါက်ကနေ လေများထုတ်လွှတ်နေပါတယ်။
ကမ္ဘာ့သံလိုက်စက်ကွင်းနဲ့ ဆိုလာလေထိတွေ့မှုကနေ ဘူမိသံလိုက်မုန်တိုင်းများ ဖြစ်ပေါ်လာနိုင်ချေရှိနေပါတယ်။
Source: WION.